*၁ ။ ပါးစပ်သေနက် *
*မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ -- သမီးရည်းစား ဘ၀မှာ သိပ်မသုံးတက်ကြဘူး ။
အိမ်ထောင်ရှင်ဖြစ်မှ ထုပ်သုံးကြ တာ -- တစ်အိမ်လုံးကိုစက်သေနက်နဲ့ မွှေသလို
မွှေတက်ကြတာ ။ အိပ်ရင်တောင် ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တက် ကြတာ ။ တစ်ရေးနိုး
ထပစ်ရင်တောင် ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် ) *
* *
*
၂။ မျက်စောင်း *
*အဲဒီ မျက်စောင်းက အမျိုးမျိုးရှိတယ် ။ မူကွဲတွေပေါ့ အချစ်မျက်စောင်း ၊ အမုန်းမျက်စောင်း ၊ ရောစွပ်မျက်စောင်း ၊ ---- (ရောစွပ်မျက်စောင်း ဆိုတာအရေးကြီးတယ် -- ဘာသာပြန်မှန်ဖို့လိုတယ် ။ ချစ်သလိုလို မုန်းသလိုလို
ဘာကြီးမှန်းကို မသိတဲ့ မျက်စောင်းမျိုးလေ - ဘာသာပြန်များ အကောက်လွဲလို့ကတော့
(တတိယ လက်နက်စာမိသွားမယ် )*
* *
*
၃။ လက်ဝါး ၊ လက်သီးဆုပ် ၊ လက်ဝါးစောင်း - တွေပဲ*
*သူကလည်း မူကွဲတွေများတယ် ၊ လက်ဝါးပြရင်နှစ်မျိုးတွေးလို့ရတယ် ( မဟော်သဓာ ဇာတ်တော်နဲ့ တစ်မျိုးတွေး ) လက်သီးဆုပ်ပြရင်လည်း နှစ်မျိုးတွေးလို့ရတယ် -- အဲ -- လက်သီးဆုပ်ကြီးနဲ့ ကိုယ့်ရင်ဘက်ကြီးကို ဖွဖွလေးလာထု ရင်တော့ - -
တစ်မျိုးတည်းသာတွေးလိုက်တော့ - - အိုကေ -- ပြေလည်ပြီလို့မှတ် အဲဒီ
လက်သီးဆုပ်လေးကို ဖမ်း - ပြီး ဖွဖွလေးသာ နမ်းလိုက် -- -- ရဲရဲသာလုပ် -- --
အာမခံတယ် -- -- အဆင်ပြေလိမ့်မယ် ။*
* *
*
၎။ ရင်ဘက်စည်တီး အော်ကြီးဟစ်ကျယ် လုပ်တက်ခြင်း*
*အဲဒီ လက်နက်ကလည်း ကြောက်စရ်ာတော်တော် ကောင်းတယ် ။ အရှက်ဟက်တတ်ကွဲစေမဲ့ လက်နက်
( နျူးက - လီးယားလက်နက်ထက်ပြင်းတယ် ) *
* *
*
၅။ မျက်ရည်လေ -- မျက်ရည် လက်နက် *
*ဒါနောက်ဆုံးလက်နက်ပဲ မျက်ရည်ယို ဗုံးခွဲတက်သေးတာ မျတ်ရည်လေ -- မျက်ရည်
ဘာပေါသလဲမမေးနဲ့ သူ့ကို မနိုင်တော့ဘူးဆိုရင် မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့
လုပ်ပစ်လိုက်ကြတာ သွားရော -- အကုန်ကြွေပေတော့ --
လူပါပေါင်ပေးချင်စိတ်ပေါက်သွားလိမ့်မယ် -- ဒါမှမဟုတ် ဘေးက ကိုယ့်ကို
ဝိုင်းရိုက်ချင်စိတ် ပေါက်သွားစေနိုင်တယ် *
* *
*( ကဲ -- အဲဒါက ယောက်ျားတွေ ဂရုစိုက်ရမဲ့ မိန်းမလက်နက် (၅)ဖြာပဲ ----- )
ဖေ့ဘုတ်ကပါ။ ကိုမင်မင်းကျော်ရင် ဆီက မလာတာပါ..ကျေးဇူးပါအကို..
ကိုထွဋ်
၂၆.၀၆.၂၀၁၁
12 comments:
E...........ကြောက်စရာပါလား....၊ပထမဆုံးလက်နက်နဲ့
တင် ကိုယ်တွေတော့တပ်လန်သွားဘီ...။ငါ့ညီတို့ပဲ ဒီတိုက်
ပွဲကိုဆက်တိုက်ရစ်ကြပေတော့...:)))
နောက်ဆုံး က လက်နက်ကြီး ပဲ သူထွက်လာရင် ပွဲသိမ်းပြီ ဘာနဲ့  ခုခံလို့  မရ
ဒီလက်နက်တွေကိုပဲ..သူတို့ပဲချစ်ခဲ့ကြပြီးတော့..
နေနှင့်ဦး..အိမ်ကလူကိုပြန်မေးလိုက်ဦးမယ်..
ဘယ်လက်နက်ကိုပိုကြောက်သလဲလို့..ဟဟဟ
ခင်တဲ့
ချစ်ခြင်းအလကာင်္
နောက်ဆုံးလက်နက် အကြောက်ဆုံးပဲ...ဟိ ဟိ...ကျန်းမာပျော်ရွှင်ပါစေ...
ယောက်ျားတွေရဲ့ အမြင်ကတ်စရာကောင်းတာလေးတွေကိုလည်း ရေးအုံး
အကိုလဲ မှတ်ထားအုံးနော်....:):)
မကြောက်ပါနဲ့ မိုးပေါ်ထောင်ပစ်တာပါ။း)
ခင်မင်လေးစားလျက်
မကြာက်ပါနဲ့မ စည်သူအကျီ ချွတ်လိုက်တာ ရေချိုးမလို့ပါ
လက်နက်က ငါးဖြာထဲလားကိုထွဋ်ရယ်။ နဲသေးတာပေါ့။ ဒီ့ထက်ပိုအုံးမယ် ထင်ပါတယ် .. :P
မောင်မျှစ်ကော... ဘယ်လက်နက်တွေထိနေပြီတုန်း..... ဟီးဟီး
ရေးသားပုံလေးတွေ သဘောကျတယ်။ လက်နက် ၅မျိုးအတွက် ကြိုတင်ရှောင်တိမ်းနိုင်မည့် နည်းဗျူဟာလေးတွေ သင်ထားအုံးနော်း)
ပျော်ရွှင်ပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
super like :D
Post a Comment