မိန်းမမာယာ သဲကိုးဖြာ ဆိုတာ ကြားဖူးလား.. သူတို့ကပဲယောက်ျားတွေကိုကျတော့ မန်ကျီးကိုးပင်တဲ့။ ဒီသီချင်းကြားဖူးလား။ “မောင် တို့ယောက်ျားတွေများကျတော့မန်ကျီးပင်ကို လျောက်ပါလို့ရယ် လိမ်လည်လှည့်ဖျား ဥာဏ်များလှပါတယ်” ဆိုတာလေ။။
တကယ်ပါဗျာ။ ယောက်ျားတွေမှာ မာယာရှိတယ် ဒါပေမဲ့နည်းတယ်။ ၉ မျိုးထဲပါ။ အဲဒါတွေက
၁) အမျိုးဂုဏ်ပြခြင်း
ငါ့အဖေက ဘယ်သူ၊ ငါ့အဘိုးကဘယ်သူ လို့ပြောပြသူတွေပေါ့။
၂) ပညာဂုဏ်ကိုပြခြင်း
ကျနော်က အင်ဂျင်နီယာဗျ။ ကျနော်က ဆရာဝန်ဗျ ဆိုတာမျိုးတွေပေါ့ဗျာ..
၃) ပစ္စည်းဂုဏ်ကိုပြခြင်း
ကျနော်ပိုင်တာက ဘယ်လောက်ရှိပြီ ဆိုတာမျိုးတွေပေါ့။
၎) ဝမ်းနည်းဝမ်းသာပြုတတ်ခြင်း
သနားလိုက်တာဆိုရင်ကို ယောက်ျားမာယာတစ်မျိုး လို့မှတ်လိုက်ပေါ့။
၅) အစဉ်မပြတ်နောက်ယောင်ခံခြင်း။
နောက်က တကောက်ကောက်လိုက်နေတဲ့ ကောင်လေးကလည်း မာယာနဲ့ပေါ့။
၆) အစားအသောက်များ လက်ဆောင်များ ပေးကမ်းချင်း
ဒေါ်ဒေါ်ဖို့ ဦးလေးဖို့ အန်ကယ်ဖို့တို့ ဆိုပြီးလက်ဆောင်တွေနဲ့ အိမ်ရောက် လာတက်တဲ့ကောင်လေးကလည်း မာယာသုံးတာပါပဲ။
၇) မြှောက်ပင့် ချီးမွမ်းတတ်ခြင်း
မယ်ကုဝဏ်တို့ ၊ ငါးခြောက်ဖုတ်တို့ရေ သတိထား၊ မလှဘဲနဲ့လဲ လှတယ်လို့ဆိုလာလိမ့်မယ်နော်
၈) အဝတ်အစားပြောင်းလဲဝတ်ချင်း
တစ်နေ့တည်းကို အဝတ်အစား နှစ်မျိုး၊သုံးမျိုး ဝတ်တာကလဲ မာယာပါပဲ။
၉) ကိုယ်ကာယ တောင့်တင်း ကျန်းမာခြင်းကို ပြခြင်း။
ရက်ကွက်ထဲက မောင်ဗမာတွေကလည်း စွတ်ကျယ်ချိုင်းပြတ်နဲ့ လမ်းသလားပြတာဟာလည်း မာယာပါပဲ။
ကဲ..ကျနော်တို့ကော ဘာမာယာတွေ သုံးကြမလဲ...:P
မိန်းမမာယာကတော့ ဆက်ရန်ပေါ့။နောက်ကျရင်တင်ပေးပါ့မယ်....
ကိုထွဋ်
၂၈.၀၄.၂၀၁၁
8 comments:
ကျန်သေးလား
ယောက်ျားမာယာက ( ၁၀ ) မျိုးပါဗျာ။
နောက်ဆုံး တစ်မျိုးကျန်နေသေးတယ်။
ဘယ်မိန်းမ မဆို အထက်က ( ၉ ) မျိုးကို လွတ်အောင် ရှောင်နိုင်ရင် ရှောင်နိုင်မယ်။ နောက်ဆုံး တစ်မျိုးကိုတော့ မရဘူးတဲ့။
အဲဒါကတော့ . . . . . . . . . . . . ပြောဘူးဗျာ................ကဲ . .:D :D
ဟင် ၉မျိုးတည်းလား...၊မလောက်ဘူးဗျ...:D
ငါ့ညီကရော ဘယ်မာယာနဲ့ အလုပ်ဖြစ်သွားတာလဲ ?? ဟဲဟဲ :P
အင်းသေချာမှတ်ထားမှပဲနော်အကိုရေ.....:P:P:P
ခုလိုသိရလို့ကျေးဇူးတင်ပါတယ်ရှင်...
အော်..သူတို့လဲမာယာရှိတာပဲနော်။
မှန်လိုက်လေဗျာ။ နောက်တစ်မျိုးကိုတော့ ကိုဇော့်ကို ကပ်တိုးလေး မေးကြည့်ဦးမယ်။
အဟာဟ...နံပါတ်တစ်ဆယ် မာယာကြီးတော့ မသုံးရဲပါဘူး။ ရွှက်တယ်....
မှတ်ချက်
သိချင်ရင် ဇော်တကော် ကိုကိုဇော့်ကို မေးရန်။
Post a Comment