အကျနုပ်သည် ပြည်တော်ပြန်ရန် အရေးတကြီးကိစ္စ ပေါ်လောသဖြင့် MAI မြန်မာမာအဲအင်တာနေးရှင်နယ် ဆိုသော လေပျံနှင့် ဖုန်ထူနေပူသော ခမာပြည်မှ ညနေ လေးနာရီ နှစ်ဆယ်တွင် ထွက်ခွာခဲ့ပေသည်။ လေပျံသည် တိုက်ရိုက်ဖြစ်သောလည်း Via Phnom Penh ဖြစ်သောကြောင့် ဖနွမ်ပင် လေဆိပ်တွင် နား၍ ခဏတဖြုတ်နေရသေး၏။ ထိုမှ တဆင့် ညန်မာပြည်သို ၆နာရီ ၁၅မိနစ်တွင် ပျံသန်းလေ၏။ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါရင်း လေယာဉ်မှ ကျွေးသောအရာအားလုံးကို ခွတုတ်၍ တစ်နာရီခန့်ကြာမြင့်သော် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆင်းသက်တော့မည်ဖြစ်ကြောင်း သိရှိရလေသည်။
သို့နှင့် ကျနုပ်လည်း သုံးနှစ်တာမျှ ခွဲခွာနေရသော အမိနိုင်ငံတော်ကို မြင်လိုသောစိတ်ဖြင့် လေပျံပြတင်းပေါက်မှ ကြည့်ရှုလိုက်သောအခါ အလို မှောင်မည်းနေသောမြင်ကွင်းကို မြင်ရမည်ဟုထင်ခဲ့မိသည်။ ယခုမြင်ရသည်ကား အလွန်တရာမှ ခြားနား၏။ မြင်ကွင်းမှာ မီးများ မှိတ်တုတ် မှိတ်တုတ် မြင်ရခြင်းပင်ဖြစ်သည်။မည်းမှောင်နေတာထက်စာရင် တော်သေးနော။
ထို့မှ တဆင့် လေဆိပ်၊အင်မီဂရေးရှင်း၊ကာစတန် တို့ကို ဖြတ်ပြီးသောအခါ အိမ်သို့သွားရန် တက်ကစီငှား၏။ တက်ကစီသည် အလွန်ပင် လွတ်လပ်၏။ ကားနံရံသည် ဘာမှကပ်မထား အတွင်းထဲကိုမြင်ရသည်။ အလွန်ဝန်ကင်းပေစွ။ အဲယားကွန်းမရှိချေ။ လေလိုသော် ပြတင်းပေါက်မှ ခေါင်းထုတ်လိုက်ယုံပင်။ ဖရက်အဲ(Fresh Air)ကို ပြည့်ဝစွာရနိုင်၏။ ကားရှေ့ခန်းမှလည်း ဓာတ်ဆီနံသင်းသင်းလေးလည်းရသေး၏။ ကိုယ်က ကားအစုတ်ကိုမှ ငှားစီးမိတာကိုး ဟုပင် သက်ပြင်းချမိ၏။
ထို့နောက် လေဆိပ်မှထွက်၍ အိမ်သို့သွားသော် လေဆိပ်မှ နည်းနည်းဝေးသည်နှင့် လမ်းမီး မရှိတော့ချေ။မှောင်မည်းနေ၏။ ထို့နော် မ ဥက္ကလာဖြတ်၏။ဘာမှမပြောင်းလဲပေ။လမ်းမီးတော့လာ၏။ လိုင်းကားများကိုကြည့်မိ၏။ ကြပ်ဆဲပင် ညပ်ဆဲပင် ဖြစ်သည်။ အတွယ်များမှာလည်း ဟောလီးဝုဒ်မှ စတန့်မင်းသားများ အရှုံပေး၇လောက်၏။ သကြားခဲကို ပုရွက်ဆိတ်များ အုံနေသလိုပင်။
ထို့နောက် အိမ်သို့ရောက်သော် အိမ်မှာဆီးကြို၍ "နင်ကံကောင်းတယ် နင်ရောက်ခါနီးမှ မီးပြန်လာတာ"တဲ့ ဘာမှမပြောလိုတော့ချေ။ သိပ်မကြာချေ မီးသည်ထပ်ပျက်သွားပြန်သီ။ နှုတ်ခွန်းဆက်ခြင်းပင် ဖြစ်သည်ဟု မှတ်ယူမိပါသည်။
သူငယ်ချင်များအား ဖုန်းဆက်ရန် ဖုန်းကိုယူ၍ခေါ်လေသည်။ သူငယ်ချင်းအသံမကြားရဘဲ ငယ်ချစ်ဟောင်း အသံကြားရသည် "လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာ...........".. ဘာမှမပြောနိုင် အော်..ရယ် ဟုသာ ပြောနိုင်လေတော့သည်။
ဆက်ရန်
မျှစ်
၀၅.၀၁.၂၀၁၂
10 comments:
အိမ်ပြန်ေ၇ာက်နေတယ်ပေါ့..YKKKO
မှာကြေးအိုးစား..ရွှေပုဇွန် မှာဖာလူဒါသောက်
မင်းလမ်းမှာရခိုင်မုန့်တီစား..
ခေမရဋ်မှာ ငါးထမင်းနယ်စား..
အင်းယားမှာအကြော်စား..
Feel မှာအစုံစားခဲ့ပါ
ပုံနှင်တကွ ပြန်တင်ပါ..ဘလော့မှာလေ..
ကောင်းတယ်။
ဒါဆို ဘာမှ ထူးထူးခြားခြား မပြောင်းလဲသေးဘူးပေါ့ ဟုတ်လားညီ...
ဟဟ မထူးဘူးပေါ့နော် အကိုရေ :(
ဆက် ဆက် မြန်မြန်ဆက်
ပြန်ကြပါအေ ပြန်ကြပါ ပြန်နိုင်သူတွေ ပြန်ကြပါ
ဘာပဲပြောပြောမီးမြင်ရတာကျေးဇူးတင်ပါ ဒါဘဲး)
း( ပြန်ချင်တယ်.. မပြန်နိုင်သေး.. ကလေးကျောင်းပိတ်ရင် သူ့အဖေကမအား.. သူ့အဖေခွင့်ရရင် ကလေးကကျောင်းဖွင့်..အဲ့အမ်အေအိုင်ကြီး စဆွဲကတည်းက မြင်သာမြင် မကြင်ရသေးဘူး...
ဟင့်...ဆက်တငံငံနဲ့ မီးပျက်သွားလို့လားဟေ.....:)))
ညန်ညန်ရေး....ညန်မာပြည်အကြောင်းသိချင်နေတာ...။
သရော်စာအရေးအသားကောင်းတယ်...နောင်လည်းအဲ့လို
လေးပဲရေးဟ....မိုက်ဒလယ်....။
လွမ်းတယ်လို့တောင် မပြောနိုင်အောင်ပဲ လွမ်းရပါတယ်အကို... မပြည့်စုံမှုတွေ လွမ်းမိုးနေပေမယ့်လည်း ဇာတိမြေကိုပဲ တမ်းတမိကြောင်းပါ အကိုရေ...:(
ရောက်တုန်း စားချင်တာတွေ တစ်ဝကြိး စားခဲ့ ... ပြီးတော့ ညီမလေးဖို့ မုန့်ဟင်းခါး ပါဆယ် ထုတ်ခဲ့ပေး နံနံပင်၊ငရုတ်သီးနဲ့ အိုးဘဲဥ၊ ငါဖယ် ဘာမှ မကျန်စေနဲ့နော် အကို....:D:D
ကားထဲက လေတိုက်အောင် ခေါင်ထုတ်လို့ ခေါင်းပြတ်နေဦးမယ်.. ဆေးလိပ်သောက်မိရင် ပေါက်ကွဲမယ်နော် ဟိဟိ :P :P
Post a Comment