နတ်စင်....
နတ်တွေနေတဲ့ အိမ်လို့တော့ပြောတာပဲ...နတ်စင်လို့ပြောတာနဲ့ မျက်လုံးထဲမှာ အနီရောင်အိမ်လေးရယ် ကြောက်စရာ ပြူးပြဲနေတဲ့ အရုပ်တရုပ်ရယ် ပန်းအိုးလေးနှစ်လုံးရယ် သောက်ရေခွက်တခွက်ကို မြင်မှာအမှန်ပဲဗျ။ အချို့တွေဆို အရက်ပုလင်းကပါသေး ဇေ (ဇေယျာဝတီ)က စလို့
Grand Royalအဆုံးပဲဗျာ...ကျနော်အိမ်မှာဆိုရင် အဖွားက ကိုယ်တော်ကြီး၊ကိုယ်တော်လေး နဲ့ ကိုကြီးကျော် ကို ကိုးကွယ်တယ်။သူတို့အတွက်စင်ကတော့ ရိုးရိုးပါပဲ။ကျနော်တို့ လူမျိုးက သေချာကိုးကွယ်တယ်ဗျ။ ပွဲတော်ချိန်ဆိုရင်လည်း ပွဲတော်မှာလည်းလူတွေအများကြီးပဲ.သေသေချာချာ လည်းကျင်းပကြတယ်။
ကျနော် အဖွားဆိုရင် နတ်တင်ဖို့ အချိန်ရောက်ရင် သူ့ညီမ နတ်ကတော်ကို ခေါ်ပြီး နတ်တင်တယ်။ အစားအသောက် ကတော့အစုံပဲ။ ပုဇွန်ကြော်၊ခေါက်ဆွဲကြော်၊ကြာဇံကြော်၊လက်ဘက်၊ကွမ်းယာ၊ကြက်ကြော် အစုံပဲ။နတ်က စားမစားတော့ မသိဘူး။ ကျနော်တို့ကတော့ နတ်ကကျတာနဲ့ ဗိုက်ထဲအရောက်ပဲ။ ကျနော်တို့ကျတော့နတ်ကိုဂရုစိုက်သလောက် ဒီမှာကျတော့လဲ တော်ရုံတန်ရုံပဲ။
ကျနော်ဒီကိုရောက်ခါစက တွေ့ရတဲ့ နတ်စင်တွေကိုဘာမှန်းမသိဘူးဗျ.. ကျနော်ထင်တာက စာကလေးအိမ်လို့ထင်ထားတာဗျ...:P ကျနော်တို့ ရန်ကုန်မှာရှိတဲ့ နတ်စင်နဲ့ မတူဘူး။ ဒီကဟာတွေက ပိုလန်းတယ်။ လှလဲလှတယ်။ သစ်သားနဲ့မဟုတ်ဘူး အင်္ဂတေနဲ့ သေချာလုပ်ထားတာဗျ။. နတ်စင်လို့သာပြောတယ်..အတွင်းထဲမှာကဟာလာဟင်းလင်းကြီး ဘာမှမပါဘူးဗျ။ မိးထွန်းပေးစရာမလိုဘူး။ အမွှေးတိုင်တတိုင်ရှိရင်လုံလောက်ပြီ။ဒါပေမဲ့ နှစ်ကူးတို့ဘာတို့ ဆိုရင်တော့ သေသေချာချာ အသီးအနှံ၊အစားအသောက်တွေနဲ့ ပူဇော်ပသကြတယ်၊ ဒါပေမဲ့ ထူးခြားတာက နတ်စင်ဆောက်တဲ့နေရာမှာ အမိုးအောက်မဖြစ်ရဘူး၊ အိမ်အဝင်ဝ ကိုလုံးဝမျက်နှာမူထားရတယ်။သူတို့နတ်စင်ပုံကဒီလိုဗျ....
ဒါကတော့နတ်စင်ပုံတွေပါ..
လေးစားစွာဖြင့်
ကိုထွဋ်
၁၈.၀၁.၂၀၁၁
6 comments:
သပ်သပ်ရပ်ရပ်လေးနဲ့ ချစ်စရာလေး....
ကျေးဇူးပါ အကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။
ဟုတ်ပါ့ဗျား ... သူ့ အရပ် သူ့ ဇတ်ပေါ့....
ထိုင်းက နတ်ကွန်းတွေကတော့ ရှုပ်ရှက်ခပ်နေတာပဲ...
တစ်ခါတစ်လေ “ဟ နင်တို့ ဟာက ဘာတုန်း နတ်လား ဘုရင်လား” လို့ လဲ မေးမေးယူရသေးဗျာ..
သူတို့ က ဘုရင်တွေလဲ ဘုရားစင်ရောက်လို့ ရောက်ကိုး...
အ၀ါရောင်နတ်စင်လေးက အလန်းလေးနော်။
အဝါရောင်နတ်စင်က အပြီးအစီးကို ၂၅ကျပ်ပေးရတယ် .. :)
လှလှလေးဆိုတော့ နတ်တွေလည်း ကြိုက်မှာပေါ့နော်။
ဒီမှာလည်း ရှိတယ် ကျနော်တော့ သေသေချာချာမလေ့လာဖြစ်ဘူး နည်းနည်းလည်းကြောက်လို့း)
Post a Comment