အကျနုပ်သီ နိုင်ဂံရပ်ခြားတွင် အလုပ်လုပ်နေသော်လည်း မြန်မာ လူမျိုးတစ်ဦး ဖြစ်သည့်အားလျော်စွာ ဗေဒင်၊ကဝိ၊ဝေဒ ဘာညာ ဘာညာ စသည်များအား စိတ်ဝင်စားမိသည်။ ထို့ကြောင့် အတန်ငယ် လေ့လာလိုက်စားသည့်အားလျော်စွာ အနည်းအကျဉ်း တီးခေါက်မိ၏။ ထို့သို့တီးခေါက်မိသည်နှင့် မြင်မြင်သမျှ လူများအား တွေ့သည်နှင့် "ဟိုနားက လုကြီး စစ်သူကြီး" "အောင်ပန်း စိန်သာ ခွေးသေးပန်း " စသည့်နည်းလမ်းများဖြင့် မဟာဘုတ်(Mahar boat မဟုတ်ပါ) တိုင်ထူခြင်း. ဇာတာ ချခြင်းများကို လူသောက်မြင်ကပ်လောက်အောင် ပြုလုပ်နေသည် ကြာမြင့်လှပီဖြစ်သည်။ ယခု အချိန်အခါတွင် ကျနုပ်သည် အကျနုပ်ကိုယ်ကျနုပ် ပညာရည် အနည်းငယ်ပြည့်ဝပီ ဟု ယူဆသဖြင့် အောက်ပါဟောကိန်းကို ရေးရန်ကြိုးစားမိလေသည်။
ထို့သို့ ရေးရန်ဖြစ်ပေါ်လာခြင်းမှာ ကျနုပ်၏ ဂျုနီယာများဖြစ်ကြသော ဆန်ဆာပြာဘို ၊ ဆင်ယော်ပြာ စသော ဂျုနီယာများက စာအုပ်ရေးခြင်းဖြင့် ဝင်ငွေဖြောင့်နေသည်ကို အားကျမိသောကြောင့် ဖြစ်သည်။
အောက်ပါဟောကိန်းသည် လက်တည့်စမ်း အဲလေ ကျနုပ်ပညာကို အမြည်းသဘောမျှသာ ပြချင်သောကြောင့် ခြောက်လဟောကိန်း ဟုဆိုရခြင်းဖြစ်သည်။
၂၀၁၂ အတွက် အယူတော် မင်္ဂလာ ခြောက်လ ဟောကိန်းကြီး
ကျနုပ်၏ သူတစ်ထူးမတူသော ဗေဒင်ပညာနှင့် ဆန်းစစ်ကြည့်ရာ ၂၀၁၂ သည် နှစ်သစ်တစ်နှစ်ဖြစ်သည်ကို အံသြဖွယ်ရာတွေ့ရှိရသည်။ ထို့အတူ ဂျိုးငှက်လေးတစ်ကောင်သည် ဟိုဒီပျံသန်းရာမှ သစ်ကိုင်းတစ်ကိုင်းကောက်ချီမိသဖြင့် ညိမ်းချန်းရေးတမန်တော် ဖြစ်သွားသည်။ ထို့ကြောင့် မသင့်မြတ်သော အဖွဲ့အစည်းများ ရန်စောင်လာနိုင်ခြင်း၊ ရန်သူများက ENEMY အဖြစ်သို့ ပြောင်းလဲသွားခြင်း ၊ နယ်နမိတ်များ ဖွင့်ထားရာမှ ပိတ်သွားခြင်း စသည်တို့ဖြစ်ပေါ်လာနိုင်သည်။
၂၀၁၂ သည် ပညာရေးတွင်ထိပ်ဆုံးရှိသဖြင့် ပညာရှာသူများ စာကြိုးစားပါက စာမေးပွဲအောင်နိုင်သည်။ မကြိုးစားပါက ကျနိုင်သည်။ ဘာသာရေးလုပ်သူများ ပုတီး တစ်နေ့ အပတ်တစ်သောင်းစိတ်ပါ။ ရလဒ်မှာ အညောင်းမိနိုင်သည်။ ခြေထောက်တွင် အသားမာတက်နိုင်သည်။ ကဘာ တစ်ဝှမ်းလုံးတွင်လည်း စီပွားရေး ပြန်လည်ကောင်းမွန်လာမည်။ အလုပ်လုပ်သူများ လကုန်လျှင် လစာရမည်။ ကံကောင်းပါက ဒီဇင်ဘာလတွင် ဘောနပ်ရနိုင်သည်။
အထူးခြားဆုံး အချက်မှာ အနောက်တောင် အာရှနိုင်ငံတစ်ခု တွင် အစိမ်းရောင် ငွေစက္ကုတစ်ရွက် ပေါ်ပေါက်လာမည်။ နောက်ခြောက်လအတွင်း မပေါ်ပေါက်ပါက တစ်နေ့နေ့ ပေါ်ပေါက်နိုင်သည်။ထိုငွေစက္ကုသည် ဝိတ်မလောက (သို့) သိုက်စသော စာကလေးသိုက် ၊ငှက်သိုက်တိုနှင့် ဆက်စပ်၍ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။
၂၀၁၂ ခုနှစ်နှောင်းပိုင်း ခြောက်လကာလတွင် သဘာဝသတ္ထုများတူးဖော်တွေ့ရှိနိုင်သည်။ ဥပမာ မြေကြီးထဲသို ကျင်းတူးပါက ဓာတ်ခဲ အစုတ်အပြတ်များ ၊ သံချေးတက်နေသော သံတိုသံစ စသည်တို့ တွေ့ရှိနိုင်သည်.။ မည်သည့်ကိစ္စမဆို ရုတ်တရက် အပြောင်းအလဲ ဖြစ်နိုင်သည်။ ဥပမာ ရန်ကုန်တွင် ဂျိုးဖြုရေလာနေရာမှ ရုတ်တရက် ဂျိုးဖြုရေ ပြတ်သွားခြင်း၊ မျက်စိမှတ်ပါက မှောင်မည်းသွားခြင်း တို့ဖြစ်နိုင်သည်.။ ၂၀၁၂ သည် အကောင်းအဆိုး ဒွန်တွဲနေရာ ပညာရေး ဘာသာရေး လုပ်သူများအဖို့ ထိပ်ဆုံးရောက်နိုင်သည်။ သို့သော် မကောင်းသော အပြောင်းအလဲများလည်းရှိသည်။ ဥပမာ မိုးတွင်းတွင် မိုးသဲသဲမဲမဲ ရွာခြင်း ၊ မိုးတွင်းဖြစ်သော်ငြား နေထွက်ခြင်း ၊ ည ရှစ်နာရီဆိုပါက နေလုံး မမြင်ရခြင်း စသည်တို့ ဖြစ်ပေါ်လာနိုင်သည်။ ၂၀၁၂ ၏ အထူးခြားဆုံးကို ဒေါက်ကနဲဒေါက်ကနဲ ကောက်ချက်ချရမည်ဆိုလျှင် မြန်မာပြည်တွင် ကြက်ဆူဆီမီးဖို တီထွင်ခဲ့သကဲ့သို့၎င်း ၊ သစ်ဆိမ့်ဆီ ထုတ်လို့ရပီဟူ၍ လည်းကောင်း ထို့ကဲ့သို့ တလွဲဆံပင်ကောင်း ဖြစ်ရပ်များပေါ်ပေါက်လာမည်ဖြစ်သည်။၂၀၀၇ ခုနှစ်က ဖြစ်ပေါ်ခဲ့သော လိမ္မော်သီး အရေးအခင်းကဲ့သို့သော် ဖြစ်ရပ်များကဲ့သို့ လူ၏ပယောဂကြောင့်လည်းကောင်း ပေါ်ပေါက်လာနိုင်သေးသည်။ ယခုတချို့ပင် ပေါ်ပေါက်နေပီဖြစ်သည်။
၂၀၁၂ အားခြုံငုံ၍ ပြောရမည်ဆိုလျှင် ကောင်းချင်လည်းကောင်းမည်၊ဆိုးချင်လည်းဆိုးမည် ဖြစ်သော
နှစ်တစ်နှစ်ဖြစ်ကြောင်း အကျနုပ် နမိတ်ဖတ်လိုက်ပေတော့သတည်း။
အကျနုပ်၏ တပည့်ရေးထားသော နမိတ်စာတမ်းအား ဖတ်ရှုလိုပါက ဒီမှာ ကလစ်ပါ ။
လေးစားစွာဖြင့်
ဗျစ်တစ်ပြန် ဗေဒဝိတ်ဇာကလိမ် ဆရာကြီး
မျှစ်ဇင်ယော်မည်း
08 June 2012
23 May 2012
ကျနော့်ရဲ့ ပြတင်းပေါက်လေး
ကျနော့်ရဲ့ ပြတင်းပေါက်လေး
ဟုတ်တယ် ကျနော့်နေတဲ့ အခန်းမှာ ပြတင်းပေါက်လေးတစ်ခုရှိတယ်.
ကျနော်နေတဲ့ အခန်းဆိုတော့ လောလောဆယ် ကျနော်ပိုင်တာပေါ့နော်..
ပြန်ရောက်လာတိုင်းကျနော် အရင်ဆုံးလုပ်မိတာကတော့ ဖယောင်းတိုင်ကိုထုတ် မီးခြစ်ခြစ်ရတာပါပဲ။
အလုပ်က ပြန်လာတိုင်း မီးကပျက်နေတယ်လေ။
နောက်တော့ ဘတ်ထရီကုန်နေတဲ့ အိုင်ပတ် ၂ ကို စားပွဲပေါ်တင်.. အိုင်ဖုန်း ၄အက်စ် ကိုလဲ စားပွဲပေါ်မှာတင်ပီး ပြတင်းပေါက်လေးကို ဖွင့်လိုက်တယ်.. ပီးတော့ ရေချိုးခန်းကိုသွား လက်ဆေး ခြေဆေးပီး ပြတင်းပေါက်နားမှာ ခုံတစ်လုံး ယူထိုင်ပီး ငေးကြည့်နေလိုက်တယ်။
ထိုအချိန်မှာပဲ အတွေးထဲကို ဝင်လာတာ တစ်နေ့တာ ပင်ပန်းတာတွေ၊ရန်ဖြစ်ရတာတွေ ပျော်ရွှင်ကြည်နှုးရတာတွေပေါ့။ အဲဒါတွေကိုထွက်သွားဖို့ သက်ပြင်းလေးကို အနားမှာ ဘယ်သူမှမရှိပေမဲ့ ခိုးချရင်း ဘောင်ခတ်ထားတဲ့ ပြတင်းပေါက်ကို ကျော်ပီး လောကကြီးကိုကြည့်လိုက်မိတယ်။
ပြတင်းပေါက်ကနေလှမ်းကြည့်ရင် တွေ့ရတာက အိမ်လေးတွေပဲ။ တချို့အိမ်တွေက မီးပျက်နေပေမဲ့လဲ အင်ဗာတာလေးတွေနဲ့ ဆိုတော့ မှိတ်တုတ်မှိတ်တုတ် လေးတွေတော့ လင်းနေတယ်။ တချို့ကျတော့ လဲ ဖယောင်းတိုင်လေးတွေနဲ့ပေါ့။ အဲလိုနဲ့လိုက်ကြည့်ရင်း အနားမှာ၇ှိတဲ့ ဘီယာဆိုင်ကို ကြည့်မိတော့။
သူတို့လောက ကတော့ ဆူညံနေလေရဲ့။ နီနီ ဝါဝါ ပြာပြာ မီးရောင်စုံတွေရဲ့အောက်မှာ လှနေတဲ့ မိန်းမလေးတွေရယ် အဆီပျံနေတဲ့မျက်နှာတွေရယ်ကိုတွေ့ရမယ်လို့ စိတ်ကူးပုံဖော်နေမိတယ်။
အဲဒီ အချိန်မှာ သူနားထဲကြားလိုက်ရတာက ရယ်သံလေးတွေ ...ဒီရယ်သံတွေကို သူ မှတ်မှတ်ထင်ထင်ရှိနေခဲ့တယ်။ ရင်းလဲ ရင်းနှီးတယ်။ တချိန်တည်းမှာပဲ သူသတိရမိတာက ဖန်ခွက်တစ်လုံးနဲ့အဖော်ပြုနေတဲ့ သူ့ပုံရိပ်တွေ နံရံကို ကျောမီရင်း အိုင်ဖုန်းနဲ့ ဂိမ်းဆော့နေတဲ့ သူ့ပုံရိပ်တွေ ကို ပြန်မြင်ယောင်လာတယ်။
ဒီနေ့လည်းကျနော် အလုပ်က ပြန်လာတယ်. သူငယ်ချင်းတစ်ယောက်နဲ့ ဘီယာဆိုင် အသစ်အကြောင်းပြောရင်းနဲ့ပေါ့။ပျော်လို့ ရီလို့ မောလို့ပေါ့
အိမ်ပြန်ရောက်တယ်.. ဖယောင်းတိုင်ထွန်းတယ်.. အိုင်ပတ်တွေ အိုင်ဖုန်းတွေကို စားပွဲပေါ်တင်တယ်။ ပြတင်းပေါက်ဖွင့်တယ်။
ဘီယာဆိုင်ကိုငေးကြည့်တယ်။
တချိန်တည်းမှာပဲ တစ်ခုခုကို ဆာလောင်နေတဲ့ အသံကို ပြန်ကြားရတယ်။
နှုတ်ခမ်းကို လျှာနဲ့သပ်မိတယ်။
လမင်းကိုရှာကြည့်တော့ မတွေ့ လမိုက်ရက်ထင်ပါရဲ့..
မီးပြာပြာ နီနီ တွေကို လှမ်းကြည့်မိတယ်.
ဘီယာခွက် ကိုင်ထားပီး မခို့တခို့ရပ်နေတဲ့ ကောင်မလေး ပိုစတာကို လှမ်းကြည့်မိတယ်။
တစ်ယောက်ယောက်က ပြောတဲ့အသံတစ်ခုကြားလိုက်တယ်။
တိုးညှင်းလွန်းနေပေမဲ့ ကျနော် ဘာပြောလဲ ဆိုတာကောင်းကောင်းသိတယ်။
ဘယ်သူမှလဲ အနားမှာ မရှိဘူး ဘယ်သူပြောမှန်းလဲ မသိဘူး။
ဘယ်နေရာက ပြောမှန်းလဲ မသိဘူး
ဒါပေမဲ့ တစ်ယောက်ယောက်ပြောလိုက်တယ် ကျနော်ကြားလိုက်တယ်။
ပြတင်းပေါက်ကို ပိတ်တယ်. အိုင်ဖုန်းကို ယူတယ်။
အပြင်သွားဖို့ပြင်တယ် တံခါးကို လော့ချတယ်။
အဲဒီအချိန်မှာပဲ ခုနက စကားကို ထပ်ကြားလိုက်တယ်။
အဲဒါက
"မင်း ဘီယာသွားသောက် သင့်ပီတဲ့". နှုတ်ခမ်းကို သပ် ..လေးကိုင်းသဏ္ဍန် ကွေးညွှတ်ပီး
ဟုတ်တာပေါ့လို့ ကိုယ့်ကိုကိုယ်ပြောမိတယ်။
တချိန်တည်းမှာပဲ ကြားလိုက်ရတာက" ဟေး" ဆိုတဲ့ အသံကြီးပဲ
အော် မီးလည်း ပြန်လာပီကိုး...
ကျနော်လည်း လေလေးချွန်ပီး အိမ်နားမှာ ရှိတဲ့ ဘီယာဆိုင်ကို ထွက်လာလိုက်ပါတော့တယ်။
လေးစားစွာဖြင့်
စီအိုင်အေ ငထွဋ်
ပီ အက်စ်။ ။ ဘလော့ဂါတစ်ယောက်ရဲ့ပို့စ်ကို မှီညမ်း၍ ပေါက်ကရလုပ်ထားသည်။

04 May 2012
မျှစ်နှင့်ဖေ့ဘုတ် ဖန်ပေ့
ကျနော်လဲ ပျင်းတာက တစ်ကြောင်း ကုန်ကြမ်းမရတာကတစ်ကြောင်းကြောင့် စာတွေမရေးဖြစ်ဘူး။ နောက်တစ်ချက်က ဖဘမှာပျော်မွေ့နေတာလဲ ပါတာပေါ့လေ။ အခုတော့ ကျနော့်ရဲ့ စာဖတ်ပရိတ်သတ် တွေကို ပို၍နီးကပ်လာစေရန် ဖေ့ဘုတ် ဖန်ပေ့ဂ်ျ ထောင်ဖို့ကြိုးစားနေပါတယ်။ဖန်ပေ့ဂ်ျထောင်ရခြင်းမှာ နာမည်ကြီးလိုစိတ်အလျင်းမရှိဘဲ ပရိသတ်နှင့်ပိုမို နီးကပ်စေရန်ဖြစ်သည်။
ဖေ့ဘုတ်ဖန်ပေ့ ထောင်ခြင်းအားဖြင့် ပရိသတ်နဲ့ကျနုပ်ပို၍နီးကပ်လာမယ်လို့ လဲ ယုံကြည်မိပါတယ်။ စာဖတ်သူများသိကြတဲ့အတိုင်း ကျနော်သည် ရသ စာပေများရေးသူမဟုတ်သောကြောင့် ကျနော့်၏ ဖန်ပေ့တွင် ရသ၊ကဗျာ၊စသည့် တန်ဖိုးရှိသောစာများလုံးဝ လုံးဝ တင်မည် မဟုတ်ဘဲ ..ပေါက်ကရလေးဆယ် စာများ ဒါ့ပုံများ သည်းခြေကြိုက် ရေငတ်စေသောပုံများတင်မည်ဖြစ်သည်။
ပေါက်ကရ ဝတ်ထုများကိုလည်း တင်ပေးမည်ဖြစ်သည်။။ ကျနော်အခုလက်ရှိရေးသားနေသော “မျှစ်တို့၏မာယာ” ဝတ်ထုရှည်ကြီးအားလည်း လက်စသတ်၍ ဖဘတွင် တင်ပြမည်ဖြစ်သည်။ နောက်တစ်ချက်မှာ ကျနော့် ဖန့်ပေ့လေးအား ပထမဆုံး မန်ဘာဖြစ်မဲ့ ခုနှစ်ယောက်ကို အိမ်ကကြောင်မများ ကမြင်း၍မွေးထားသော် ကြောင် ခုနှစ်ကောင်အား အမေ၇ိကန်စစ်စတမ် (ကွကို ပိုက်ဆံရှင်း)စနစ်ဖြင့် အိမ်တိုင်ယာရောက်ပို့ပေးပါမယ်။
ကြောင်မလိုချင်သောသူများကိုလည်း လူကြုံရှိပါက လက်ဆောင်ပစ္စည်းများထည့်ပေးမည်ဖြစ်ပီး ကုန်ကျစ၇ိတ်ကို ပြန်လည်ပို့ပေးရမည်ဖြစ်ပါသည်။ :D
သို့သော ဖန်ပေ့ထောင်ရခြင်းကြောင့် ဘလော့နှင့်လဲ ဝေးကွာမည်မဟုတ်ဘဲ ဆက်လက်ရေးသားသွားမည်ဖြစ်ကြောင်း ပရိသတ်ကို အသိပေးအပ်ပါသည်။
လောလောဆယ် ကျနော့်ရဲ့ဖန်ပေ့လေးကို ဘလော့ဂါ စာဖတ်ပရိသတ်များကို နာမည်လေးရွေးပေးစေချင်ပါတယ်။လောလောဆယ် ကျနော်စဉ်းစားထားသော နာမည်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁) မျှစ်ချိုးဟင်း
၂) မျောလွင့်မျှစ်တို့နားခိုရာ
၃) အမှောင်ထုထဲက မျှစ်ချဉ်များ
၎) မဒမ်မျှစ်
၅) My မျှစ်ချဉ်
၆) အမှတ်တရမျှစ်ချဉ်များ။
၇) ကိုမျှစ်(357)
၈) မျှစ်ချဉ်၏ အတွေးပုံရိမ်များ
၉) မျှစ်တံချို
၁၀) ကိုကိုမျှစ်(မျှစ်ရနံ)
ပရိသတ်ကြီးများထဲက စဉ်းစားမိသောနာမည်လေးများရှိရင်လဲ မန့်သွားကြပါဦးလို့ မစ်တာ ရပ်ခံအပ်ပါဒယ်။
ကျနော့်အား နဲနဲချစ်သော၊ချစ်သော၊အများကြီးချစ်သော ပိုးစိုးနဲ့ပက်စက် ချစ်သောပရိသတ်အားလုံးလဲ ကျန်းမာကြပါစေ။
(ဘလော့နာမည်များအား ယူသုံးထားပါသည်။ခွင့်မတောင်းမိသည့်အတွက် ခွှင့်လွှတ်စေချင်ပါသညါ)
လေးစားစွာဖြင့်
မျှစ်ဝေယံ

12 April 2012
ဖက်ရှင်
ဖက်ရှင်
ပွေးကွက်နဲ့ ခြေထောက်ကို
စတုတ်ကင် စွပ်
ပေါင်တုတ်တုတ် နဲ့ လမ်းလျှောက်တော့
... ကြက်ကင်လမ်းလျှောက်ထွက်သလို
ကာသသားတွေကြည့် လှတယ်ထင်
ပဲတက်တာက ဂျိုလီအလား
ဗိုက်ကိုလှုပ် တင်ကိုကောက်တော့
ရွံထှာ
နောက်တစ်ခါ ချက်ပေါ်လေးတွေ ဝတ်ကျ
ချက်မှာ ချေးက လက်တစ်သစ်နဲ့
ဖင်အကျပ်နဲ့ လှုပ်ခါသွား
ယိုသူမရှက် မြင်သူရှက်နဲ့
ရွံစရာ
တစ်ကိုယ်လုံးကိုကြည့်
မျက်နှာက ဖွေး လည်ပင်းက မည်းနဲ့
သူငယ်တန်း စွပ်ကျယ်ကို ဝက်ကိုယ်မှာစွပ်ပါလို့
လမ်းလျှောက်လိုက်တာများ
ဆလူး ပြောသလို ပြောလိုက်မယ်
စိတ်ကုန်ဘီတော်..
လူတကာ အမြင် အော်ဒါရှာ -ာအလား
လန်းလှပါဘိ
အနားကပ်ခါ ရေလောင်းလိုလို
ဈေးမေးလိုက်မယ်
တစ်လျှော့ ဘယ်လောက်လဲဟေး
ကဗျာဆရာ
ငထွဋ်

Subscribe to:
Posts (Atom)