ယုတ္တိမရှိတဲ့ ဘာသာပြန်တွေဆို တော. ဘာသာပြန်တွေ ရေးတဲ့ဘလော့ဂ်ဂါ အကိုတွေ အမတွေကမေတ္တာ ပို့နေဦးမယ်၊၊ဆက်ဖတ်ကြပါ ခင်ဗျာ၊၊
ကဲ စ ပြီ ဗျို့၊၊
------------------------------------------------------------
ဘာသာပြန်တွေ ဌားဖတ်ဖူးတယ် တချို့ဟာတွေက ဗမာအသိနဲ့ လုံးဝကိုအဓိပ္ပာယ် မရှိဘူး၊၊ ဒီက လုပ်ရပ်တွေ နဲ့မှ မတူတာ ။ ယုတ္တိမရှိဘူး လို့ ပြောလို့ရတာပေါ့ ။
ကဲ နမူနာ လေး ပြောပြ မယ်၊၊
" ပီတာသည် ကားကြီးကို ဓာတ်ဆီဆိုင်ရှေ့ တွင်ထိုးရပ်လိုက်၏ ၊၊ ဆိုင်အတွင်း မှ အသက် (၂၀) ခန့် ကောင်လေး ၁ ယောက် ပြေးထွက်လာ ပြီှးှ ဆီဖြည့်ကောက် ကိုကိုင်၍ ဓာတ်ဆီဖြည့်ပေးလေ၏ ၊၊ တခြားတစ်ယောက် က ငွေများကို သိမ်းရင်း စာရင်းလုပ်နေ သည်" တဲ့၊၊
မဖြစ်နိုင်ဘူး.....ကိုယ်တွေ နိုင်ငံက ဓာတ်ဆီဆိုင်မှာ မန်နေဂျာ (၁) ယောက် ၊ လ/ထ မန်နေဂျာ (၁) ယောက်၊ ဆီဖြည့်လုပ်သား (၃) ယောက် ၊ လုံခြူံရေးလုပ်သား (၁) ယောက် ။ ၆ယောက်ရှိတာတောင် ဆီဖြည့်ပေး မဲ့လူမရှိဘူး။ ငွေပေးခါ နီးရင် လဲခောင့်ရသေးတယ်။ ဒီတော့ နှစ်ယောက်တည်းနဲ့ ဓာတ်ဆီဆိုင်ကြီး ကိုရောင်းနေ တယ် ဆိုတာ လုံးဝ ကိုယုတ္တိမရှိပါဘူး။
ကြုံလို့ပြော တာနော်...လျှာရှည်တယ်လို့တော့ မထင်နဲ့နော် ။
ရန်ကုန် မှာတုန်းက အိမ်မှာ ဗိုက်ပူ ၁ စင်းရှိတယ်။ အဲ့ဒီ ကား CNG ဂတ်စ် သွားထည့်ရင် လိုက်သွားရတယ် ။
ည ၇ နာရီက တန်းစီရင် မနက်ဆို၃ နာရီ လောက် မှပြီး တယ်။ အဲ... ဒါပေမဲ့ ဘုရား တရား တော့ မြဲတယ် ဗျ မီးမပျက် အောင် လို့ ဆုတောင်းရတာ မီးပျက်လို့ကတော့ ဘဝပျက် ရော...။ ခြင်က လဲ ကိုက် တာ မှ ပုလဲဆိပ်ကမ်းကို ဗုံးကြဲသလိုပဲ... အဲဒီ ဒုက္ခ တွေ ပြီးတော့ ဆိုင်ထဲရောက် တော့ ကိုယ်တော် တွေက ကွမ်းစားလိုက် ရေသောက်လိုက် အနားကိုရောက်မလာဘူး ၊၊ အလိုက်တသိနဲ့ ၂၀၀ တန် ၁ ရွက် ထုတ်ပေး လိုက်မှပဲ အဆင်ပြေသွားတော့တယ် ၊၊ ကိုယ်ကလဲ အိပ်ချင် နေပြီ်ကိုး ။ ဒွတ်ခ ဒွတ်ခ :)
ကိုယ်တွေစီမှာ ဒီလောက် ခက်ခဲတဲ့ဟာကို နိုင်ငံခြားမှာ နှစ်ယောက်တည်းနဲ့ ဓာတ်ဆီဆိုင်ကြီး ကိုရောင်းနေ တယ် ဆိုတာ လုံးဝ ကိုယုတ္တိမရှိပါဘူး။ :P
ဒါ တမင် သက်သက် သူ့နိုင်ငံကို အထင်ကြီး အောင် ရေးထား တာ ပဲဖြစ်ရမယ်။
အဲဒါကြောင့်ပြောပါတယ် ဘာသာပြန်တွေက ယုတ္တိမရှိ ပါဘူးလို့၊၊ :)
မှတ်ချက်။ ။ ဆရာ ကံချွန် နှင့် ကျွန်တော် တစ်ယောက်တစ်ဝက် ရေးသည် ၊၊
လေးစားစွာဖြင့်
ကိုထွဋ်
၂၁.၁၁.၂၀၁၁
21 January 2011
20 January 2011
မ...
စကားလေးတစ်ခွန်ပဲ...နားလည်တယ်..
ဖြည့်ဆည်းပေးမယ်...
မရဲ့စိက်ကြိုက်..ဘဝကိုသာ
ပြင်ဆင်ဖို့...ကြိုစားဆဲ
အားလုံးသိ..နှင့်ပြီးရက်နဲ့
ဘာကြောင့် နှိပ်စက်လိုတယ်
မောင်..မျက်ရည်ကျမှ
မကပျော်နိုင်မှာလား
မ.... အပြစ်မြင်နေတုန်းလား
ရှင်းပြခွင့်ပေးပါ
ဒီလိုမျိုးနေ့လို..
ထပ်ပြီး ကျွှန်တော်ကိုမနှိပ်စက်ပါနဲ့တော့
ကျွန်တော်..မရဲ့အလိုတိုင်းအကျ
ခွင့်လွှတ်ပါတော့ကွာ...
မ..အပြူံးများရှင်သန်ခြင်းအတွက်
တကယ်..အရေးကြီးနေလို့ပါ
ပြောင်းလဲသွားတဲ့..ငါ့ကိုငါ့ အံ့သြမိတယ်
လွန်ကဲခဲ့ဖူးတဲ့..စိတ်တွေဟာ..
ခံနိုင်ရည်များအတွက်ပဲ
မ....နဲ့ချစ်တဲ့ရလဒ်အတွက်
နောက်ဆုံး..ကြေကွဲရမယ်..
ကြိုပြီးတော့မကို မစွန့်လွှတ်နိုင်ပါတယ်
မ.... အပြစ်မြင်နေတုန်းလား
ရှင်းပြခွင့်ပေးပါ
ဒီလိုမျိုးနေ့လို..
ထပ်ပြီး ကျွန်တော်ကိုမနှိပ်စက်ပါနဲ့တော့
ကျွန်တော်..မရဲ့အလိုတိုင်းအကျ
ခွင့်လွှတ်ပါတော့ကွာ...
မ..အပြူံးများရှင်သန်ခြင်းအတွက်
တကယ်..အရေးကြီးနေလို့ပါ
မ.... အပြစ်မြင်နေတုန်းလား
ရှင်းပြခွင့်ပေးပါ
ဒီလိုမျိုးနေ့လို..
ထပ်ပြီး ကျွန်တော်ကိုမနှိပ်စက်ပါနဲ့တော့
ကျွန်တော်..မရဲ့အလိုတိုင်းအကျ
ခွင့်လွှတ်ပါတော့ကွာ...
မ..အပြူံးများရှင်သန်ခြင်းအတွက်
တကယ်..အရေးကြီးနေလို့ပါ
မကိုလွမ်းလို့ပါ......
လေးစားလျက်..
ကိုထွဋ်
၁၀.၀၁.၂၀၁၁
10 January 2011
08 January 2011
နေ့လည်စာ
နေ့လည်စာမှာ
တချို့ကတော့... Buffet စားမယ်
တချို့ကတော့...Set menu စားမယ်
တချို့ကတော့...a la cart စားမယ်
တချို့ကတော့...အသုတ်၊မုံ့ဟင်းခါး စသည်ဖြင့် စားမယ်
တချို့ကတော့...ဟိုတယ်မှာ စားမယ်
တချို့ကတော့...စားသောက်ဆိုင်မှာ စားမယ်
တချို့ကတော့...လမ်းဘေးဆိုင်မှာ စားမယ်
တချို့ကတော့...ထမင်းဘူးလေးဖွင့် စားမယ်
တချို့ကတော့...FOC တောင်းဆို စားမယ်
တချို့ကတော့...ဝယ် စားမယ်
တချို့ကတော့...လု စားမယ်
တချို့ကတော့...တောင်း စားမယ်
ငါကတော့
ခပ်ညံညံ....လမ်းဘေးက
ခေါက်ဆွဲကြော် တစ်ပွဲကို....ဝယ်စားရင်း
ရေတစ်ဘူးနဲ့.......
ကျိတ်မှိတ်မြိုချမိလေသည်။
ကိုထွဋ်
၀၈.၀၁.၂၀၁၁
မှတ်ချက်။ ။ ပေါထားခြင်းဖြစ်သည်။
ကျေးဇူးတင်ပါသည်
Subscribe to:
Posts (Atom)
