12 April 2012

ဖက်ရှင်

ဖက်ရှင်

ပွေးကွက်နဲ့ ခြေထောက်ကို
စတုတ်ကင် စွပ်
ပေါင်တုတ်တုတ် နဲ့ လမ်းလျှောက်တော့
... ကြက်ကင်လမ်းလျှောက်ထွက်သလို

ကာသသားတွေကြည့် လှတယ်ထင်
ပဲတက်တာက ဂျိုလီအလား
ဗိုက်ကိုလှုပ် တင်ကိုကောက်တော့
ရွံထှာ

နောက်တစ်ခါ ချက်ပေါ်လေးတွေ ဝတ်ကျ
ချက်မှာ ချေးက လက်တစ်သစ်နဲ့
ဖင်အကျပ်နဲ့ လှုပ်ခါသွား
ယိုသူမရှက် မြင်သူရှက်နဲ့
ရွံစရာ

တစ်ကိုယ်လုံးကိုကြည့်
မျက်နှာက ဖွေး လည်ပင်းက မည်းနဲ့
သူငယ်တန်း စွပ်ကျယ်ကို ဝက်ကိုယ်မှာစွပ်ပါလို့
လမ်းလျှောက်လိုက်တာများ
ဆလူး ပြောသလို ပြောလိုက်မယ်
စိတ်ကုန်ဘီတော်..

လူတကာ အမြင် အော်ဒါရှာ -ာအလား
လန်းလှပါဘိ
အနားကပ်ခါ ရေလောင်းလိုလို
ဈေးမေးလိုက်မယ်
တစ်လျှော့ ဘယ်လောက်လဲဟေး

ကဗျာဆရာ
ငထွဋ်

03 April 2012

ဘောပွဲ

April 1 2012

အေပရယ်လ ၁ ရက်နေ့ကတော့ အများပြည်သူ စောင့်မျှော်နေကြတဲ့ မြန်မာနိုင်င်ငံ ပါတီများဆိုင်ရာ ဘောလုံးပွဲကြီးပဲ ဖြစ်ပါတယ်။ ဒီနေ့ဟာဆိုရင်ဖြင့် ဖိုင်နယ်ပေါ့ဗျာ..

ဖိုင်နယ်မှာ တွေ့ကြတာကတော့ ခွပ်ဒေါင်းအသင်းနဲ့ခွားခြေ့သင်တို့ အသင်းပဲဖြစ်တယ်ခင်ဗျ။ အခုဆိုရင် နှစ်ဖက်အသင်းသားတွေက ကွင်းအတွင်းကို ဝင်ရောက်လာကြပါပီခင်ဗျ။ ခွပ်ဒေါင်းအသင်းက အက်ျီအနီ ဘောင်းဘီအနီ၊ ခြေအိပ် အနီဝတ်ဆင်ထားပီး၊ ခွားခြေ့သင် အသင်းကတော့ အင်္ကျီအဖြု ဘောင်းဘီ အစိမ်း ခြေအိတ် အဖြုတို့ကို ဝတ်ဆင်လာပါတယ်ခင်ဗျ။

နှစ်ဖက် အသင်းသားများဟာနေရာယူပြီးနောက် အသင်းခေါင်းဆောင်းများ ဖြစ်ကြတဲ့ ကော့မှုးနဲ့ နေပြည်တော်ထွက်လာပါတယ်ခင်ဗျာ။ ထို့နောက် နှစ်ဖက်သား လက်ဆွဲနှုတ်ဆက်ကြပီးတော့ ဒိုင်လူကြီးများနဲ့လည်း လက်ဆွဲနှုတ်ဆက်ပါတယ်ခင်ဗျာ။ ဒိုင်များကတော့ နိုင်ငံခြားက ငှားရမ်းထားသူများဖြစ်ပါတယ်။

အနီရောင် ခွပ်ဒေါင်းအသင်းက တောင်ဘက်အခြမ်းမှာ နေရာယူပြီးတော့ ခွားခြေ့သင် အသင်းကတော့ မြောက်ဘက်အခြမ်းမှာနေရာ ယူတယ်ခင်ဗျာ။

ပွဲစပါပီ။ ပွဲစတယ်ဆိုတာနဲ့ ခွား အသင်းက လျှင်လျှင်မြန်မြန်ပဲ တိုက်စစ်ဆင်ကစားတယ်ခင်ဗျ။ ဖျိုးတိုတိုတင့်ဆန်းက တိုက်စစ်မှုးပေါ့ဗျာ။ ဦးအိန်းသင်းလောင်းကတော့ တွဲဘက်တိုက်စစ်မှုးပေါ့ခင်ဗျာ။ နှစ်ယောက်သား တက်ညီလက်ညီနဲ့ဖောက်တယ်ခင်ဗျာ။ သို့ပေမဲ့ခွပ်ဒေါင်းတို့ရဲ့တောင့်တင်းခိုင်မာတဲ့နောက်ကြောင်းကို မဖောက်နိုင်ပါဘလူး။ ဖျိုးတိုတိုတင့်ဆန်းက မန်းဂျော်နီကိုခြေယောင်ပြပီး လှည့်ထွက်ဖို့ကြိုးစားပေမဲ့ မလွတ်ဘူးခင်ဗျာ။

ဒီလိုနဲ့နှစ်ဖက်သား တစ်ယောက်တစ်လှည့် ကြိုးစားပီး ဂိုးရဖို့ တိုက်စစ်ဆင်ကစားနေတုန်းမှာဘဲ ခွပ်ဒေါင်းအသင်းက ကောင်တာ ရလာပီး နောက်တန်း အစွန်လူ မန်းဂျော်နီက တင်ပေးတဲ့ဘောလုံး ဖြုဖြုသင်းက ဘယ်တောင်ပံအတိုင်းဆွဲပြေး၍ ဂိုးရှေ့သို့ ဖြတ်တင်သောအခါ တိုက်စစ်မှုးဇေယျာသော်က ဝင်ပိတ်ပေမဲ့ လွဲချော်သွားပီး နောက်က မားကင်းလွတ်နေတဲ့ ကော့မှုးက အပိုင် ပိတ်သွင်းလိုက်လေသည်။ ဂိုးသမား မည်သို့မျှ မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရပါသည်။

ဖျိုးတိုတိုရဲ့ ကြိုးစားအားထုတ်မှုကို ခွပ်ဒေါင်းဂိုးသမား အသာအယာ ကာကွယ်နိုင်သလို အိန်းသင်းလောင်လဲ မားကင်းမိနေတဲ့အတွက် လှုပ်မရပါဘူး။ ထိုနောက်မှာတော့ တစ်ဖက်နဲ့တစ်ဖက် ဂိုးထပ်မသွင်းနိုင်ပဲ ခွပ်ဒေါင်းက တစ်ဂိုး အသာနဲ့ဦးဆောင်နေပါတယ်။

ဒုတိယ ပြန်အစမှာတော့ ခွားခြေ့သင် အသင်းက ကစားကွက်ပြောင်းလာပါတယ်။ တိုက်စစ်ကို ပိုမို အားပြုကစားပီး အားကိုးရတဲ့ အသင်းသားနှစ်ယောက်ဖြစ်တဲ့ ပုပ်ပွသီရိနဲ့ဇတ်ပူသိ၇ိ နှစ်ဦးတို့ကို ထည့်သွင်းကစားလာပါတယ်။ အလယ်တန်းမှ နေပြည်တော်မှာလည်း ပထမပိုင်းက ခြေစွမ်းပျောက်သလောက် ဒုတိယပိုင်းတွင် ခြေစွာလာပါတယ်။ ခွပ်ဒေါင်းမှလည်း နောက်တန်းမှ တောင်ညွန့်၊နွားထိုးကြီးတို့ က ခြေစွမ်းပြကာ ဖျက်ထုတ်၍ အလယ်တန်းမှ ပခုတ်ကူ ၊မကွေးတို့ကလည်း ကောင်တာကို အခြေပြုကို ထိုးဖောက်ကစားနေခဲ့သည်။ မိနစ် ၆၀ တွင် ပုပ်ပွသီရိ ဖြတ်ပို့သော ဘောလုံးကို ဖျိုးတိုတို သွင်းဖို့ကြိုးစားသော်လည်း ဘေးချော်သွားခဲ့သည်။ ထို့နောက် ခွပ်ဒေါင်းမှ ချက်ချင်းပြန်လည် တိုက်စစ် ဆင်လာပီး ပခုတ်ကူက နေ မကွေး ၊မကွေးမှ တဆင့် ကော့မှုး ဖြတ်တင်သောဘောလုံးကို ဇေယျာသော် အပိုင်ကစ်သော်လည်း ဂိုးသမား ကာကွယ်သွားနိုင်သဖြင့် ထောင့်ကန်ဘောဖြစ်သွားခဲ့သည်။ ထိုထောင့်ကန်ဘောကို လက်ပံတန်းကန်တင်ရာ တစ်ဖက်နောက်တန်းအမှားမှ တဆင့် တောင်ညွန့်က ခေါင်းတိုက်ဂိုးသွင်းသွားခဲ့သည်။


ခွပ်ဒေါင်းအသင်းက အဖိခံနေရသော်လည်း ယခု ပွဲပြီးဆုံးခါနီးတွင် ပြန်လည် အသာရလာခဲ့သည်။ ခွပ်ဒေါင်းအသင်း၏တိုက်စစ်များကို ခွားခြေ့သင်တို့ အသည်းအသန် ဖျက်ထုတ်နေရသည်။ ခွပ်ဒေါင်းအသင်းမျ ပခုတ်ကူ၊မကွေး ၊ကော့မှုးတို့ရဲ့တွဲလုံးများ ၊မန်းဂျော်နီ ၊လက်ပံတန်း၊ဇေယျာသော်တို့ရဲ့တောင်ပံ တိုက်စစ်များကို ကာကွယ်ရင်း ခံစစ်တွင်သာ အချိန်ကုန်နေခဲ့သည်။ နောက်ဆူံးမိနစ် နာကျင်အချိန်ပိုတွင် နောက်တန်း တောင်ညွန့်က ကန်ပို့လိုက်သော ဘောလုံးကို ပခုတ်ကူက တစ်ချက်ဖမ်းတာ၍ ဇေယျာသော်ဆီသို့ အမြောက်တင်ပေးသောအခါ ဇေယျာသော်က အမိဖမ်း၍ ဖျိုးတိုတို၊ပုပ်ပွသီရိနှင့်ဇာတ်ပူသီရိ တို့ကို လိမ်ခေါက်ကာ ဂိုးရှေ့သို့ ဖြတ်ပို့သည့်ဘောလုံးကို လက်ပံတန်းက အပြင်းကန်သွင်းသွားလေသည်။

ထို့နောက်တွင်တော့ ပွဲပြီး ခရာမှုတ်သံကြားရကာ ခွပ်ဒေါင်းအသင်းမှ ခွားခြေ့သင် အသင်းကို ၃-၀ဖြင့် အပြတ်အသတ်အနိုင်ရရှိသွားပါတယ်။

မြန်မာနိုင်ငံပါတီများဆိုင်ရာ ဖလားကို ခွပ်ဒေါင်းအသင်းက ၂၀၁၂ အတွက်ရရှိသွားပါတယ်ခင်ဗျား။
၂၀၁၅ မှာ မည်သူချံပီယံဖြစ်မယ်ဆိုတာစောင့်ကြည့်ရင် ဘောပွဲအစီစဉ်ကို ရုတ်သိမ်းကြပါစို့လားခင်ညာ..


လေးစားစွာဖြင့်
မျှစ်

27 March 2012

ဂျင်မ် နှင့်မျှစ်

အကျနုပ်မောင်မျှစ်သည် တင်းဂွေနေ့တွင် ဘာမှ လုပ်စရာမရှိသဖြင့် နေမြင့်သော အချိန် ၁၂ နာရီမှာ အိပ်ရာထသည်။ မျက်နှာသစ် သွားတိုက် ရေချိုးပီး၍ မံမံစားပီးသော် ၃ နာရီနီးပါှးရှိလေသည်။ သို့နှင့် ထပ်အိပ်လေသည်။

အိပ်ရာမှ နိုးသော် ညနေ ငါးနာရီထိုးချေပီ။ဘာလုပ်ရမည်နည်းဟု စဉ်းစားသော်။ လူတစ်ကာ အပစ်ဖို့နေသော အရာကို ဖျောက်ဖျက်ပစ်ရန်ကြိုးစားရန် စဥ်းစားမိ၏။ သို့နှင့် ဖုန်းကို နားကြပ်တပ် ဆိုင်ကယ်ယူ ၍ ပိုက်ဆံထည့်ကာ အလေးမရုံ (သို့ )gym ဆီသို့ ဆိုင်ကယ် ခြေလှမ်းကျဲကြီးဖြင့် ထွက်လာခဲ့လေသည်။

ဂျင်မ် သို့ရောက်သောအခါ နှုန်းထားများအား ကြည့်ရှုသောအခါ တစ်ခါတော့ ခမာနိုင်ငံသား နှစ်ထောင် ရီယယ်(လိုကယ်ငွေ) ဖော်ရိန်းနား ဒေါ်လှ တစ်ကျပ် ဖြစ်သည်။ (စကားချပ် တစ်ဒေါ်လာ=လေးထောင်ရီယယ်)။ အံသြမိလေသည်။ မည့်သို့ကြောင့် ဖောရိန်းနား အတွက် နှစ်ထောင်ပိုနေသနည်း။ အကျနုပ် သည် အဆီကျကာ randy orton တို့လို ဖြစ်ချင်သော်လည်း ပိုက်ဆံဖြုန်းရမှာ နှမျောသည့်အတွက် ခမာယောင်ဆောင်ကာ ဝင်သွားလိုက်သည်။ စကားတစ်လုံးမှမပြောဘဲ သဘက်တစ်ထည်ဆွဲခါ အလေးမရန် ခြေလှမ်းကျဲကြီးဖြင့် ဝင်သွားလိုက်သည်။

















အထဲသို့ရောက်သောအခါ ကျနုပ်သည် ထရက်ကင်းမရှင်းပေါ်သို့တက်၍ သွေးပူစသည်။သို့သော် နှစ်မိနစ်ပင် မကြာ ဆင်းပြေးရသည်။အလွန်မော၍ဖြစ်သည်။ အလေးမ၇န် နေရာရှာသောအခါ တစ်နေရာ လွတ်နေသည်ကို တွေ့ရသဖြင့် အပြေအလွှားသွားကာ နေရာယူရသည်။ သူများ မနေသည်ကို ကြည့်လိုက်သောအခါ သူတို့သည် ကီလို ၁၀၀ မနေကျခြင်းဖြစ်သည်။ ကိုယ့်အတွေးမှာ ဂလောက်တော့ အချဉ်ပဲဟု ဆို၍ အလေးကို အစမ်းမရန် ကီလို တစ်ဘက် နှစ်ဆယ်ဆီထည့်၍မလိုက်သည်။ ပထမ တစ်ကျော့ ရှစ်ကြိမ် အေးဆေးပဲ။ နောက်တစ်ကြော့ ရှစ်ကြိမ် နည်းနည်းဖောက်လာသီ။ သုံးကျော့မြောက်တွင်မူ ကျနုပ်၏ ဘယ်ဘက်လက် သည် ခရက် ဟု ကြားလိုက်ရကာ လက်မြှောက်လို့မရတော့ပေ။

ထို့နောက် ဘယ်ဘက်လက်သည် အလွန်မှ နာလာသဖြင့် အလေးမခြင်းကို ရပ်ဆိုင်းကာ ဘယ်လီစင်သို့ သွားကာ ဘယ်လီ ရိုက်လေသည်။ တားဂတ် မှာ တကျော့ အကြိမ် နှစ်ဆယ်ဖြင့် လေးကျော့ ရိုက်ရန်ဖြစ်သော်လည်း။ နှစ်ကျော့ ရိုက်အပီးတွင် ကုန်ပေါ်တွင် ရောက်နေသော ငါးပူတင်း ကဲ့သို့ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသောကြောင့် ရပ်လိုက်ရသည်။

နောက်ဆုံးမတွင်တော့ ဗိုက်အဆီကျရန် ဗလပ်ဗလပ် မရှင်း (blap Blap Machine or belt messenger)ဆီသို့ သွား၍ ခါးပတ်ပတ်ကာ စက်ကို runလိုက်သော အခါ တုန်တုန် တုန်တုန် ဖြစ်နေသော ဗိုက်ကို ကြည့်ရသည် မှာ မိုက်ကယ်ဂျော်ဒန် ဘောလုံး ပုတ်နေသကဲ့သို့ပင်။ထို့သို့ တုန်တုန် ဗိုက်ကို ကြည့်ရသည်မှာ အလွန်အားရသလို နှမျောလဲ နှမျောမိသည်။ အပျင်းပြေပွတ်စရာ ဗိုက်မရှိတော့မည်ဖြစ်သည်။


နာရီဝက်မျှ တုန်တုန် မရှင်းနှင့် ဆော့ပီးသောအခါ လေ့ကျင့်ခန်း အပီးသတ်ပီ ဖြစ်၍ ကောင်တာသို့သွား ကာ ရီယယ် နှစ်ထောင် ထုတ်ပေးကာ တစ်ချက်သွားဖြဲပြ၍ ထွက်လာခဲ့သည်။ ကျနုပ်သည် ရုတ်တရက်ကြည့်ပါက ခမာများနှင့်ချွတ်စွတ်တူလေသည်။ ထိုကြောင့်နှစ်ထောင်သာပေးခြင်းဖြစ်သည်။

ဂျင်မ် ဆော့ပီးရလာသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပေသည်။
၁။ လက်နာသွားသည်
၂။ ဗိုက်နာသဖြင့် ကုန်းတောင် မကုန်းနိုင်ပါ
၃။ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံးမှာ နာကျင်နေပါသီ။

သို့သော်လည်း ယနေ့ထပ်သွားရပေမည်။ လှချင်သည်ကိုး..

မောင်စကြာဝလာ မျှစ်
၂၇ ၀၃ ၂၀၁၂

25 March 2012

ဘလော့ ဗိုင်းရပ်ကာကွယ်နည်း

Picture from Google


အခုကျနော်တို့ ဘလော့များတွင် မဲဝဲ (သို့) ဗိုင်းရပ်စ် များပျံနေသည်ဟုတွေ့ရသည်။ သိပြီးသားလူများမှာ ဗိုင်းရပ်စ် မည်သို့စစ်ရမည်ကို သိပြီးသားဖြစ်မည်။မည်သို့ သတ်ရမည်နည်းကိုလဲ သိပြီးသား ဖြစ်နိုင်သည်။
ပထမတစ်ခေါက် မဲဝဲဖြစ်တုန်းက ကိုလင်းထက် အစရှိသော အိုင်တီဆရာများမှ နည်းလမ်းများ ပြသခဲ့ပြီးဖြစ်သည်။

သို့သော ကျနုပ် ယခုဖော်ပြမည့် နည်းသည် အလွန်တရာလွယ်ကူသည်။ ဤနည်းသည် ဗိုင်းရပ်စ် မဝင်အောင် ကာကွယ်နည်းဖြစ်သည်။ အကျနုပ်ပေးသည့် နည်းအတိုင်းလုပ်ပါက ဗိုင်းရပ်စ် ဝင်တော့မည် မဟုတ်ချေ။ အလွန်တရာမှ လွယ်ကူသည်။ အကျနုပ်သည် သိထားသောနည်းပညာကို ဖြန့်ဝေခြင်းဖြစ်သည်။ ဘလော့ကိုလဲ ဘက်ကပ် လုပ်စရာမလိုပေ။ တစ်သက်လုံး ဘလော့ရေးနေသရွေ့ စိတ်ချစွာ သုံးသွားနိုင်သည်။

ပထမဦးစွာဖြင့် မည်သူ ဗိုင်းရပ် အကိုက်ခံနေရသနည်းကိုရှာပါ။ ဘလက်လစ်စ် ဝင်နေပီလားဟု စန်းစစ်ပါ။ တွေ့ပါက လင့်ကိုဖြုတ်ပစ်ပါ။ အဲ့ဘလော့ကို ရာသက်ပန် ဘလော့ပစ်ပါ။ :D :P

ဒုတိယ နည်းမှာလည်း လွယ်ကူလှသည်။ settings==> comments ==> ထဲမှ ပထမဆုံးတွေ့ရသော အကွက်လေးကို hide ကိုရွေးလိုက်ပါ။ပြီးရင် ဆေ့လုပ်ပါ။ ဗိုင်းရပ်စ် မည်သို့မှ ဝင်နိုင်မည် မဟုတ်ချေ။ ဤနည်းကို နားမလည်ပါကနောက်တစ်နည်းမှာ
Layout (or) Designထဲဝင်လိုက် blog post ဆိုတဲ့ ပို့စ်တင်တဲ့ နေရာအကျယ်ကြီးရဲ့ ထောင့်မှာ edit ရှိတယ်
အဲ့ကိုဝင် comment ရဲ့ရှေ့က အကွက်လေးထဲက အမှန်ခြစ်လေးကို ကလစ်ပြီးဖယ်လိုက်
ပြီး ဆေ့လုပ်။ ဒါဆို တော်တော် လုံလောက်သွားပါပီ။ ဗိုင်းရပ်စ် ဝင်ဖို့တော်တော် ခက်ခဲသွားပါပီ။

နောက်ဆုံးနည်းမှာ အသေချာဆုံးနှင့်စိတ် အချရဆုံးပင်ဖြစ်သည်။
ထိုနည်းမှာ settings=>permissions=>ထဲမှာ အောက်ဆုံးတွင်ရှိသော အကွက်သုံးခုထဲမှ ညာဘက်အစွန်ဆုံး အကွက်ကို ရွေးလိုက်ပါ။

ခင်ဗျားတို့အားလုံး  ကျနုပ်ပြောသည့်အတိုင်း လုပ်ပါက သင်တို့ ဘလော့သည် ဗိုင်းရပ်စ် ကင်းစင် ပြုံးပျော်ရွှင် ဖြစ်နေမှာ အမှန်ပင်ဖြစ်သည်။

ဘက်ကပ် လုပ်လိုသူများအတွက်
မိတ်ဆွေ သင့် ဘလ အားအကောင်းဆုံး ဘက်ကပ်လုပ်နည်းမှာ ဗလာစာအုပ်တစ်ဒါဇင်ဝယ်၍လက်ရေးဖြင့်ကူးထားသည့်နည်းသာဖြစ်ပေသည်။ဒါ့ပုံများအားလည်း တစ်ပုံမကျန် ဆိုင်တွင်ကူးထားလိုက်ပါ။ထို့အတွက် ကျွန်ုပ်မှ သင့်အား အယ်လ်ဘမ် တစ်ခုလက်ဆောင်ပေးပါမည်။ (credits to July Cloud)

ဒါမှမဟုတ် ယနေ့ သင့်ပို့စ်တင်မည့် အချိန်မှစ၍ ဗလာစာအုပ်ဖြင့်ရေးမှတ်ထားနိုင်သည်။ စက်ထဲတွင် သိမ်းထားပါက ဗိုင်းရပ်ကိုက်နိုင်သည်။

ထို့ကြောင့် "ဘက်ကပ်လုပ်ဖို့ အရေး ဗလာစာအုပ်များ ဝယ်ထားဟေ့" "ဓာတ်ပုံများ မပျောက်ပျက်စေဖို့ အယ်လ်ဘမ် လေးနဲ့သိမ်းကြစို့" စသည့်ဆောင်ပုဒ်များကို ဘလော့ဂါများကြားတွင့် ဖြန့်ချိသင့်သည်။

နည်းလမ်းများ

ပထမနည်း => Settings=> comments=>comments=. choose "hide" 
တတိယနည်း=> Settings=>permission=>blog readers=> "only blog readers"

အဲ့နည်းများလုပ်ပါက ဗိုင်းရပ်စ် မဝင်နိုင်တော့ပေ။

လေးစားစွာဖြင့်
အိုင်တီဂုရု မောင်ငထွဋ်
၂၅.၀၃.၂၀၁၂