08 March 2012

ပေးစာ

သို့

အဘ ကျုပ် ငထွဋ်လေဗျာ။ သတိရတယ်ဗျ အမေတို့ကော နေကောင်းရဲ့လား။ အမေကတော့ ကောင်းမှာပါ သူကဒေါင်ဒါင်မြည်ကြီးကိုး။ညီတွေ ညီမတွေကော နေကောင်းရဲ့လား။ အိမ်က ညိုမောင်နဲ့မဲမှောင် ညီအကိုကော နေကောင်းရဲ့လား။ကျုပ်တော့ နေကောင်းတယ်ဗျ။

အခုကျုပ်က မလေးရှားနားက တိုင်းပြည်မှာ ရောက်နေပြန်ပြီဗျ။ စင်ကာပူဆိုတာ ကြားဖူးတယ်ဟုတ်။ ရေလည် မိုက်တယ်ဗျာ။ တိုက်တွေကလဲ ဟီးလို့ ရွာမှာ အမြင့်ဆုံးဖြစ်တဲ့ ရွားဦးကျောင်းထက်တောင် မြင့်သေးသဗျ။ ကျုပ်မှာတော့လေ ရောက်စက မျက်စိ သူငယ် နားသူငယ်ကို ဖြစ်လို့။ အင်္ဂလိပ်လိုကလဲ ရက်စ် နိုးပဲ ရသကိုးဗျ။ခုတော့များတော့လဲ တရုတ်တွေနဲ့တော့ ပြိုင်ပြောနိုင်ပြီဗျ။ အိုနာကျိုးပဲ့ချင်းပြောတယ် နားလည်သပေါ့ဗျာ။ သူက နေကောင်းလားလို့မေးရင်။ အပြင်က ပြန်လာပီလို့တော့ ဖြေနိုင်ပီဗျ။

အခု ကျနော် လုပ်နေတာ ဆိပ်ကမ်း ကုန်တင်ကားမောင်းတယ်ဗျာ။ အထင်မသေးနဲ့နော်။ လစာက ကောင်းတယ်ဗျ။ ပြောရဦးမယ်။ ပိုက်ဆံကလေးက ရှိလာတော့ ပစ္စည်းအသစ် အဆန်းလေးတွေ လိုချင်လာသဗျာ။ အခုတလော့ နာမည်ကြီးနေတာ အိုင်ဖုန်းတဲ့။  ခုသူက အိုင်ဖုန်း ၅ ထိထွက်လာပတဲ့။ အဘကတော့ နားလည်မှာ မဟုတ်ပါဘူး။ဆက်ဖတ်ဗျာ ဟုတ်ပလား။ သူက အဘမြင်ဖူးတဲ့ စီဒီအမ်အေလို ခြင်းဖုန်းလို မဟုတ်ဘူး။ ဂဏန်းတွေလဲ မပါဘူး။ မှန်ကို နှိပ်လိုက်တာနဲ့ရသဗျား။ပြန်လာမှ အဘတို့ကို ပြဦးမယ်။ ဖြေးဖြေးတော့ နှိပ်နော်။ နောက်တစ်ခုက အိုင်ပတ် တဲ့ဗျာ။ အဘတို့လို ရေအိုင်ကို ပတ်တာကို ပြောတာ မဟုတ်ဘူးနော်။ သူက ကျောက်သင်ပုန်းလိုပဲ ဒါပေမဲ့ ရုပ်ရှင်ကြည့်လိုရတယ် ဂိမ်းကစားလို့ရတယ်ဗျ။ ပြောလဲ  နားလည်မှာမှ မဟုတ်တာ။ ပြန်လာမှ အေးမေ အတွက် ဝယ်လာခဲ့ဦးမယ်။

အေးမေကိုလဲ ပြောလိုက်ပါဦး ကျုပ်သတိရတယ်လို့ဗျာ။ အရမ်းသတိရတယ်လို့ ကျုပ်ကိုလဲ စောင့်နေပါဦးလို့။ ပြန်လာမှ ဒါ့ပုံတွေရိုက်ပီး ဖေ့ဘုတ်ပေါ်တင်ဦးမှ။ အော်... အဘက ဖေ့ဘုတ်ကို ဘယ်သိမလဲ။ဖေ့ဘုတ်ဆိုတာ ရိုးမတောထဲ ဝင်ရသလိုပဲဗျ။ အားလုံးဟာ မာယာတွေနဲ့ပြည့်နှက်နေတယ်။ သူယောင်မယ်လဲ ရှိတယ်။ ဇော်ဂျီလဲရှိတယ်။ နိုင်ငံေ၇းသမားလဲ ရှိတယ်။ဖာလဲ ရှိတယ်။အကုန်ရတယ်။ ဒါပေမဲ့ အဲဒါက ကမ္ဘာအတုဗျာ။ အကုန်၇ှိတဲ့ ကမ္ဘာ အတု။ နားရှုပ်သွားပီလား။ ထားလိုက်ပါတော့။

အမနဲ့ ကျနော့်ညီနဲ့ညီမကိုပြောလိုက်ပါဦး။ ပြန်လာမယ်ဆို ဘိလပ်ထညက်ဝယ်လာမယ်လို့။အေးမေ အတွက်က မှန်နိုင်လွန် ဝယ်လာမယ်လို့။ အခု မှန်နိုင်လွန်တွေခောတ်စားနေတယ်လေ။ ပိတ်စရှည်ရှည်လဲ ဝယ်လာမယ်။ ကျနော့် ညီမ ညိုမြလဲ ရွာဘုရားပွဲကြရင် အဲဒီပိတ်စ ကိုယ်ကိုပတ်သွားလို့ရတယ်။ အဲဒါ ဖက်ရှင်အသစ်ပဲဗျ။ညီကြက်တော အတွက်ကတော့ မန်ယူး အသင်းအင်္ကျီ ဝယ်လာမယ်လေ။ မြန်မာပြည်မှာ ပိတ်သတ်များတယ် မဟုတ်လား။ညိုမောင်နဲ့မဲမှောင် အတွက်တော့ ရန်ကုန်ကျ မှဝယ်ပေးတော့မယ်.

အဘအတွက်တော့ Playboys မက်ဂဇင်း ဝယ်လာမယ်။ အမ မသိအောင်တော့ ဝှက်ထားပေါ့။ အမအတွက်ကတော့  ရေမွှေး ဝယ်လာမယ်လေ။ ဘု၇ားပွဲမှာ လန်းလို့ရတော့ပေါ့။

ကဲ စကားကောင်းနေတာ အဘရေ။ ထမင်းချက်ဖို့ပြင်လိုက်ဦးမယ်။

အဘ ၏ ချစ်လှစွာသောသား..
စီနီယာ သာဂိ


လေးစားလျက်။
ငထွဋ်
 

9 comments:

မဒမ်ကိုး said...

သာဂိကိုအထှာညိရရင်တော့ ဗျာပါမိနေတဲ့ပုံး))

ဂျာရစ်

လက်ဝဲ said...

အဘ အတွက်.. ပလေးဘွိုင် မဂ္ဂဇင်း ဝယ်ပေးမယ့် အာဂ သား ရဲ့ စာကို ဖွင့်ဖတ်သွားတယ်.. ဟဟ

လမ်းဆုံက ဂျမ်းဘုံ said...

အကုန်ရတယ်ဆိုတဲ့ ကမ္ဘာအတုကို လမ်းကြုံရင် ဂျမ်းဘုံကို ပြောပြခဲ့အုံးနော် ...

ညိမ်းနိုင် said...

သားလေး....အဘအတွက် ပလေးဘွိုင်း တင်မက
ဟို နိုင်ဂျီးရီးယားဆိုလား အဲ့အားဆေးပါဝယ်ခဲ့ကွယ့်နော်........

Candy said...

အဘအတွက်က ပလေးဘွိုင်းဆိုပဲ။ ဟဟဟဟ

blackroze said...

အေးရာအေးကြောင်းနေ နေတဲ့
အဘကို ပလေးဘွိုင်း နဲ့
ပြသာနာသွား၇ှာနေတယ်

မောင်သီဟ said...

မောင်ဘကြိုင်အတွက်လည်း ပလေးဘွိုင်းတအုပ်လောက်ဗျို့ ဝယ်ခဲ့နော်း)

မအိမ်သူ said...

အဲဒီ ကမ္ဘာအတုကြီးထဲ ပိတ်မိနေတာကြာပေါ့..း(

အဘတို့ရွာလဲ မကြာခင် မလေးအရှားနားက ဆင်ကားပူလို ဖြစ်လာတော့မယ်လို့ ပြောတာပဲလေ... နက်ဖန် သို့မဟုတ် ဘယ်သောခါ....

ကကလ said...

အဘလည်းအိုက်ပက်ချင်တာတော့ မြေးရယ်။ ပက်ပါရစေ