27 March 2012

ဂျင်မ် နှင့်မျှစ်

အကျနုပ်မောင်မျှစ်သည် တင်းဂွေနေ့တွင် ဘာမှ လုပ်စရာမရှိသဖြင့် နေမြင့်သော အချိန် ၁၂ နာရီမှာ အိပ်ရာထသည်။ မျက်နှာသစ် သွားတိုက် ရေချိုးပီး၍ မံမံစားပီးသော် ၃ နာရီနီးပါှးရှိလေသည်။ သို့နှင့် ထပ်အိပ်လေသည်။

အိပ်ရာမှ နိုးသော် ညနေ ငါးနာရီထိုးချေပီ။ဘာလုပ်ရမည်နည်းဟု စဉ်းစားသော်။ လူတစ်ကာ အပစ်ဖို့နေသော အရာကို ဖျောက်ဖျက်ပစ်ရန်ကြိုးစားရန် စဥ်းစားမိ၏။ သို့နှင့် ဖုန်းကို နားကြပ်တပ် ဆိုင်ကယ်ယူ ၍ ပိုက်ဆံထည့်ကာ အလေးမရုံ (သို့ )gym ဆီသို့ ဆိုင်ကယ် ခြေလှမ်းကျဲကြီးဖြင့် ထွက်လာခဲ့လေသည်။

ဂျင်မ် သို့ရောက်သောအခါ နှုန်းထားများအား ကြည့်ရှုသောအခါ တစ်ခါတော့ ခမာနိုင်ငံသား နှစ်ထောင် ရီယယ်(လိုကယ်ငွေ) ဖော်ရိန်းနား ဒေါ်လှ တစ်ကျပ် ဖြစ်သည်။ (စကားချပ် တစ်ဒေါ်လာ=လေးထောင်ရီယယ်)။ အံသြမိလေသည်။ မည့်သို့ကြောင့် ဖောရိန်းနား အတွက် နှစ်ထောင်ပိုနေသနည်း။ အကျနုပ် သည် အဆီကျကာ randy orton တို့လို ဖြစ်ချင်သော်လည်း ပိုက်ဆံဖြုန်းရမှာ နှမျောသည့်အတွက် ခမာယောင်ဆောင်ကာ ဝင်သွားလိုက်သည်။ စကားတစ်လုံးမှမပြောဘဲ သဘက်တစ်ထည်ဆွဲခါ အလေးမရန် ခြေလှမ်းကျဲကြီးဖြင့် ဝင်သွားလိုက်သည်။

















အထဲသို့ရောက်သောအခါ ကျနုပ်သည် ထရက်ကင်းမရှင်းပေါ်သို့တက်၍ သွေးပူစသည်။သို့သော် နှစ်မိနစ်ပင် မကြာ ဆင်းပြေးရသည်။အလွန်မော၍ဖြစ်သည်။ အလေးမ၇န် နေရာရှာသောအခါ တစ်နေရာ လွတ်နေသည်ကို တွေ့ရသဖြင့် အပြေအလွှားသွားကာ နေရာယူရသည်။ သူများ မနေသည်ကို ကြည့်လိုက်သောအခါ သူတို့သည် ကီလို ၁၀၀ မနေကျခြင်းဖြစ်သည်။ ကိုယ့်အတွေးမှာ ဂလောက်တော့ အချဉ်ပဲဟု ဆို၍ အလေးကို အစမ်းမရန် ကီလို တစ်ဘက် နှစ်ဆယ်ဆီထည့်၍မလိုက်သည်။ ပထမ တစ်ကျော့ ရှစ်ကြိမ် အေးဆေးပဲ။ နောက်တစ်ကြော့ ရှစ်ကြိမ် နည်းနည်းဖောက်လာသီ။ သုံးကျော့မြောက်တွင်မူ ကျနုပ်၏ ဘယ်ဘက်လက် သည် ခရက် ဟု ကြားလိုက်ရကာ လက်မြှောက်လို့မရတော့ပေ။

ထို့နောက် ဘယ်ဘက်လက်သည် အလွန်မှ နာလာသဖြင့် အလေးမခြင်းကို ရပ်ဆိုင်းကာ ဘယ်လီစင်သို့ သွားကာ ဘယ်လီ ရိုက်လေသည်။ တားဂတ် မှာ တကျော့ အကြိမ် နှစ်ဆယ်ဖြင့် လေးကျော့ ရိုက်ရန်ဖြစ်သော်လည်း။ နှစ်ကျော့ ရိုက်အပီးတွင် ကုန်ပေါ်တွင် ရောက်နေသော ငါးပူတင်း ကဲ့သို့ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသောကြောင့် ရပ်လိုက်ရသည်။

နောက်ဆုံးမတွင်တော့ ဗိုက်အဆီကျရန် ဗလပ်ဗလပ် မရှင်း (blap Blap Machine or belt messenger)ဆီသို့ သွား၍ ခါးပတ်ပတ်ကာ စက်ကို runလိုက်သော အခါ တုန်တုန် တုန်တုန် ဖြစ်နေသော ဗိုက်ကို ကြည့်ရသည် မှာ မိုက်ကယ်ဂျော်ဒန် ဘောလုံး ပုတ်နေသကဲ့သို့ပင်။ထို့သို့ တုန်တုန် ဗိုက်ကို ကြည့်ရသည်မှာ အလွန်အားရသလို နှမျောလဲ နှမျောမိသည်။ အပျင်းပြေပွတ်စရာ ဗိုက်မရှိတော့မည်ဖြစ်သည်။


နာရီဝက်မျှ တုန်တုန် မရှင်းနှင့် ဆော့ပီးသောအခါ လေ့ကျင့်ခန်း အပီးသတ်ပီ ဖြစ်၍ ကောင်တာသို့သွား ကာ ရီယယ် နှစ်ထောင် ထုတ်ပေးကာ တစ်ချက်သွားဖြဲပြ၍ ထွက်လာခဲ့သည်။ ကျနုပ်သည် ရုတ်တရက်ကြည့်ပါက ခမာများနှင့်ချွတ်စွတ်တူလေသည်။ ထိုကြောင့်နှစ်ထောင်သာပေးခြင်းဖြစ်သည်။

ဂျင်မ် ဆော့ပီးရလာသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပေသည်။
၁။ လက်နာသွားသည်
၂။ ဗိုက်နာသဖြင့် ကုန်းတောင် မကုန်းနိုင်ပါ
၃။ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံးမှာ နာကျင်နေပါသီ။

သို့သော်လည်း ယနေ့ထပ်သွားရပေမည်။ လှချင်သည်ကိုး..

မောင်စကြာဝလာ မျှစ်
၂၇ ၀၃ ၂၀၁၂

25 March 2012

ဘလော့ ဗိုင်းရပ်ကာကွယ်နည်း

Picture from Google


အခုကျနော်တို့ ဘလော့များတွင် မဲဝဲ (သို့) ဗိုင်းရပ်စ် များပျံနေသည်ဟုတွေ့ရသည်။ သိပြီးသားလူများမှာ ဗိုင်းရပ်စ် မည်သို့စစ်ရမည်ကို သိပြီးသားဖြစ်မည်။မည်သို့ သတ်ရမည်နည်းကိုလဲ သိပြီးသား ဖြစ်နိုင်သည်။
ပထမတစ်ခေါက် မဲဝဲဖြစ်တုန်းက ကိုလင်းထက် အစရှိသော အိုင်တီဆရာများမှ နည်းလမ်းများ ပြသခဲ့ပြီးဖြစ်သည်။

သို့သော ကျနုပ် ယခုဖော်ပြမည့် နည်းသည် အလွန်တရာလွယ်ကူသည်။ ဤနည်းသည် ဗိုင်းရပ်စ် မဝင်အောင် ကာကွယ်နည်းဖြစ်သည်။ အကျနုပ်ပေးသည့် နည်းအတိုင်းလုပ်ပါက ဗိုင်းရပ်စ် ဝင်တော့မည် မဟုတ်ချေ။ အလွန်တရာမှ လွယ်ကူသည်။ အကျနုပ်သည် သိထားသောနည်းပညာကို ဖြန့်ဝေခြင်းဖြစ်သည်။ ဘလော့ကိုလဲ ဘက်ကပ် လုပ်စရာမလိုပေ။ တစ်သက်လုံး ဘလော့ရေးနေသရွေ့ စိတ်ချစွာ သုံးသွားနိုင်သည်။

ပထမဦးစွာဖြင့် မည်သူ ဗိုင်းရပ် အကိုက်ခံနေရသနည်းကိုရှာပါ။ ဘလက်လစ်စ် ဝင်နေပီလားဟု စန်းစစ်ပါ။ တွေ့ပါက လင့်ကိုဖြုတ်ပစ်ပါ။ အဲ့ဘလော့ကို ရာသက်ပန် ဘလော့ပစ်ပါ။ :D :P

ဒုတိယ နည်းမှာလည်း လွယ်ကူလှသည်။ settings==> comments ==> ထဲမှ ပထမဆုံးတွေ့ရသော အကွက်လေးကို hide ကိုရွေးလိုက်ပါ။ပြီးရင် ဆေ့လုပ်ပါ။ ဗိုင်းရပ်စ် မည်သို့မှ ဝင်နိုင်မည် မဟုတ်ချေ။ ဤနည်းကို နားမလည်ပါကနောက်တစ်နည်းမှာ
Layout (or) Designထဲဝင်လိုက် blog post ဆိုတဲ့ ပို့စ်တင်တဲ့ နေရာအကျယ်ကြီးရဲ့ ထောင့်မှာ edit ရှိတယ်
အဲ့ကိုဝင် comment ရဲ့ရှေ့က အကွက်လေးထဲက အမှန်ခြစ်လေးကို ကလစ်ပြီးဖယ်လိုက်
ပြီး ဆေ့လုပ်။ ဒါဆို တော်တော် လုံလောက်သွားပါပီ။ ဗိုင်းရပ်စ် ဝင်ဖို့တော်တော် ခက်ခဲသွားပါပီ။

နောက်ဆုံးနည်းမှာ အသေချာဆုံးနှင့်စိတ် အချရဆုံးပင်ဖြစ်သည်။
ထိုနည်းမှာ settings=>permissions=>ထဲမှာ အောက်ဆုံးတွင်ရှိသော အကွက်သုံးခုထဲမှ ညာဘက်အစွန်ဆုံး အကွက်ကို ရွေးလိုက်ပါ။

ခင်ဗျားတို့အားလုံး  ကျနုပ်ပြောသည့်အတိုင်း လုပ်ပါက သင်တို့ ဘလော့သည် ဗိုင်းရပ်စ် ကင်းစင် ပြုံးပျော်ရွှင် ဖြစ်နေမှာ အမှန်ပင်ဖြစ်သည်။

ဘက်ကပ် လုပ်လိုသူများအတွက်
မိတ်ဆွေ သင့် ဘလ အားအကောင်းဆုံး ဘက်ကပ်လုပ်နည်းမှာ ဗလာစာအုပ်တစ်ဒါဇင်ဝယ်၍လက်ရေးဖြင့်ကူးထားသည့်နည်းသာဖြစ်ပေသည်။ဒါ့ပုံများအားလည်း တစ်ပုံမကျန် ဆိုင်တွင်ကူးထားလိုက်ပါ။ထို့အတွက် ကျွန်ုပ်မှ သင့်အား အယ်လ်ဘမ် တစ်ခုလက်ဆောင်ပေးပါမည်။ (credits to July Cloud)

ဒါမှမဟုတ် ယနေ့ သင့်ပို့စ်တင်မည့် အချိန်မှစ၍ ဗလာစာအုပ်ဖြင့်ရေးမှတ်ထားနိုင်သည်။ စက်ထဲတွင် သိမ်းထားပါက ဗိုင်းရပ်ကိုက်နိုင်သည်။

ထို့ကြောင့် "ဘက်ကပ်လုပ်ဖို့ အရေး ဗလာစာအုပ်များ ဝယ်ထားဟေ့" "ဓာတ်ပုံများ မပျောက်ပျက်စေဖို့ အယ်လ်ဘမ် လေးနဲ့သိမ်းကြစို့" စသည့်ဆောင်ပုဒ်များကို ဘလော့ဂါများကြားတွင့် ဖြန့်ချိသင့်သည်။

နည်းလမ်းများ

ပထမနည်း => Settings=> comments=>comments=. choose "hide" 
တတိယနည်း=> Settings=>permission=>blog readers=> "only blog readers"

အဲ့နည်းများလုပ်ပါက ဗိုင်းရပ်စ် မဝင်နိုင်တော့ပေ။

လေးစားစွာဖြင့်
အိုင်တီဂုရု မောင်ငထွဋ်
၂၅.၀၃.၂၀၁၂

16 March 2012

စိန် ဥာဏ်ကောင်းလွန်းခဲ့တယ်


နင်လိုချင်တာ ငါသိတယ် ကုလားရယ်
 ကမ်းခြေ ပေးမယ်..ဒါဟာ....မိုင်ကုန်ပဲ..
ဒါကို ဘင်္ဂါလီ နားမလည်...

 ဓာတ်ငွေ့ ကျောက်သံ ကမ်းခြေ မဲ့တယ်..
ပေးနိုင်သမျှ ဒါကို နင် မရောင့်ရဲ..
မင်း မှားတယ်..

ကလား ဥာဏ်ကောင်းလွန်းခဲ့တယ်..
စိန် ဥာဏ်နည်း သွားသလားကွယ်..
ရခိုင်ကမ်းခြေပါကာမှ
-င်ချမှန်း သိရတယ်

လျှပ်စစ်တွေ ပိုနေခဲ့တယ်
ရောင်းစားပစ်မှ ဂွတ်
တရုတ်တွေကို လုပ်ကျွေးရင်း
မြန်မာပြည် ပျက်ရတယ်..
တရုတ်
ဥာဏ်ကောင်းလွန်းခဲ့တယ်..



ဓာတ်ငွေ့တွေကို ကုန်အောင် ရောင်းမယ်
ဘေးဖယ်ထားပါ ပြည်သူဟာ အရံပဲ
ဒါကိုစိန်နားလည်..
မွဲပြာနေကာ ငတ်သေကြတယ်
ရောင်းစားဦးမယ် ရှိတာကို အကုန်ပဲ
အကုန် ရောင်းစားမယ်


နောက်ဆုံး ရောင်းဦးမယ်
ရှိသမျှ ကုန်ခါမှ
အရေခွံလဲ ဦးမယ်
ကုန်အောင်ရောင်းစားမယ်

နှစ်ဖက်လုံးရောင်းပေးမယ်
နှစ်ယောက်လုံး ခွဲယူကြကွယ်..
နင်တို့ကို ရောင်းစားရင်း
မြန်မာပြည် ပျက်ရတယ်
စိန် ဥာဏ်ကောင်းလွန်းခဲ့တယ်..




ရှိသမျှကို ရောင်းစားရင်း
မြန်မာပြည် ပျက်ရတယ်... 


စိန် ဥာဏ်ကောင်းလွန်းခဲ့တယ်
လေးစားလျက်
သတ်မတဂျီး ထွဋ်စိန်

08 March 2012

ပေးစာ

သို့

အဘ ကျုပ် ငထွဋ်လေဗျာ။ သတိရတယ်ဗျ အမေတို့ကော နေကောင်းရဲ့လား။ အမေကတော့ ကောင်းမှာပါ သူကဒေါင်ဒါင်မြည်ကြီးကိုး။ညီတွေ ညီမတွေကော နေကောင်းရဲ့လား။ အိမ်က ညိုမောင်နဲ့မဲမှောင် ညီအကိုကော နေကောင်းရဲ့လား။ကျုပ်တော့ နေကောင်းတယ်ဗျ။

အခုကျုပ်က မလေးရှားနားက တိုင်းပြည်မှာ ရောက်နေပြန်ပြီဗျ။ စင်ကာပူဆိုတာ ကြားဖူးတယ်ဟုတ်။ ရေလည် မိုက်တယ်ဗျာ။ တိုက်တွေကလဲ ဟီးလို့ ရွာမှာ အမြင့်ဆုံးဖြစ်တဲ့ ရွားဦးကျောင်းထက်တောင် မြင့်သေးသဗျ။ ကျုပ်မှာတော့လေ ရောက်စက မျက်စိ သူငယ် နားသူငယ်ကို ဖြစ်လို့။ အင်္ဂလိပ်လိုကလဲ ရက်စ် နိုးပဲ ရသကိုးဗျ။ခုတော့များတော့လဲ တရုတ်တွေနဲ့တော့ ပြိုင်ပြောနိုင်ပြီဗျ။ အိုနာကျိုးပဲ့ချင်းပြောတယ် နားလည်သပေါ့ဗျာ။ သူက နေကောင်းလားလို့မေးရင်။ အပြင်က ပြန်လာပီလို့တော့ ဖြေနိုင်ပီဗျ။

အခု ကျနော် လုပ်နေတာ ဆိပ်ကမ်း ကုန်တင်ကားမောင်းတယ်ဗျာ။ အထင်မသေးနဲ့နော်။ လစာက ကောင်းတယ်ဗျ။ ပြောရဦးမယ်။ ပိုက်ဆံကလေးက ရှိလာတော့ ပစ္စည်းအသစ် အဆန်းလေးတွေ လိုချင်လာသဗျာ။ အခုတလော့ နာမည်ကြီးနေတာ အိုင်ဖုန်းတဲ့။  ခုသူက အိုင်ဖုန်း ၅ ထိထွက်လာပတဲ့။ အဘကတော့ နားလည်မှာ မဟုတ်ပါဘူး။ဆက်ဖတ်ဗျာ ဟုတ်ပလား။ သူက အဘမြင်ဖူးတဲ့ စီဒီအမ်အေလို ခြင်းဖုန်းလို မဟုတ်ဘူး။ ဂဏန်းတွေလဲ မပါဘူး။ မှန်ကို နှိပ်လိုက်တာနဲ့ရသဗျား။ပြန်လာမှ အဘတို့ကို ပြဦးမယ်။ ဖြေးဖြေးတော့ နှိပ်နော်။ နောက်တစ်ခုက အိုင်ပတ် တဲ့ဗျာ။ အဘတို့လို ရေအိုင်ကို ပတ်တာကို ပြောတာ မဟုတ်ဘူးနော်။ သူက ကျောက်သင်ပုန်းလိုပဲ ဒါပေမဲ့ ရုပ်ရှင်ကြည့်လိုရတယ် ဂိမ်းကစားလို့ရတယ်ဗျ။ ပြောလဲ  နားလည်မှာမှ မဟုတ်တာ။ ပြန်လာမှ အေးမေ အတွက် ဝယ်လာခဲ့ဦးမယ်။

အေးမေကိုလဲ ပြောလိုက်ပါဦး ကျုပ်သတိရတယ်လို့ဗျာ။ အရမ်းသတိရတယ်လို့ ကျုပ်ကိုလဲ စောင့်နေပါဦးလို့။ ပြန်လာမှ ဒါ့ပုံတွေရိုက်ပီး ဖေ့ဘုတ်ပေါ်တင်ဦးမှ။ အော်... အဘက ဖေ့ဘုတ်ကို ဘယ်သိမလဲ။ဖေ့ဘုတ်ဆိုတာ ရိုးမတောထဲ ဝင်ရသလိုပဲဗျ။ အားလုံးဟာ မာယာတွေနဲ့ပြည့်နှက်နေတယ်။ သူယောင်မယ်လဲ ရှိတယ်။ ဇော်ဂျီလဲရှိတယ်။ နိုင်ငံေ၇းသမားလဲ ရှိတယ်။ဖာလဲ ရှိတယ်။အကုန်ရတယ်။ ဒါပေမဲ့ အဲဒါက ကမ္ဘာအတုဗျာ။ အကုန်၇ှိတဲ့ ကမ္ဘာ အတု။ နားရှုပ်သွားပီလား။ ထားလိုက်ပါတော့။

အမနဲ့ ကျနော့်ညီနဲ့ညီမကိုပြောလိုက်ပါဦး။ ပြန်လာမယ်ဆို ဘိလပ်ထညက်ဝယ်လာမယ်လို့။အေးမေ အတွက်က မှန်နိုင်လွန် ဝယ်လာမယ်လို့။ အခု မှန်နိုင်လွန်တွေခောတ်စားနေတယ်လေ။ ပိတ်စရှည်ရှည်လဲ ဝယ်လာမယ်။ ကျနော့် ညီမ ညိုမြလဲ ရွာဘုရားပွဲကြရင် အဲဒီပိတ်စ ကိုယ်ကိုပတ်သွားလို့ရတယ်။ အဲဒါ ဖက်ရှင်အသစ်ပဲဗျ။ညီကြက်တော အတွက်ကတော့ မန်ယူး အသင်းအင်္ကျီ ဝယ်လာမယ်လေ။ မြန်မာပြည်မှာ ပိတ်သတ်များတယ် မဟုတ်လား။ညိုမောင်နဲ့မဲမှောင် အတွက်တော့ ရန်ကုန်ကျ မှဝယ်ပေးတော့မယ်.

အဘအတွက်တော့ Playboys မက်ဂဇင်း ဝယ်လာမယ်။ အမ မသိအောင်တော့ ဝှက်ထားပေါ့။ အမအတွက်ကတော့  ရေမွှေး ဝယ်လာမယ်လေ။ ဘု၇ားပွဲမှာ လန်းလို့ရတော့ပေါ့။

ကဲ စကားကောင်းနေတာ အဘရေ။ ထမင်းချက်ဖို့ပြင်လိုက်ဦးမယ်။

အဘ ၏ ချစ်လှစွာသောသား..
စီနီယာ သာဂိ


လေးစားလျက်။
ငထွဋ်