13 December 2011

ဝေဟင်ထဲဝဲ....

ခုတလော မြန်မာမလေးတွေ ဘာလို့ လေထဲပျံနေရတာလဲ..
ပျော်စရာမဟုတ်သလို ပိုက်ဆံလဲမရပါဘူး..
ဖက်ရှင်တစ်ခုမဟုတ်သလို
ခေတ်ရေစီးကြောင်းလဲမဟုတ်ပါဘူး.
ဂျာနယ်ထဲမှာတော့ ပါနိုင်တယ်.
ဒါပေမဲ့ မင်းသိဦးမှာလား..
မင်းပုံကကော ဂျာနယ်ထဲမှာ လှပဦးမှာလား..
မလှမပနဲ့ဂျာနယ်ထဲပါမဲ့ အလုပ်ကို
ဘာလို့ လုပ်မှာလဲ..
လေထဲထပ်မပျံကြပါနဲ့တော့ကွာ..

အသဲကွဲလို့ လေထဲပျံတာလား
အလုပ်အဆင်မပြေလို့ ပျံမှာလား
အကြွေးတွေထူနေလို့ ပျံမှာလား
အတောင်ဖြန့်ပြီးပျံလို့ရတဲ့ ငှက်တစ်ကောင်ဖြစ်ရင်တော့
ကောင်းတာပေါ့.. ဒါပေမဲ့
တို့က ငှက်မှ မဟုတ်တာ..
ဝမ်းနည်းလား ငိုပစ်လိုက်စမ်းပါ..
စိတ်ဓာတ်ကျလား ၊ ဒေါသထွက်လား ပစ္စည်းတွေကို ခွဲပစ်လိုက်စမ်းပါ
ဝေဟင်ထဲတော့ မဝဲနဲ့ကွာ..

မင်းလဲ ဗုဒ္ဓဘာသာပါ. ငါလဲ တူတူပဲ
လေထဲပျံလို့ရလာမှာက အဖန်ငါးရာငါးကမ္ဘာတဲ့..
မင်းနားလည်ချင်မှ နားလည်လိမ့်မယ်..
အလွယ်မှတ်ထားလိုက်..
လေထဲ ပျံလို့ အကျမတော်ရင်
ဂျပန်ငါးရာနဲ့ ငါးခါခံရမယ်လို့
အဲလောက်ဆို မင်းသဘောပေါက်မှာပါ..
လေထဲပျံမယ်လို့ ကြိုးစားတိုင်း..
နောက်မှာ ပူဆွေးမဲ့လူတွေရှိတယ်..
နောက်မှာ ဝမ်းနည်းမဲ့သူတွေရှိတယ်
နောက်မှာ မင်းကိုချစ်တဲ့သူတွေရှိတယ်..
အဲဒီလူတွေကို သတိရကြည့်လိုက်ပါ။

မင်း ပျံသန်းပြီးတဲ့နောက်မှာ
မင်း ထက်ဆိုးတဲ့ သူတွေရှိသေးတယ် ဆိုတာတွေမြင်လာလိမ့်မယ်..
ဒါပေမဲ့နောက်ကျသွားပီပေါ့ကွယ်..
အဲဒါကြောင့်...
ဝေဟင်ထဲမဝဲကြပါနဲ့တော့
ဝေဟင်ထဲမဝဲကြပါနဲ့တော့


မှတ်ချက်။   ။ ဘာရယ်မဟုတ်ဘဲ ရေးချမိခြင်းပါ။  မကောင်းမှန်းသိသည် (တူညားမပြောခင်ကြိုပြောထားရတာ)။

လေးစားစွာဖြင့်
မျှစ်
၁၃၁၂၁၁

09 December 2011

4th Hip Hop Generation ဆလိုင်းဖွာထောင်းနှင့်အင်တာဗြုး..

အခုတလော ဖေ့ဘုတ်မှာ အချစ်ရဲ့တိုယိုတာ သီချင်းနဲ့ပေါက်နေတဲ့ ဆလိုင်းဖွာထောင်းနဲ့ အင်တာဗြုးပါ...

Q: ဟုတ်ကဲ့။ နာမည်လေး ပရိသတ်ကိုမိတ်ဆက်ပေးပါဦး။
A: ကျနော့်နာမည် ပလိုင်း ပြောင်ပြောင် (ဆလိုင်း ဖာကောင်း) လို့ခေါ်ပါတယ်။

Q: နာမည်လေးက ထူးဆန်းတယ်နော်။ ဘယ်လိုပေးဖြစ်တာလဲ ရှင်းပြပေးပါဦး။
A: ဒီလိုပါ။ အခုခေတ်က အဆိုတော်တွေက အင်္ဂလိပ်စာလုံးတွေရှေ့ကထည့်ပြီး Rဇာနည်၊ N ကိုင်ရာ၊ Vနိုထွန်း ခေါ်ကြတယ်။ ကျနော်က တိုင်းရင်းသားဆိုတော့ကာ တိုင်းရင်းသားမှန်းသိအောင်လဲ နာမည်ပေးချင်တယ်။ ရိုးရာလေးလဲ မပျက်အောင်ဆိုတော့ ကျနော်တို့ တောင်ပေါ်မှာလွယ်တဲ့ ပလိုင်း ဆိုတာလေးကိုရှေ့ကထည့်လိုက်တယ်။ နောက်ပြီး ကျနော်က မင်းသိင်္ခဝတ္ထုတွေထဲက စနေမောင်မောင် ကိုသဘောကျလို့ သူနဲ့ နာမည် ကာရန်တူ ပြောင်ပြောင်ဆိုပြီး ထည့်လိုက်တော့ ပလိုင်းပြောင်ပြောင် ဖြစ်သွားတာပါပဲ။ သိတယ်မဟုတ်လား။ ကျနော်တို့ ရပ်ပါတွေက ကာရန်ကြိုက်တယ်လေ။

Q: ဒါနဲ့ အဆိုတော်ရဲ့ သီချင်း အချစ်ရဲ့ တိုယိုတာက အတော်ပေါက်တယ်နော်။ ခုဆို Facebook status တွေမှာတောင် အခြားသီချင်းစာသားတွေ သိပ်မတွေ့ရတော့ဘူး။
"အော်... ရယ်... ။ ကြက်ရိုးပြုတ်ပြီး.. ။"
စတာတွေပဲ အတွေ့များနေတယ်။
A: အော်.. ဒါကလဲ ကျနော်က ပေါက်မဲ့စာလုံးတွေကို ရွေးသုံးတာကိုး။ ဥပမာ - စိုင်းစိုင်း သီချင်းလို
"အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့"
ဆိုသလိုမျိုးပေါ့။

Q: ဒါနဲ့ အဆိုတော်က မြန်မာစကားသိပ်မပီဘူးနော်။
A: ဒါကတော့ အရင်က နာမည်ကြီးဖြစ်တဲ့ စိုင်းထီးဆိုင်လဲ ဝဲတာပဲ။ အခုခေတ် နောနော်ဆိုလဲ ဘယ်မှာ မြန်မာသီချင်းပီလို့လဲ။ ဒါကပြဿနာမဟုတ်ပါဘူး။
(အော်.. သူ့အသံက သူတို့တွေလို ကောင်းတာကိုး)

Q: နောက်ပြီး USA ရောက်တာကြာပေမယ့်လည်း အင်္ဂလိပ်လို pronunciation မပီသေးဘူးနော်။
A: အော်ဒါကတော့ နေးတစ် စပီကာ မဟုတ်တော့ ပုဇွန်တောင်ဈေးရှင်းတာ ဘယ်ပီမလဲ။ ဘဲရီး ဘူးတီးဖူး။ ဇပလင် (spelling) ကတော့ နည်းနည်းသည်းခံပေါ့ဗျာ။
(မပီတာ မဟုတ်။ အတော်ကို ဆိုးနေတာ)

Q: အခုဆိုရင် အရင်ကမြန်မာပြည်မှာ ကျော်ကြားခဲ့တဲ့ ပလီပလာလေးနဲ့ Gဂျာဟိန်းကို ကျော်တက်သွားပါပြီ။ နောက်ပြီးတော့ အကြည်တော်ကလဲ သူ့ထက် ပိုတော်တယ်လို့ လက်ခံလိုက်ပါပြီ။ အဲဒါနဲ့ ပတ်သက်ပြီးဘာများပြောချင်ပါလဲ။
A: Gဂျာဟိန်းက မြန်မာသံစဉ်လေ။ ကျနော်က ဟစ်ဟော့ သိတယ်ဟုတ်။ နောက်ပြီး ကျနော်က ကမ္ဘာကျော်အောင်မှန်းထားတော့ USA မှာ အသံသွင်းတာလေ။ ဒါမှအသံသွင်းကုမ္ပဏီကြီးတွေက လာကမ်းလှမ်းရင် လွယ်အောင်လို့လေ။ အမီနာတို့၊ အကွန်တို့၊ စနိုးဒေါ့ တို့လိုမျိုးပေါ့။
(ပြောချင်တာလဲ သူ့အပြင်မရှိ။ နာမည်တောင်လွဲသေးတယ်။ ကြားရင် သတ်သေကုန်ဦးမယ်)

Q: နောက်ပြီး မြန်မာနိုင်ငံမှာ စီးရီးထုတ်ဖို့ အစီအစဉ်ရှိပါသလား။
A: ရှိပါတယ်။ စာရေးဆရာ အကြည်တော်ဆိုရင် သူ့ကို ထုတ်မယ့် လကြိုပြောပါလို့တောင် မှာထားသေးတယ်။ သူစာအုပ်အသစ်ထုတ်ရင် ရှောင်ရအောင်လို့ပါတဲ့။ ကျနော့်အခွေက ပေါက်မယ့်အခွေဆိုတော့လေ။

Q: အခုဆို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
A: ကျနော်ကလဲ ကြက်ရိုးတင်ပါတယ်..

နောက်ဆက်တွဲ သတင်းများအရ TOYOTA USA, Inc မှ ဥက္ကဌ တိုင်းပြည်အတွင်း ကုမ္ပဏီနာမည်ကို လူအများသိအောင်မလုပ်ဆောင်နိုင်မှုကြောင့် တာဝန်မှု အနားယူခြင်း။ Rapper များ အစုလိုက်အပြုံလိုက် သတ်သေခြင်း။


 facebook မှ ယူလာပါသည်..

ကိုထွဋ်
၁၀.၁၂.၂၀၁၁

04 December 2011

လတ်တလော အရူးထနေသောအရာ..

လတ်တလော တက်တူးးကို အရူးထနေတယ်.....

ကျနော်ကလဲ တက်တူး ဆိုရင် ရေလည်ခိုက်တယ်... တက်တူး. ကနုတ်တွေပဲဖြစ်ဖြစ် ယာကူဇာပဲဖြစ်ဖြစ် ကြိုက်တယ်...တက်တူးကို ဘယ်လို စကြိုက်လဲ ဆိုရင်တော့ အိမ်က ဦးလေး ကြောင့်ပဲ။ သူက တက်တူးများများ မရှိဘူး...လက်မောင်းမှာ တစ်ပုံတည်း ထိုးထားတာ..သိပ်လှဘူး..ဒါပေမဲ့ကြည့်ကောင်းတယ်ပေါ့ဗျာ..အဲမှာတည်းက ပိုးကစတာပဲ။ ဒါနဲ့ကျောင်းပြီးတော့ ကွန်ပြုတာ သင်တန်းတက်တော့လဲ အဲမှာ ဘော်ဘော်က တက်တူးထိုးထားတာ ..ရေလည်မိုက်တယ်.. နဂါးပုံကို ခြေသလုံးမှာခွေနေတဲ့ပုံ.. ဘယ်ဘက်ကိုယ်လုံးက တက်တူး အပြည့် နဲ့ တော်တော် လန်းတယ်.. လူကလူချော အသားကလဲဖြုဆိုတော့ ထင်းနေတာပဲ။ ကိုယ်လဲ သူ့ကြည့်ပြီးထိုးချင်လာတော့ပေါ့..သူ့လိုများ ရူပါလန်းလာမလားလို့လေ။



အဲဒီတော့ တက်တူးထိုးဖို့ကြံစည်တာပေါ့.. ဆေးဝယ်ဖို့ ပိုက်ဆံစုလိုက်ရတာလဲ အမော.. ဆေးသားကောင်းမှ ဖြစ်မယ်ဆိုပြီး အကောင်းဆုံးမဟုတ်တောင် နည်းနည်းကောင်းတဲ့ဟာတော့ ဝယ်ရမယ်ဆိုပြီး ပိုက်ဆံစု တာ ပြည့်ခါနီးကျတော့မှ အဖေက ငါ့သား မင်းနိုင်ဂံဂျား သွားရမယ်ဆိုတော့ တက်တူး ထိုးချင်တဲ့ စီမံကိန်း ပလုံသွားပါလေရောလား...



အဲဒါနဲ့နိုင်ဂံဂျားရောက်လာတော့လဲ ဘိုးတော်ကြောင့် လှုပ်မရဘူး..ထိုးချင်တာကတော့ တပိုင်းသေ. ..ဖော်ရိန်နာတွေ တက်တူးတွေ့ရင် မယောင်မလည်နဲ့ အနားကပ်ကြည့်ရတာလဲအမော.. တခါတလေကြရင် ဘဲကြီးတွေ ဘုကြည့်ကြည့်တာခံ၇သေးတယ်...

အခုဟိုတစ်နေ့ ဓာတ်ပုံတစ်ပုံတွေ့ပြီး တက်တူးထိုးချင်စိတ်တွေထပ်ပေါ်လာတယ်။ မရရအောင် ထိုးမလို့လဲ ဆူံးဖြတ်ချက်ချထားတယ်။ အခုတော့ မဟုတ်သေးဘူးပေါ့။တစ်နေ့နေ့ပေါ့..ထိုးချင်တာကတော့ အောက်ကပုံပါ။


အဲဒီပုံကို တပုံစံတည်း ညာဘက်လက်မောင်းမှာ ထိုးချင်တယ်.. ဆေးအပြည့်နဲ့ကာလာအပြည့်နဲ့ ထိုးချင်တယ်..ကျောကုန်းမှာ ထိုးချင်ပေမဲ့ အကြီးကြီးထိုးရမှာ.. ဒါကြောင့်လက်မောင်းမှာပဲထိုးဖိုးစဉ်းစားထားတယ်...

ဘာဖြစ်လို့ အဲဒီပုံကို ထိုးချင်တာလဲလို့တော့ မမေးနဲ့။အဖြေမရှိဘူး။ ဒီတိုင်းကြိုက်လို့ ကြည့်၇တာကျက်သရေရှိလို့ ထိုးချင်တာပဲ။ သူများတွေ ချီဂွေဗားရားပုံထိုးတယ်။ ကျနော်ကတော့ ဒေါ်စုပုံထိုးဖို့စိတ်ဝင်စားတယ်။နောက်တစ်ချက်က ချီဂွေဗားရား တက်တူး (che guevara tattoo ချီဂွေဗားရား တက်တူးလင့်)လို့ ဂူးဂဲမှာရေးလိုက်ရင် သူ့တက်တူးတွေအများကြီးတွေ့ရမယ်.. အောင်ဆန်းစုကြည်တက်တူး လို့ရေးလိုက်ရင် ဘာမှပေါ်မလာဘူး.. လေးစားလို့တက်တူးထိုးတာလဲဖြစ်နိုင်တယ်၊ကြိုက်လို့လဲဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော် ဒေါ်စုပုံကိုထိုးမယ်။



အဲဒါပဲ.. အခုတော့ထိုးလို့ရသေးဘူး..ချစ်သူနဲ့အဖေက သတ်မယ်တဲ့။ပုံကြောင့်မဟုတ်ဘူး တက်တူးကို မထိုးစေချင်တာတဲ့။ စိတ်ရှည်လက်ရှည်စောင့်ရမှာပေါ့လေ... တနေ့နေ့ကျရင်တော့ ဒီဘလော့ဂ် ပေါ်မှာ ကျနော့်လက်မောင်းကို ဓာတ်ပုံရိုက်ပြမယ်..အိုကေ..

လေးစားစွာဖြင့်
ကိုထွဋ်
၀၄.၁၂.၂၀၁၁