ခြင်္သေ့ဟာ ခြင်္သေ့လိုမနေတဲ့ မြို့။.
လူကိုလူလို့မမြင်တဲ့ လူတွေနဲ့ မိုးမျှော်တိုက်တွေ ထိုးထိုးထောင်နေတဲ့ မြို့။.
...
ပလီပလာနိုင်ငံရေးနဲ့ ရေညစ်ကို ပြန်စစ်သောက်နေရတဲ့ မြို့။.
အဖြူကိုမှလူထင်ပြီး ရေတူမြေတူကိုလူလို့မထင်ချင်
ဒီဇင်ဘာကို နှင်းအတုနဲ့ ကြိုရတဲ့ မြို့…။.
ကျောက်ရုပ်လို မျက်နှာပေးတွေ ဆပ်ဝေးထဲမှာ ငိုင်နေလှုပ်နေတဲ့ မြို့။.
သူဌေးနဲ့ အလုပ်သမားကြား ယုံကြည်မှုပျက်ပြားနေတဲ့ မြို့။.
လင်ဝေးသားဝေးတွေကို ဖုန်းထဲမှာ တွေးပျော်နေတဲ့ မြို့။.
မြို့ခံလူကြီးတွေ ညစာစားပွဲတောင်မလိုက်ဘူးဆို
လိုမြေတွေအတွက် သူတစ်ပါးဘဝတွေကို ချနင်းမြေဖို့နေတဲ့ မြို့။.
ချစ်သူကိုလွမ်းကြောင်း ပီဖင်းဂိုးပြီး အခန်းဖော်ငနဲသစ်နဲ့ဖက်အိပ်ေ
ကျေးဇူးကြွေးဆပ်ဖို့ဆိုပြီး
အေ၊ ဘီ၊ စီ၊ ဒီ မရေလည်တဲ့ ပါးကွက်ကြားလေးကို သူနာပြုနဲ့ အိမ်ဖော်လုပ်ဖို့ လိမ်ခေါ်တဲ့ မြို့။.
ကျေးဇူးကြွေးကို ဘဝပေါင်ပြီးဆပ်မယ့် သားသမီးလင်မယားတွေ ညညထငိုနေတဲ့မြို့။.
သား၊ သမီးနဲ့ ဇနီးလိုတာတွေပို့နိုင်ပြီး အနမ်းနဲ့ပြုသောအချစ်တွေပြန်
ကိုယ့်အပူကိုယ်သိမ်းပြီး မွေးမြေအပူတွေကို ငွေစကြေးစမျက်စိမှိတ်လှူကြတ
နောက်ဆုံးပေါ်ဖုန်းပေါ်မှာမို
ဘဝမေ့တဲ့ အမျိုးကောင်းသားနဲ့သမီးတွေရ
အဲဒီမြို့ကို ဆွမ်းတော်တင်ကြည့်ဖူးတယ်
အဲဒီကနေ ငါပြန်ခဲ့ရတယ်။ အဲဒီမှာ ငါ့သူငယ်ချင်းတွေ ကျန်ခဲ့တယ်။.
အဲဒီမှာ ငါ့သူငယ်ချင်းတွေရှိတယ်။ အခု……………..
အဲဒီမြို့ဟာ ငါ့ သူငယ်ချင်းတွေရဲ့ချွေးနဲစာန
စိမ်းခက်စိုး
(ဗုဒ္ဓဟူးနေ့) နိုဝင်ဘာ ၁၆၊ ၂၀၁၁.
နံနက် - ၁၂း ၁၇ နာရီ.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနှင်းဆီ သိစေချင်လို့ရှဲလိုက်တာပါ..
ငထွဋ်