15 May 2011

လွဲချက်ကယ်နာ ( အပိုင်း -၁)

အကျနုပ်သည် ဘလော့များ လိုက်လံဖတ်ရှုရင်း ကိုယ်တိုင်ဘလော့ဂါဖြစ်ချင်လာသဖြင့် ဘလော့တခုအားဖွင့်၍ ဘလော့ဂင်းနေခဲ့လေ၏၊ ထို့သို့ ဘလော့ဂင်းရင်း အချိန်အနည်းငယ် ကြာမြင့်သောအခါ ဘလော့ဂါများနှင့် သိကျွမ်းဝင်လာခဲ့လေသည်။

ထိုအထဲမှ ဘလော့ဂါ တစ်ဦးသည် အလွန်ရေးနိုင်၏၊ တစ်နေ့တွင် တူးပို့ (သင်္ကြန် မဟုတ်ပါ) မက ရေးနိုင်၏။ ရေးလိုက်သမျှကိုလည်း နှုတ်ခမ်းနီဆိုးရသော ကောင်မလေးများသာမက နှုတ်ခမ်းမွှေးရိတ်ရနှုတ်ရသော ကျနုပ်တို့ ပုရိသများပင် ကြိုက်နှစ်သက်ကုန်၏။အလွမ်းဝတ္ထုလည်း အရေးကောင်းသူဖြစ်၏။ သူ၏ ဟစ်ကောင်တာ(Hit counter)တွင် တနေ့ကို လူအရာက် နှစ်ရာကျော် ဖတ်၏ ။ဖဘတွင်လည်း အယောက်တစ်ရာတွင် ၈၀ မှာမိန်းကလေးပရိသတ်များဖြစ်လေ၏။ အံသြ ဖွယ်ပါတကား။အကျနုပ်သည် ထိုလူအားခင်မင်ချင်စိတ်ဖြစ်ပေါ်သော ကြောင့် သမင်တော့ တွင်အပ်၍ စကားစမြည်ပြောဆိုသောအခါ ကျနုပ်နှင့်သူသည် တနိုင်ငံထဲတွင် နေထိုင်ကြသည်ကိုတွေ့ ရှိခဲ့လေသည်။ ထိုမှတဆင့် ကျနုပ်တို့ အပြင်တွင်တွေ့ဆုံကျလေသည်။ကျနော်တို့ နှစ်ယောက်ကို မိတ်ဆက်ရလျှင်


သူ၏နာမည်သည် ရဲလတ် ဟုခေါ်၏။ ကျနော်သည်ကား မင်းထွဋ်ခ ဟူ၍ဖြစ်သည်။သူသည် အင်မတန် ညုနုသော စာများကို ရေးသော်လည်း ရည်းစားတယောက်မျှပင် အပြင်လောကတွင် မထားဘူးချေ။ အဘယ်ကြောင့် ဆိုသော် သူ၏ ရုပ်ရည်ကြောင့်ဖြစ်၏။ အနည်းငယ် ပုံဖော်ပြရသော် သူတွင် ဘယ်လို ဆီလိမ်းလိမ်း ပုံမကျသော တံမြက်စည်း သဖွယ် ဆံကေသာရှိ၏ ။ မျက်နှာမှာ မည်း၍ အဆီပြန်ကာ ဝက်ခြံရှိကာ ဂေါ်လီလုံးကဲ့သို ပြုးသောမျက်လုံး ပေါက်တူးရိုးနှင့်တူသောနှာခေါင်း အတန်ငယ်ပြဲသော ပါးစပ်နှင့် ဝဖိုင့်သောခန္ဒာကိုယ်ရှိ၏။

ကျနောမှာမူ အလွန်အမင်းမချောစေကာမူ ကြည့်ကောင်းသော ရုပ်ရည်နှင့် တောင့်တင်းသောခန္ဒာကိုယ်ရှိ၏ ။ ကျနော်တို့သည်ရုပ်ရည် အလွန်ကွာခြားသော်လည်း အလွန်အမင်းခင်ကြသည်။ ရှေးဘဝကရေစက်လားတော့မသိပေ။ထို့ပြင် ယခုခေတ်သည် အွန်လိုင်းခေတ်ဖြစ်သည့်အားလျှော်စွာ သူတွင် အွန်လိုင်းရည်းစားရှိသည်။ သို့သော်ကြာကြာမခံချေ သူ၏ဓာတ်ပုံကို ကောင်မလေးဆီ ပို့ပြီးသည့်နေ့မှစ၍ ကောင်မလေးဘယ်တော့မှ အွန်လိုင်းမလာတော့ချေ။
သူသည်အဲလိုဖြစ်လေ သူ၏စိတ်ကူးများထဲမှ စိတ်ကူးစိတ်သန်းများအားလုံးသည် ဝတ္ထုထဲတွင် ဝင်ရောက်ကာ ဇာတ်ကောင်များမှာ အတိုင်းထက်အလွန်ပြီးပြည့်စုံကြကုန်လေ၏ ။ ဘလော့လောကတွင် ရေးလိုက်သမျှအလွမ်းဝတ္ထုများမှာလည်း ဘလော့ပရိသတ်များကြားတွင် အလွန်ရေပန်းစား၏်။ စာဖတ်သူများကိုယ်တိုင် သူ၏ဇာတ်ကောင်နေရာတွင် ဝင်ရောက်ခံစားသွားစေလေသည်။ စိတ်ကူးယဉ်တတ်သော ကောင်မလေးများမှာ စာရေးဆရာ ကိုယ်တိုင်မှာလည်း ဝတ္ထုထဲမှ မင်းသားများကဲ့သို့ပင် ချောမော လှပမည်ဟုထင်ကြကုန်လေ၏။



ဆက်ရန်..............


ကိုထွဋ်
၁၅.၀၅.၂၀၁၁

7 comments:

ညိမ်းနိုင် said...

အော်...ငါသိဘီ...ရဲလတ်ဆိုတဲ့သူကို...၊ဟို...အလင်းစက်ဆိုလား၊အမှောင်လုံးဆို
လား...အဲ့ဘလော့ဂါမှတ်လား...:D

Anonymous said...

ကိုလက်လား....မြန်မြန်လုပ်သိချင်တယ်....

Angelhlaing(May everybody be happy and healthy! said...

ဘယ်သူများပါလိမ့်နော်....သိချင်လှပြီ...:):)

...အလင်းစက်များ said...

အေးကွာ အဲသည် ဘလော့ဂါဘယ်သူပါလိမ့်....ဆက်ရေးပါဟ သိချင်လို့ ။ ဟဲဟဲ... ကိုရဲထွန်းဇော်များလား...... ။ သေချာပါတယ် အဲ့သည်လူပဲနေမှာ..။ ကိုယ့်ကိုယ်ကိုကျ တောင့်တင်းသော ခံဒါကိုယ် ရှိ၏တဲ့ တော်တော်တရားကျဖို့ ကောင်းတဲ့ ဆာထွဋ်....။

မှတ်ချက်။.......။ အပေါ်ဆုံးစာပိုဒ် ၂ ပိုဒ် ထပ်နေသည်..။ (ဟဲဟဲ.... ရေးချင်ဇောများနေပုံရ၏)

ကထွဋ် said...

မနေ့က ကော်နက်ရှင်ကလုပ်တာ

နေ၀သန် said...

:)... တယ်ထူးဆန်းပါလား... သိချင်လာပြီ....း))

ခင်မင်လျက်
နေ၀ဿန်

ခနွဲ said...

သို့ဖြစ်၍ကား...ဆက်ရန်ကို မျှော်နေတော့သည်။