ဒီပို့စ် ဖြစ်ပေါ်လာပုံကိုကြည့်ရမယ်ဆိုရင် ထောက်လှမ်းရေးမှုး 007ပစ်ပစ်က အိုင်ကုနီကို တဂ်လူပ်ပီး တဆင့် စလုံးက တရုတ်မလေး အိုင်ကုနီက ကျနော်ကို တဂ်လိုက်ချင်းဖြစ်သည်။ အဲဒီတော့ ကိုညီရဲပြောသလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီ တော့ အဲလေ ဗျာ။
အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ......
ဘာလုပ်သလဲဟတ်လား။ စောင်ကိုခြေထောက်နဲ့ကန်ထုတ်တယ်။အနားမှာရှိနေတဲ့ လှုပ်လိုက်တာနဲ့အော်ဖို့ပြင်နေတဲ့ ကြောင်သုံးကောင်ကို ချစ်စနိုးနဲ့ ဆောင့်ကန်လိုက်တယ်။ :D ပြီးမှ ရေချိုးခန်းဝင်ဒယ်...
မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
ကြိုက်တာကတော့ ပဲပြုတ်ထမင်းကြော်နှင့်ကြက်ဥကြော်.. စားချင်လာပီ..
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
ဘိုင်ဆတ်ကျရု လို့ခေါ်တဲ့ ထမင်းဖြုနဲ့ဝက်သားကြော်။နေ့တိုင်းတော့ မနက်စာ မစားဖြစ်ဘူး။ အိပ်ရာထ အမြဲနောက်ကျလို့လေ။
နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
လူရှင်းတဲ့နေရာ အိမ်မှာပဲစားစား၊ဆိုင်မှာပဲစားစား လူရှင်းနေမှစားတာများတယ်။အဲတော့ တစ်ယောက်တည်းစားတာပေါ့။တစ်ခါတစ်လေတော့ ချစ်သူနဲ့အတူစားပါတယ်။ အများအားဖြင့်တော့ တစ်ယောက်တည်း လူရှင်းတဲ့နေရာမှာ စားပါတယ်။
အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ.....
အခု အစားချင်ဆုံးက အဖွားချက်တဲ့ ဝက်သားခရမ်းချဉ်သီးချက် ကိုတမ်းတနေတယ်။ အဲဒီဟင်းကို ကိုယ်တော်Big နဲ့ ကိုယ်တော် Small အိမ်ပေါ်ရောက်ကတည်းက မစားရတော့တာ အခုထိပါပဲ။နောက်တစ်မျိုးက ပိုက်ပိုက် မရှိစဉ်ကာလက (ခုလဲမရှိပါဘူးး) ) အမေ ချက်တဲ့ ကန်စွန်းရွက်ကြော်နဲ့ဘဲဥချဉ်ရည်ဟင်းပါ။ အခုတော့ နှစ်မျိုးလုံးစားခွင့်မရှိတော့ပါဘူး။ Both of them are passed away...
အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ.....
တစ်ခွက်။ အဲဒါကလဲ မနက် ဘရိတ်ဖတ်စ် မစားခင်သောက်ရတဲ့ အဆီကျတဲ့ကော်ဖီမစ်ပါ။ ဘာအရသာမှမရှိပါ။ နှာခေါင်းပိတ်၍ သောက်ရသည်။ ကိုယ်ပုံစံက လီယိုနာဒို ဒီကာပရီယို ဝိတ်တက်တဲ့ပုံဖြစ်နေတာကိုး။။း)
ညနေစာကိုဘယ်မှာစားတတ်ပါလဲ.....
အခန်းမှာ ပဲစားပါတယ်။ထမင်းကိုတော့ ဆိုင်ကဝယ်လာပြီး ကြက်ဥကြော်စားပါတယ်။ တစ်ခါတစ်လေ ဥပုပ် စောင့်ပါတယ်.
ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ......
ငါ ဝိတ်အမြန်ကျအောင် ဘယ်လိုလုပ်ရပါ့။ :D
အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်.....
ကျောင်းသွားရမှာပျင်းလိုက်တာ။ ကျောင်းပြေးရကောင်းမလား ဟု အမြဲတွေးသည်။အလုပ်ပြီး၍ပျော်ကာ စပိန်စကားပြောသင်တန်း သွားဖို့ပျင်းသောခံစားချက် ရှိသည်။
ဖိနပ်ချွတ် ပြီးတော့ ကြောင်တွေကို အစာကျွေးရဒယ်.. မကျွေးရင် အော်တာ နားကိုညီးရော်...
ဆိုင်ကဝယ်လာတဲ့ ထမင်းနဲ့စားဖို့ ကြက်ဥကြော်ရတယ်.. လက်ဖက်ရှိ လက်ဖက်သုပ်တယ်။
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား....
လုံးဝဥသုံ မသောက်ပါ။ ကော်ကော် သိပ်မကြိုက်ပါ။
ဘုရားမရှိခိုးပါ။ ချစ်တူနဲ့ဖုန်းပြောတယ်။ပြီးရင် ဖုန်းထဲက ဂိမ်းတွေကိုဆော့တယ်။ (ဖုန်းနှစ်လုံးထဲမှာ ဂိမ်းပေါင်း ၃၀ကျော်ရှိတယ်း)) အဲဒါတွေဆော့လို့ ညောင်းလာရင် အိပ်တယ်.
အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း.......
အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ......
ဖိနပ်ချွတ် ပြီးတော့ ကြောင်တွေကို အစာကျွေးရဒယ်.. မကျွေးရင် အော်တာ နားကိုညီးရော်...
ဒုတိယလုပ်မိတာလေး...
ဆိုင်ကဝယ်လာတဲ့ ထမင်းနဲ့စားဖို့ ကြက်ဥကြော်ရတယ်.. လက်ဖက်ရှိ လက်ဖက်သုပ်တယ်။
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား....
လုံးဝဥသုံ မသောက်ပါ။ ကော်ကော် သိပ်မကြိုက်ပါ။
ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ.....
ဘုရားမရှိခိုးပါ။ ချစ်တူနဲ့ဖုန်းပြောတယ်။ပြီးရင် ဖုန်းထဲက ဂိမ်းတွေကိုဆော့တယ်။ (ဖုန်းနှစ်လုံးထဲမှာ ဂိမ်းပေါင်း ၃၀ကျော်ရှိတယ်း)) အဲဒါတွေဆော့လို့ ညောင်းလာရင် အိပ်တယ်.
အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ......
လပ်တော့ထဲက လေရှုးသုန်သုန်လို ဂန္တာဝင် စာပေတွေကို ဖတ်လိုက်တာနဲ့ အိပ်မပျော်တဲ့ည ဆိုတာမရှိတော့ဘူး.. နှစ်မျက်နှာပဲ ဖတ်ရသေးတယ်.. အိပ်ချင်လာတော့တာပဲ :P
တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ.......
စိတ်ဓာတ်ကျရင်ပဲဖြစ်ဖြစ် ဒေါသထွက်ရင်ပဲ ဖြစ်ဖြစ် ပေါက်ကွဲပစ်ဖို့လိုလာပီလေ.. အဲတော့ ဂိမ်းတစ်ခုခုကို Easy ပေးပြီးတော့ ဆော့ပလိုက်တယ်။ အထူးသဖြင့် Counter Strike တို့ condition Zero တို့လို ပစ်ရခတ်ရတဲ့ဂိမ်းတွေပေါ့။ အကုန်ပစ်သတ်ပလိုက်တယ်။ ပြီးရင်တော့ေ၇တစ်ခွက်သောက်လို့ စဉ်းစားကြည့်တယ် ဘာလုပ်သင့်လဲလို့။ တခါတလေကျတော့ ကျနော့် ဘလော့ဂါ အကို နှစ်ဦးကို ရင်ဖွင့်ပါတယ်။
အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း.......
ဖုန်း၊ ပိုက်ဆံအတ်၊ အိမ်သော့ (အကုန်လုံးခဏ ခဏမေ့ပါတယ်) အိမ်သော့က အထူးသဖြင့်မေ့ပါတယ်.. :P
စလုံးက တရုတ်မလေး အိုင်ကုနီ လိုလဲ နားကြပ်လဲပါတယ်နော်..
မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသူ......
ကျနော့် ချစ်တဲ့သူတွေက ဒီလောကထဲမှာ မရှိတော့ပါဘူး.. ကျန်တဲ့မိသားစုဝင်တွေကိုတော့ ပုံမှန်ပဲသဘောထားပါတယ်။ :D
သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ......
တားရှစ်တူပေါ့ဗျာ.. ပြီးတော့ ဘလော့ဂါ အကိုတစ်ယောက်.. ဒါပါပဲ..
အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ.......
အလုပ်ထဲမှာဆိုတော့ တူတူလုပ်နေတဲ့ ရှစ်တူ ပေါ့ဗျာ.. သွပ် သွပ် သွပ် (ပေါလိုက်တာ). :D
ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု....
ကျနော့် ပစ္စည်းပေါ့ဗျာ (အဲလေ) ချစ်သူက ကျနော့် မွေးနေ့မှာ ဝယ်ပေးတဲ့ဖုန်း...
လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု.....
လက်ဆောငသိပ်မရဖူးပါဘူး.. ချစ်သူပေးတာကလွဲလို့။ နောက်အကိုတစ်ယောက်ပေးထားတာ တစ်ခုပေါ့။ အကြိုက်ဆုံးက အပေါ်ကပြောထားတဲ့ဖုန်းလေးပါပဲ။
ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ......
အမေရှိရင်တော့ အမေပေါ့။ အမေလဲ မရှိတော့၊ အဖွားလဲ မရှိတော့၊ အခုထိ အဲလိုလူမျိုးကို မတွေ့မိသေးပါခင်ဗျာ။ ကျနော်က ငယ်သေးတော့ နောက်ကျတော့များ တွေ့ကောင်းတွေ့မိပါရဲ့ဗျာ...
အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ......
လူတော်တော် များများရှိတဲ့ ဆန္ဓမျိုးပါပဲ ..
ကျနော် ထီပေါက်ချင်ပါတယ်..
အကိုရေးပြီးသွားပါပီ။ တဂ်ပို့စ်ရေးရတာ ပျော်ပါတယ်။ ကျနော့်ကို သတိတရ တဂ် လုပ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
မျှစ်
၀၇.၀၁.၂၀၁၂
11 comments:
မိုးလင်းလင်းချင်းစောင့်ကန်လိုက်တဲ့ ကြောင်သုံးကောင်
က ကြောင်မျိုး၊ကြောင်လတ်နဲ့ ကြောင်ဖြိုးလား.....:D
တားရှစ်တူ...တားရှစ်တူ....နဲ့....တားကိုးတူ ရောရှိဝူး
လားဟ.....:))))။ဟီးဟီး...စတာ...ဟိုကြောင်သုံးကောင်
ဖတ်မိရင်တော့ နာ့လာဆဲတော့မယ်...:P။ရေးပေးတာ
ကျေးဇူး...မျှစ်....။
တား ၈2 ဖတ်ရင်တော့ ပျော်သွားမှာပဲ
ထီပေါက်ချင်ရင် ထီထိုးပါ
ရေးမှရေးပါ့မလားလို့... ကိုထွဋ်ရေးရင် ရီရမယ်ဆိုတာ သိတယ်.. ဟိဟိဟိ...
မနက်နိုးကတည်းက ညင်ညင်သာသာပဲ... ကြောက်လိုက်တာ :P
င့ါညီက တယ်ဟုတ်ပါလား ကြောင်သုံးကောင်နဲ့ အတူတူ အိပ်တယ်ပေါ့... ကြောင်မလေးတွေလား ညီထွဋ်... ဟဲ... စတာနော် ညီ... ထီပေါက်ပါစေလို့ အစ်ကို ဆုတောင်းပေးလိုက်ပါတယ် ညီရေ...
သြော်.. ဘကြီးထွဋ်ကတော့ ကြောင်ဖြူများရှင်နဲ့တွေ့ရင်တော့ သူကြောင်တွေ ကန်ရကောင်းလားဆို ပြသနာတက်တော့မှာပဲ..... :) အလုပ်နည်းနည်းရှုပ်နေလို့ အလည်ခုမှ လာဖြစ်တော့တယ် ဘကြီးရေ...
ခင်မင်စွာဖြင့်
တူမောင်ထွဋ်
မင်းဝိတ်တွေ ငါ့ဆီပို့လိုက်စမ်းဘာာ လိုချင်လွန်းလို့း)))
စလုံးက တရုတ်မလေးပေါ့လေ ဟဟားး
အကိုရဲ့ အိပ်ပျော်ဆေးလေး သဘောကျတယ် :P:P
ထီပေါက်ရင် ညီမလေးကိုလဲ သတိရပါနော်အကို...:):)
အကိုရေ တနေ့တာလေးအကြောင်းလေးလာရောက်
ဖတ်သွားပါတယ်
ကိုမျှစ်ရေ
ရေးထားတာလေး
ဖတ်သွားကြောင်းပါ
စကားမစပ် ချစ်တူ
ဆိုတာဘယ်လိုတူလဲဟင်
သများမသိလို့ပါ
ဘလက်ရို့ဇ်ရေ.. ချစ်တူ ဆိုတာ သံရိုက်ရင် သုံးတဲ့ ဆိတ်ဂျိုတူထက် အများကြီးဆိုးပါတယ်.. ၂၄နာရီရှိ ၁၆နာရီ စောင့်ကြည့်နေတဲ့တူပေါ့ကွယ်.. ရှစ်နာရီက အိပ်နေလို့.. :P
ရှိရင်တော့ တိမှာပါ.. :D
Post a Comment