24 May 2011

မုန်းတယ်....




မုန်းတယ်...

လူတွေကို ကျနော် မုန်းတယ်.......

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျနော်နဲ့ မိသားစုက ရွာမှာနေတယ်။ ရွာမှာနေတော့ လုပ်ကိုင်စားသောက်ရတာ သိပ်အဆင်မပြေဘူး။ တဝမ်းတခါးတော့ လှပါတယ်။
ဒါပေမဲ့ ကျနော်က ပိုတိုးတက်ချင်တယ်။ ရွာမှာနေရင် တောသား ဘဝနဲ့ပဲပြီးမှာလေ။ မြို့မှာကပိုလဲ ခေတ်မှိတယ် သာလဲသာယာ တယ်လို့ ကြားဘူးတယ်။ မိန်းမ ကတော့ ရွာကနေ ခွဲပြီးတော့ မသွားချင်ဘူး၊ ဒါပေမဲ့လဲ ကျနော်က သွားမယ်ဆိုတော့ လိုက်လာပါတယ်။ ခလေးနှစ်ယောက်လဲပါတာပေါ့။

အဲဒါနဲ့ ကျနော် တို့မြို့ကိုရောက်လာကျတယ်။ သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ သူကကူညီတာနဲ့ သူဌေးတစ်ယောက်အိမ်မှာ နေဖို့ရတယ်။ကျနော်ကော ကျနော် မိသားစုကောပေါ့။ သူတို့တွေက ကျနော် တို့ပေါ် အရမ်းကောင်းတယ်။ သူဌေးရဲ သားအကြီးဆုံးလဲ ဆိုရင် အပြင်ကပြန်လာတိုင်း ကျနော်တို့ဖို့ ဆိုပြီး မုန့်တွေ ဝယ်ဝယ် လာလေ့ရှိတယ်။ သူဌေးကလဲ ချစ်တော့ အလိုလိုက်ကျတယ်။ ဒါပေမဲ့ သူတိုတွေ့ ညရောက်တိုင်း စုထိုင်ပြီး အဲဒီ အလုပ်ကို လုပ်ကျတော့တာပဲ.... သူဌေးကအစ သူ့မိန်းမ ၊ ကလေး၊ တွေကလဲ အဲဒီအရာကို စွဲစွဲမြဲမြဲလုပ်ကြတယ်။ ကြာတော့ ကျနော်တို့ သည်းမခံနိုင်တော့တာနဲ့ နောက်တစ်နေရာ ပြောင်းဖို့ဆုံးဖြတ်လိုက်ကျတယ်။

ဒီလိုနဲ့ကျနော်တို့ နောက်တစ်အိမ်မှာသွားနေတယ်။ အဲဒီအိမ်က မချမ်းသာပေမဲ့ စိတ်ကောင်းရှိကြတယ်။ လင်မယား နှစ်ယောက်ပဲရှိတယ်။ ကျနော်တို့မိသားစုကိုလည်းကျွေးမွေးပါတယ်။ ဒါပေမဲ့ ညရောက်ရင် သူဌေးမိသားစုလုပ်တဲ့ အလုပ်ကို သူတို့လုပ်ကြသေးတယ်။ အတူတူပဲ နေ့စဉ်ရက်စက်ကိုလုပ်ကြတာပါပဲ။ကျနော်တို့မိသားစုလည်း သည်းညည်းခံပါသေးတယ် ၊ ကြာတော့မရတော့ဘူး၊ စိတ်ကုန်လာတာနဲ့ပဲ နောက်တစ်အိမ်ထပ်ပြောင်းဖို့ စဉ်းစာမိတယ်။ ဒီတစ်ခါတော့ ကျနော် သေချာ စဉ်းစားရတော့မယ်။မိန်းမကလည်း အိမ်တွေ ခဏခဏ မပြောင်းချင်တော့ဘူးလို့ပြောနေပီ။ အာာာာ ရပြီ ။

အဲဒီလူက နာမည်ကြီးစာရေးဆရာ သူက သနားကြင်နာတတ်တယ်လို့လဲကြားတယ်။ ကျနော် မျှော်လင့်ထားတဲ့ အတိုင်းပဲ သူကျနော်တို့ကိုတွေ့တော့ ကြိုဆိုပါတယ်။ စားစရာတွေ နေစရာတွေလဲပေးတယ်။ အဲဒါနဲ့ကျနော်နေလာတာ တစ်ပတ်လောက်ကြာတော့ သူလဲ ထူးမခြားနားပဲ ညတိုင်း အထက်က လူတွေအတိုင်း တသွေ မတိမ်းလုပ်တယ်။

အခုတော့ကျနော်ရွာပြန်ပြီ။ မိန်းမကလဲ ပျော်နေတယ် အမျိုးတွေနဲ့ တွေ့ရတော့မှာမို့။အမျိုးတွေကလဲ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ဒါပေမဲ့ ရွာမှာလဲ အထက်ကလူတွေလို လုပ်တာပဲ။ အဲဒီအချိန်ကျ ကျနော်က အမျိုးတွေ ဆီမှာသွားနေလိုက်တယ် နားညီးသက်သာအောင်ပေါ့

ဘာလုပ်ကြတယ်လိုက ခင်ဗျားတို့ထင်သလဲ။အဲဒါကဘာလဲ ဆိုတော့ ညညကျရင် ထိုင်ပြီး ညည်းတာပဲ တခါတလေကျတော့ နေ့လည်ပါမကျန် ညည်းတာ။ စီးပွားရေးမကောင်းဘူး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ညည်းတာပဲ၊

ခင်ဗျားတို့ စဉ်းစားကြည့်ပါ ။ ကျနော်က ခို တစ်ကောင်ပါ ။ ကျနော် မိသားစုကလဲ ခို တွေပါပဲ။ ဒါပေမဲ့ ကျနော် တို့ခိုတွေက မညည်းရဘဲ သူတို့လူတွေကချည်း ညည်းနေတယ်။ သှူုတို့မှာ ဆိုရိုးစကားတောင် ရှိသေးတယ်။ “နင်တို့ကလည်း ညည်းလိုက်တာ ခို ကျနေတာပဲ”တဲ့။ တကယ်တော့ ခင်ဗျားတို့လူတွေကမှ ကျုပ်တို့ထက်ပို ညည်းတယ်။။။

အဲဒါကြောင့် ကျနော် လူတွေကိုမုန်းတယ်.....

မှတ်ထားဗျ ခင်ဗျားတို့လူတွေက ကျူပ်တို့ထက်ပိုညည်းတယ်......

ကိုထွဋ်
၂၄.၀၅.၂၀၁၁



9 comments:

မိုးယံ said...

အေး အဲဒါကြောင့် ငါတို့ကို အံတုပြီး ညည်းမယ့် ခို တွေကို ငါတို့က ချက်စားပစ်တာ.. ငါတို့လောက် ညည်းတဲ့လူ ကမ္ဘာမှာ မရှိစေရ။

Anonymous said...

What a poor pigeon!.That's true....men are doing it more than pigeons do nowadays:(
Gyidaw

ရဲထွန်းဇော် said...

အပိုင်း(၁)နဲ့ရပ်ထားပြီး ဘယ်လိုလုပ်ခိုဘက်ရောက်သွားတာလဲ

နေ၀ဿန် said...

း))... ဟားဟား.. ဖြစ်ရလေ... ခိုတောင် နေစရာမရှိတော့ဘူးနော်..း)))


ခင်မင်လျက်
နေ၀ဿန်

ညိမ်းနိုင် said...

အော်.....နင်က ခိုလား...:)
ဟုတ်တယ်....ညီရေ...ခိုတွေ ညစ်လောက်အောင် ကိုယ်တွေကလည်း ညည်း
မိတာကိုး...:(

Angelhlaing(May everybody be happy and healthy! said...

လုပ်ပြီအကိုကတော့ ..ပထမဖတ်နေရင်း လူထင်လို့ နောက်ဆုံးတော့ ခိုဖြစ်နေတာကိုးးးး:):)

စော(အဝါရောင်မြေ) said...

ခိုတွေညည်းဘို့  မကျန်တော့လို့ ကိုး ။ လူတွေကလည်း ဘုရား၊ တရားလေးလုပ်ပါ့လား။ အသံတိတ်။
:D

လရိပ်အိမ် said...

ညည်းအုံးမယ်။ ဒီတစ်လောစာရေးလို့မကောင်းဘူးဗျာ။

ခနွဲ said...

အော်...ဒီလိုပေါ့ဗျာ။ သူတို့က ညည်းနေတော့ ကိုယ်တွေတောင် ဘာလုပ်လို့ ဘာကိုင်ရမှန်း သိတော့မှာ မဟုတ်ဘူး။ သူတို့ထက် ပိုညည်းပြလိုက်ရင်ကော...