နေ့လည်ကလဲ ပူလို့အိပ်မရဘူး ။ အဲဒါနဲ့ ညကျတော့ မိုးရွာလို့ စောစောအိပ်တယ်။အေးသွားတာပဲလေ။ အိပ်ပျော်တာနဲ့ အိမ်မက်မက်တော့တာပဲ ။ အံမယ် ကျနော် ရောက်နေတာက အိန္ဒိယလို့ခေါ်ရမလား။ အီဂျစ်လို့ပြောရမလား။ ဘေးမှာ ကြည့်လိုက်တော့လဲ မီးခွက်တစ်လုံးနဲ့ ကုတင်ကလွဲလို့ ဘာမှ မရှိဘူး။ မီးခွက်ကိုကြည့်တော့လဲ အာလာဒင်ကားထဲက မီးခွက်နဲ့တူတယ်။ ဒါနဲ့ ပွတ်ကြည့်လိုက်တော့ မီးခိုးငွေ့တွေ ထွက်လာပီး ဂျင်းနီပေါ်လာတယ်။( အဆိုတော် ဂျင်းနီဖြစ်သည်။ ဘီလူးမဟုတ် အီကား စကားချပ်)။ အဲဒါနဲ့သူကကျနော်ကို ဖြေစေချင်တဲ့မေးခွန်းတွေရှိတယ်..အဲဒါတွေအားလုံးဖြေနိုင်ရင် လိုချင်တဲ့ဆုပေးမယ်တဲ့..
ကဲ ဖြေလရော့ဟယ်..
၁။ အစားချင်ဆုံးအစားအစာ - ဝက်သားနဲ့မျှစ်ချဉ်ဟင်း စားချင်တယ်...
၂။ နေ့တိုင်းစားဖြစ်တဲ့အစားအစာ - ထမင်းနဲ့ဟင်း
၃။ အလိုချင်ဆုံးရေမွှေး - မရှိ
၎။ သုံးဖြစ်နေတဲ့ရေမွှေး - မရှိ (ပုံမှန် ကို ကြာညိုနံလေးသင်းပြီးသား)
၅။ အလိုချင်ဆုံး မွေးနေ့လက်ဆောင်- မရှိပါ...
၆။ အလိုချင်ဆုံးဖုန်း - အိုင်ဖုန်း
၇။ သုံးဖြစ်နေတဲ့ဖုန်း - နိုကီယာ ဖုန်းအစုတ်လေးပါ
၈။ အရူးသွပ်ဆုံးအရာ - ဂိမ်းဆော့ချင်း၊ ဘလော့လည်ခြင်း..
၉။ အနီးစပ်ဆုံးဂီတ - တိန် တူနယ် တဲနယ် ဗျောင်
၁၀။ အလိုချင်ဆုံးစာအုပ် - စပိန်စကားပြောနည်းစာအုပ် (ရှိရင်ပို့ပေးကြပါ)
၁၁။ အခုဖတ်ဖြစ်နေတဲ့စာအုပ် - ရွှေဥဒေါင်း-ဇော်ဟိတ်
၁၂။ အကြားချင်ဆုံးစကား - မြန်မာပြည်မှာ အလုပ်အကိုင်တွေပေါပြီး အေးချမ်းသာယာသွားပီ... (မျှော်လင့်ရင်းရှုး)
၁၃။ အဖြစ်ချင်ဆုံးဆန္ဒ - အများကြီးပဲဗျာ.....
၁၄။ အလိုချင်ဆုံးဆု - မျက်နှာမြင်ချစ်ခင်ပါစေ။ အသံကြားသနားပါစေ
၁၅။ အသွားချင်ဆုံးနေရာ - မြန်မာပြည်အနှံ
၁၆။ သွားဖြစ်နေတဲ့ နေရာတွေ - အိမ် ၊ သင်တန်း ၊ အလုပ် နဲ့ မြစ်ကမ်းဘေး
၁၇။ အကြည့်ချင်ဆုံးရုပ်ရှင် - P4 (Pentium 4 မဟုတ်ပါ) Pirates of Caribbean 4
၁၈။ အပြောချင်ဆုံးစကား - မိမိကိုယ်သာကိုးကွယ်ရာ
၁၉။ အယုံကြည်ဆုံးလူသား - အဖေ နဲ့ မ
၂၀။ မယုံကြည်ဆုံးအရာ - ကိုယ်ကိုကိုယ့်
၂၁။ အမုန်းဆုံးအရာ - ကိုယ်ချင်းမစာတာတွေကိုမုန်းတယ်.
၂၂။ အသောက်ဖြစ်ဆုံး အအေး - ကိုကာကိုလာ
၂၃။ လတ်တလောအထိတွေ့ဆုံးအရာ - ကွန်ပြုတာ နဲ့ အင်တာနက်
၂၄။ မကောင်းတဲ့ ကျန်းမာရေး - အလွယ်တကူု အအေးမိတယ်..
၂၅။ အကောင်းဆုံးအဖော် - မ
၂၆။ လက်ရှိအကြိုက်ဆုံးသီချင်း - Just a Dream - Nelly
၂၇။ အကြောက်ဆုံးအလုပ် - ကိုယ်ကျင့်တရားပျက်မှာ
၂၈။ တန်ဖိုးအထားဆုံးအရာ - စာရိတ္တ
၂၉။ အကြောက်ဆုံး တိရစ္ဆာန် - မြွေ (အရေခွံကအစကြောက်တယ်...အကောင်ဆိုရင်တော့ပြောမနေနဲ့တော့)
၃၀။ တွေ့ဖြစ်နေတဲ့ ဘလော့ဂါတွေ - အွန်လိုင်းမှာ ဦးညိမ်းနိုင် ၊ ဦးလတ် ၊ ဦးရဲထွန်းဇော် ၊ ဦးမိုးယံ ၊ ဦးဘသားချော နဲ့ ဦးမောင်မျိုး....ကိုရာဇာလဲပါတယ်..
၃၁။ အပြင်သွားတိုင်းပါတဲ့ပစ္စည်း - မပါမဖြစ်တွေပေါ့ (အင်္ကျီ၊ဘောင်းဘီ၊ဖိနပ်၊ဖုန်း နဲ့ ပိုက်ဆံ)
၃၂။ သွားဖြစ်တဲ့နေရာတွေ - သင်တန်း ၊ အိမ် ၊ အလုပ်
၃၃။ စိတ်အညစ်ဆုံးအချိန် - တနင်္ဂနွေ နေ့မှာ မနက်စောစော ဖုန်းဝင်လာတဲ့အချိန်( အဲဒီအချိန် အင်္ဂလိပ်လို ဗမာလို စကားလုံးလှလှ များ သင်ကြားပေးသည်... :P)
၃၄။ အနေချင်ဆုံးနေရာ - အခုလောလောဆယ်တော့ အိပ်ရာထဲမှာ ပြန်နေချင်တယ်..(အိပ်ရေးမဝလို့ :P )
၃၅။ ကြားလိုက်မိတဲ့ဟာသလေး တခု - မယ်မျှစ်က ခန့်ချောကြီးတဲ့ (ကိုညိမ်းနိုင်ပြောတာ :) )
၃၆။ ပေးချင်တဲ့သတင်းတခု - လစာရတော့မယ်..
၃၇။ အပျော်ဆုံးဖြစ်မယ့်အချိန် - လစာရတဲ့အချိန်
ဂျင်းနီမေးတဲ့မေးခွန်းတွေဖြေပီးတဲ့နောက်မှာတော့..သူမကဆုပေးရန်လက်အလှမ်းးးးးးးးး.....
ဒုန်း............ဝုန်း.................
အာ....ကြောင်တွေ ဆော့နေလို့ လန်နိုးသွားပါသဖြင့်ဘာဆုမှမရလိုက်ပါ...
ကိုရာဇာ(ကျေးလက်သားလေး)က ကျနော်ကိုတက်ထားတာပါ။ ကျေးဇူးတင်ပါတယ်....
ကိုထွဋ်
၂၆.၀၅.၂၀၁၁
12 comments:
ဟယ်...င့ါ ဂျင်းနီးလေးကိုများသူက အိမ်မက်ထဲ ထည့်သွားရသေး။
ဒီနေ့ P4 သွားကြည့်မလို့လိုက်မလား :)
ဦးညိမ်းနိုင် ဆိုတာဘယ်သူလဲ
စိတ်အညစ်ဆုံးအချိန်ကိုဖြေထားတာနားမလည်ပါ
အဖော်က “မ”လား ပုတ်သင်ညိုထင်နေတာ ဟိဟိး)
တော်တော် ငယ်ချင်တယ် ရုပ်က ရင့်ကထော်နေင်္ပြီး ငါ့ကိုများ ဦးတဲ့ လုပ်ထည့်လိုက်ရင် အဆီတစ်ခြား အသားတစ်ခြားဖြစ်သွားတော့မယ် ။
ဦးယံ ဝေစားမျှစားပေါ့
ဦးရဲ..ဦးလေး အိပ်ပျော်နေတဲ့ အချိန်ဖုန်းလာရင် ဘယ်လိုနေလဲ..ကျနော်ကတော့ ဆဲပစ်တာ..အထူးသဖြင့် တနင်္ဂနွေ ဆိုအိပ်ချင်တယ် တနေကုန် ဘာမှမလုပ်ပဲ..အဲဒါကြောင့် အင်္ဂလိပ်လိုကော ဗမာလိုကော ဆော်တကဲတယ်..သိပလားး
ဦးမျိုး..တားကစတာကို..ဘွာတေး..ဘွာတေးး
အဖြစ်ချင်ဆုံးတစ်ခုတော့ရှိမှာပါ။
လူတိုင်းကတော့အများကြီးပဲပေါ့
ဒါပေမယ်တစ်ခုကတော့....? ? ?
ဗိုက်ဆာနေတုန်းလာဖတ်မိတယ်.. ထိပ်ဆုံးက ၀က်သားမျှစ်ချဉ်စားချင်တာချင်း တူလိုက်တာ.. ရှလွတ်.. ဂလု... :D
ခင်မင်လျက်
နေ၀ဿန်
မ...မ...မ...တစ်မထဲ..မ...နေ....။လက်မညောင်းဘူးလား...မ ထားရတာ...:)))
ငါ..ဘယ်တုန်းက မဟုတ်ကဟုတ်က ဟာသတွေပြောမိပါလိမ့်နော်...ခန့်ချောကြီး
တဲ့...ဟဟဟ...:D။မောင်ရဲကိုပြောပြလိုက်စမ်းဘာ....၊ကညိမ်းနိုင် ဆိုတဲ့ ရုပ်ချော
သဘောကောင်း လေးအကြောင်း.....။
ဝက်သားနဲ့မျှစ်ချဉ်တော့ ငါလည်းစားချင်သကွယ်...၊လာမယ့်တနင်္ဂနွေ ချက်စား
ဖြစ်ရင် လာစား...၊တနင်္ဂနွေနေ့ စောစောဖုန်းဆက်လိုက်မယ်...:D
ဘောင်းဘီက အပြန်သွားမှ ပါတာလားဟင်... အိမ်မှာကျ..... ပုဆိုးနဲ့ပေါ့... အသလိုပဲ ထားလိုက်ပါတယ်...:D
မျက်နှာမြင်ချစ်ခင်ပါစေ။ ဆိုပြီး ဘလော့မှာ မျက်နှာလဲမပြဘူး။
အသံကြားသနားပါစေ ဆိုပြီး ဘလော့မှာ သီချင်းလဲမတင်ဘူး..
:) :) :)
ခင်မင်စွာဖြင့် လာရောက်လည်ပတ်သွားပါတယ်
တဂ်လေးဖတ်ပြိး ကွန်မန့်လေးတွေကြောင့် ပြုံးရင်း.....
ဘာမန့်ရမှန်းတောင် မသိဖြစ်သွားတယ်...:):)
Post a Comment