01 September 2011

အမူးသမားများ မူးနည်း (အပိုင်းနှစ်)



(၂၁) လဒမှုး - မှုးလာလေလေ မှိုင် လာလေလေ ဖြစ်လာသူ****

** **

(၂၂) တောခွေးမှုး - မှုးလာပြီး ဘော်ဒါစုံပါက အဖွဲ့အားကိုး နဲ့ မိုက်ချင်သူ****

** **

(၂၃) ဖားကပ်မှုး - မှူးသာမှုးပြီး  အိပ်ထဲက ပိုက်ဆံကို မထုတ်သူ****

** **

ှု( ၂၄ ) အိမ်မြှောင်မှုး - မှုးလာပါက ဆုံးရှုံးခဲ့သမျှကို စုတ်သတ်ပြီး
ညည်းညူတတ်သူ****

** **

( ၂၅) တောဝက်မှုး - မှုးလာပါက မြင်မြင်သမျှ အစွယ်နှင့်
လိုက်ပက်သကဲ့သို့ရန်ရှာတတ်သူ****

၂၆)ပုတ်သင်မူး...မူးလာလျှင်ဘယ်သူပြောပြောမပြောပြောခေါင်းတညိမ့်ညိမ့်
လုပ်နေတတ်သူ...****

** **

၂၇-ဖားပြုတ်မူး...မူးလာလျှင် မျက်ခွံတ၀က်စင်းထားကာ
ပါးစပ်ကိုပြုံးဖြီးဖြီးကြီးလုပ်-  ဆရာလိုလို သဘာလိုလို****

မိန့်မိန့်ကြီးထိုင်နားထောင်နေတတ်သူ။****

** **

၂၈-ခွေးမူးနောက်တမျိုး-မူးလာလျှင် မြင်မြင်ရာကားဘီး လမ်းဘေးသစ်ပင်****

ဓါတ်တိုင် ၊အခန်းထောင့်တို့ကိုရှူရှူးပေါက်တတ်သူ။****

၂၉ ။  မြင်းမှုး - မှုးလာလျှင် တဟီးဟီး တဟားဟား ရယ်တတ်သူ****

** **

၃၀။  ဌက်မှုး - မှုးလာရင် ဌက်ကဲ့သို ပျံတော့မတတ် တက်ကြွသူ****

** **

၃၁။ ပုရွက်ဆိတ်မှုး - မှုးလာလျှင် အလုပ်ကို မရပ်မနားတန်း လုပ်တတ်သူ****

** **

၃၂။ ဆင်မှုး - မှုးလာလျှင် လမ်းမှန်းမသိ ခြုံမှန်းမသိ တိုးချင်းရာ တိုးသူ****

** **

၃၃။ ကျွဲမှုး - မှုးလာရင် မကြာခဏဂုတ်ပိုးရေဆွတ် မျက်နှာသစ် လုပ်တတ်သူ****

** **

၃၄။ သမင်မှုး - မှုးလာပါက သမင်ချိုခက် တ၀င့်ဝင့် လုပ်သကဲ့သို့
ပိုင်ဆိုင်သမျှကြွားတတ်သူ****

** **

၃၅။ လိပ်မှုး - မှုးလာပါက လိပ်ကဲ့သို့ လုပ်သမျှ ပြောသမျှ နှေးကွေးသွားသူ ****

** **

၃၆။ ပက်ကျိမှုး - မှုးလာရင် ဂျီကျ ချွဲနွဲ့တတ်သူ ****

** **

၃၇။ ပိုးဖလံမှုး - မှုးသွားပါက ကိလေသာ မီး တိုးချင်သောသူ****

** **

၃၈ ။ စပါးကြီးမြွေမှုး - သောက်ဖော်သောက်ဖက်များကို ရစ်ပတ်ပြီး ပြသနာရှာသောသူ **
**

** **

၃၉။ သာလိကာမှုး - မှုးလာလေ စကားပြောလာလေလေ ဖြစ်သောသူ****

** **

၄၀။ ဆော်လမွန် ငါးမှုး - ဘယ်လောက်မှုးမှုး အိမ်ပြန်ချိန်တွင်
အိမ်ကိုအရောက်ပြန်သူ ****

** **

၄၁။ ချေမှုး - မှုးလာပါက ချေ ( ဂျီ ) တစ်ကောင်ကဲ့သို့ အရာရာကို ကြောက်လာတတ်သူ *
***

** **

၄၂။ ဇီးကွက်မှုး - မှုးလာလျှင် မျက်လုံးပြူးပြူး နှင့်ကြောင်တောင်တောင်
လိုက်ကြည့်နေတတ်သောသူ****

** **

၄၃။ လင်းဆွဲမှုး - မှုးလာပါက ထိုင်နေလျှက် ကြမ်းပြင်ပေါ် ခေါင်းစိုက် သွားတတ်သူ*

ဖော်ဝပ်မေးကပါ

ကိုထွဋ်
၀၁.၀၉.၂၀၁၁




27 August 2011

အမူးသမားများ မူးနည်း ၄၃ နည်း (အပိုင်း ၁)




****

** **

* ၁) ခွေးမူး.... မူးလာသည်နှင့် အခြားသူများကို ဒေါသထွက်ကာ ရန်ရှာတတ်သူ****

** **

* ၂)ဆိတ်မူး..... တွေ့သမျှ စားစရာများ အမြည်းများကို တယောက်တည်း ဒိုင်ခံ
အားပေးသူ****

** **

* ၃)ကြက်မူး.... ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ စိတ်ဝင်စားတော့သူ****

** **

* ၄)မျောက်မူး....ခုန်ချင်ပေါက်ချင် ကချင်လာသူ****

** **

* ၅)၀က်မူး....တွေ့ရာနေရာတွင် ထိုးအိပ်တတ်သူ****

** **

* ၆)ဆက်ရက်မူး..... အဆက်မပြတ် တော်ကီလွှတ်သောသူ****

** **

* ၇)တောက်တဲ့မူး.....ခွါမရတော့အောင် ကပ်ရစ်၍ တိုင်ပတ်သောသူ****

** **

* ၈)နွားမူး....မူးလာလျှင် ချည်တိုင်ကို သတိရ၍ ပြန်ရန်ပြင်တတ်သူ****

** **

* ၉)ဖွတ်မူးပုတတ်မူး.... အမူးပြေသွားလျှင် မူးနေစဉ်
လုပ်သည်များကိုဘာမျှမမှတ်မိဟု ပြောတတ်သူ****

** **

* ၁၀)မြွေမူး... မည်မျှသောက်သောက် တွင်းဝင်ဖြောင့်သူ (လုပ်စရာရှိသည်များကို
မမှားဘဲလုပ် နိုင်သူဟု ဆိုလိုသည်****

** **

* ၁၁) သာလိကာမူး... နှစ်ပက်လောက်သောက်ပြီးတိုင်း ငါမူးနေပြီကွ ဟု အမြဲပြောတတ်သူ
****

၁၂) ခိုမူး ....မူးလာရင် မပြေလည်တဲ့အကြောင်းတွေပြောပြီးညည်းတတ်သူ****

၁၃)ငုံးမူး ......ကြက်မူးလောက်မဆိုးပေမ ယ့် မူးလာရင် အနှိပ်ခန်းလေး ၊ကေတီဗီလေး
သွားဖို. စည်းရုံးတတ်သူ.....****

၁၄) ကြွက်မူး.....မူးလာရင် သူများပစ္စည်းတွေ..ကားသော. ၊ဟန်းဖုန်း၊
ဖိနပ်စသည်တို.ကို လိုက်ဖွက်ထားတတ်သူ....****

၁၅)ဥသြမူး...မူးလာလျှင်နာမည်တခုကိုထပ်ခါထပ်ခါခေါ်ကာငိုချင်းချတတ်သူ... ****

( ၁၆ ) မျောက်မှုး - မှုးလာရင် ဟိုဆိုင် ဒီဆိုင် ၊ ဟိုဟာ မှ ဒီဟာ သို့
ကူးချင်သူ****

** **

( ၁၇ ) ကြွက်မှုး - မှုးလာရင် အိမ်က မိန်းမမသိအောင် ၊ ဟိုစပ် စပ် ဒီစပ်စပ်
အကုန်လုပ်ချင်သူ ( ခိုးစား ချင်သူ )****

** **

(၁၈) ခြင်္သေ့မှုး - မှုးလာပါက လူတကာကို ဟိန်းလားဟောက်လား နှင့် သတ္တိကောင်းလာသူ**
**

** **

(၁၉) ခွေးအမှုး - မှုးလာပါက ကေတီဗွီ ဆိုင်ကို သွားပြီး အူချင်သူ
(အိမ်မပြန်ချင်ဘူး ၀ူး ၀ူးးးးး )****

** **

** **

(၂၀) ကြောင်မှုး - မှုးလာပါက မိန်းခလေးများနှင့် ပွတ်သီးပွတ်သပ် နေချင်သူ****


ဆက်ရန်

ဖော်ဝပ်မေးကပါ။

ကိုထွဋ်
၂၇.၀၇.၂၀၁၁

25 August 2011

အနာဂတ်လက်တွဲဖော်....

ဖြေကြည့်ရအောင်နော်..ဒီမေးခွန်းလေးတွေကို ဖြေကြည့်တဲ့အခါမှာ ကိုယ်ရွေးချယ်လိုက်တဲ့ အဖြေလေးတွေကိုစိတ်ထဲမှာ မှတ်ထားပြီးမှ အောက်ကအဖြေလေးတွေနဲ့ တိုက်ကြည့်ရအောင်နော်.အဲဒါလေးတွေက နောင်ကြုံတွေ့ ရမယ့်ကိုယ့်ရဲ့လက်တွဲဖော်ကို ခန့်မှန်းနိုင်တယ်
လို့ သူငယ်ချင်းတစ်ယောက်ပြောဖူးတာကို "၀လုံး" က ပြန်တင်ပြလိုက်ပါတယ်..အားလုံးတိတိကျကျမှန်မမှန်မသိပေမယ့် 75%လောက်က
တော့ တိုက်ဆိုင်မှု့ ရှိတယ်လို့ ဆိုပါတယ်...ကဲ စလိုက်ကြရအောင်နော်...

(1) တကယ်လို့ သင်ဟာတောနက်ကြီးတစ်ခုကို ဖြတ်သန်းပြီးသွားရတော့မယ်ဆိုပါစို့ ...အဲဒီတောကြီးကသားရဲတိရစ္ဆာန်တွေပေါပြီး အင်မ
တန်မှလည်း အန္တရာယ်လည်းပေါများလွန်းပါတယ်..အဲဒီအခါမှာ သင်ဟာ
i. တစ်ယောက်တည်းသွားမလား?
ii. အဖော်တစ်ယောက်ခေါ်သွားမလား?
iii. အန္တရာယ်တွေကို ရှင်းပေးနိုင်လောက်တဲ့ ဒုတ်(သို့ )ဓါး တစ်ခုခုယူသွားမလား?

(2 ) ဒီတောအုပ်ကြီးကိုဆက်လက်ဖြတ်သန်းလာတဲ့အခါမှာ သင့်ရဲ့ခေါင်းပေါ်မှာငှက်တွေပျံသန်းနေတာတွေ့ ရပါလိမ့်မယ်..အဲဒီငှက်ဟာ
i. သိမ်းငှက် ii. စာကလေး iii. ခို iv.ကျီးကန်း

(3 ) အရှ့ကိုဆက်ပြီးလျှောက်လာတဲ့အခါမှာ သင့်ရဲ့ရှေ့ကနေ အကောင်တစ်ကောင်ကောင် ဖြတ်ပြေးသွားတာသင်တွေ့ ရပါလိမ့်မယ်...
အဲဒီအကောင်ဟာ
i. မြွေ ii. ကျား iii. ကြောင် iv.ယုန်

(4 ) အဲဒီအချိန်မှာ သင်တွေ့ လိုက်ရတဲ့အကောင်ကို သင်က
i.ဖမ်းထားမလား? ii. လွတ်ပေးလိုက်မှာလား?

(5 ) သင်ဒီတောအုပ်ကို ဆက်ပြီးဖြတ်သန်းလာတဲ့အခါသင့်ရဲ့ရှေ့မှာ အမှိုက်တွေမီးလောင်နေတာ သင်တွေ့ ရပါလိမ့်မယ်.အဲဒီအခါသင်ဟာ
i.ဒီမီးကို ငြိမ်းမှာလား? ii. ဒီအတိုင်းထားခဲ့မှာလား?

( 6) ဒီတောလမ်းခရီးကို သင်အချိန်အကြာကြီးဖြတ်သန်းလာခဲ့ရတဲ့အတွက် သင်လည်းပင်ပန်းပြီး အနားယူချင်ပါပြီ..အဲဒီအခါမှာ သင်ဟာ
i.အရိပ်အာဝါသကောင်းလွန်းလှတဲ့ သစ်ပင်ကြီးအောက်မှာ နားမလား?
ii. အရှိန်အဟုတ်ပြင်းစွာစီးဆင်းနေတဲ့ရေတံခွန်ဘေးမှာနားမလား?
iii. ညိမ့်ညောင်းစွာရေတွေစီးဆင်းနေတဲ့ စမ်းချောင်းလေးဘေးမှာနားမလား?

(7 ) ကဲ..အမောပြေပြီဆိုတော့ ကျန်နေတဲ့ခရီးကိုဆက်ရအောင်..တောအုပ်ကြီးရဲ့ အစွန်ကိုရောက်တဲ့အခါမှာသင်ဟာသစ်လုံးအိမ်လေးတစ်
ကိုတွေ့ ရပါလိမ့်မယ်..အိမ်ရှင်ကသင့်ကို ကြိုဆိုပြီး ဧည့်ခံကျွေးမွေးတဲ့အခါ သင်ဘယ်လိုအရာကိုသုံးဆောင်မလဲ?
i. ရေအေးအေးလေးတစ်ခွက် ii. ရေခဲစိမ်အချိုရည်အေးအေးလေးတစ်ခွက်

သင်ရဲ့ရွေးချယ်မှု့ ဟာ သင့်ရဲ့ရလဒ်ပါပဲ..ကဲ အဖြေလေးတွေကိုကြည့်ရအောင်နော်..

လူရယ်လို့ ဖြစ်လာကြတဲ့အချိန်မှာ လူသားအားလုံးဟာ ငယ်ရွယ်စဉ်မှာတော့ မိ၊ဘတွေရဲ့ အရိပ်အောက်မှာနေပြီး အပူအပင်ကင်းကင်း
နဲ့ စားသောက်နေထိုင်ကြရပါတယ်..ဒါပေမယ့် အရွယ်ရောက်လာတဲ့အချိန်မှာတော့ ကိုယ့်အားကိုယ်ကိုးပြီးတော့ ဘ၀ကိုဖြတ်သန်းကြရ
မှာပါ..အဲဒီ ဘ၀ ဆိုတဲ့အရာဟာ အထင်မှတ်ထားတာတွေလည်းကြုံနိုင်ပြီး အန္တရာယ်ရန်စွယ်တွေအင်မတန်မှပေါပြီး မာယာများလွန်း
တဲ့ တောအုပ်ကြီးနဲ့ တူပါတယ်..ဒီဘ၀ခရီးရှည်ကြီးကိုဖြတ်သန်းတဲ့အခါမှာ
(1 ) i.ကိုရွေးရင်တော့ သင်ဟာဇီဖာကြောင်လွန်းပြီး ဘယ်လိုအရာကိုမှစိတ်တိုင်းမကျတာကြောင့် အပျိုကြီး၊လူပျိုကြီးဖြစ်နိုင်ပါတယ်။
ii.ကိုရွေးရင်တော့ သင်ရဲ့အိမ်ထောင်ဘက်နဲ့ အတူတူဘ၀ခရီးကိုဖြတ်သန်းရမှာပါ
iii.ကိုရွေးရင်တော့ သင်ဟာအိမ်ထောင်ကျခဲ့ရင်တောင် အိမ်ထောင်ဘက်ကို မမှီခိုတဲ့သူ ၊ကိုယ့်အားကိုယ်ကိုးချင်စိတ်ရှိသူဖြစ်ပါတယ်။

(2 ) i.သင့်ရဲ့အိမ်ထောင်ဘက်ဟာ သိမ်းငှက်လိုပဲခွန်အားပြည့်ဝသန်မာဖြတ်လတ်ပြီး အရမ်းလည်းထက်ထက်မြက်မြက်ရှိသူဖြစ်ပါတယ်။
သူဟာသင့်ကို လုံခြုံမှုနှင့်နွေးထွေးမှု့ ကိုအပြည့်အ၀ပေးနိုင်ပါလိမ့်မယ်။
ii.သင့်ရဲ့အိမ်ထောင်ဘက်ဟာ စကားအင်မတန်များပြီး အပြောကောင်းသူဖြစ်ပါလိမ့်မယ်။
iii.သင့်ရဲ့အိမ်ထောင်ဘက်ဟာ ညည်းတွားလွန်းတဲ့သူဖြစ်ပါလိမ့်မယ်
iv.သင့်ရဲ့အိမ်ထောင်ဘက်ဟာ သင့်ကို စကားနှင့်အမြဲထိုးနှက်ပြီး အပြစ်မြင်လွန်းသူပါ။

(3 ) i.သင်ရဲ့အိမ်ထောင်ဘက်နှင့် သင်ဟာ"နီးတကျက်ကျက်၊ဝေးတသက်သက်" ဆိုသလိုပါပဲ့။သူဟာအေးအေးဆေးဆေးနေရတာကို
နှစ်သက်ပေမယ့် မဟုတ်ရင်လုံးဝမခံဘူးဆိုတဲ့သူမျိုးပါ..
ii.သင့်ရဲ့အိမ်ထောင်ဘက်ဟာ သင့်ကိုအမြဲဟောက်စား၊မာန်ဖီရန်လိုနေမယ့်သူပါ။သူဟာဒေါသလည်းကြီးပါတယ်။
iii.သင့်ရဲ့အိမ်ထောင်ဘက်ဟာ အားငယ်တတ်ပြီး၊သင့်ရဲ့ယုယကြင်နာမှု့ ကိုနှစ်သက်သဘောကျမယ့်သူပါ။
iv.သင့်ရဲ့အိမ်ထောင်ဘက်ဟာ စိတ်သဘောထားဖြူစင်ပြီး၊သင့်အပေါ်ငံ့ညာပေးမှာပါ။

( 4)i.သင်ဟာသူ့ရဲ့စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။သူ့ စိတ်သဘောထားကိုနားလည်ပေးနိုင်ပါတယ်။
ii.သင်ဟာသူ့ရဲ့စိတ်ကိုဖမ်းယူဆုတ်ကိုင်နိုင်စွမ်းမရှိပါဘူး။သူ့ ရဲ့စိတ်သဘောထားကို သင်နားမလည်ပါဘူး ။

(5 )i.သင့်ရဲ့အိမ်ထောင်ဘက်မှာကြုံရမယ့်အခက်အခဲစိုးရိမ်ပူပန်မှု့ တွေကို သင်ဟာကူညီဖြေရှင်းပေးနိုင်မယ့်သူပါ။
ii.သင့်အိမ်ထောင်ဘက်ရဲ့အခက်အခဲကို သင်ဟာဖြေရှင်းပေးနိုင်စွမ်းမရှိပါဘူး ။

( 6)i.သင့်ရဲ့အိမ်ထောင်ဘက်ကို သင်အပြည့်အ၀အားကိုးလို့ ရပါတယ်။သူဟာသင့်ကို လုံခြုံမှုကိုအပြည့်အ၀ပေးနိုင်မှာပါ။
ii.သင့်ရဲ့အိမ်ထောင်ဘက်ကို သင်မှီခိုလို့ရပေမယ့် သူဟာတစ်ခါတစ်လေမှာတစ်ကိုယ်ကောင်းဆန်တတ်ပါတယ်။သူ့ ရဲ့အတ္တကိုရှေ့တန်း
တင်တတ်ပါတယ်။
iii.သင့်ရဲ့အိမ်ထောင်ဘက်နှင့်သင်ဟာ စိတ်သဘောထားတိုက်ဆိုင်ပြီး အပေးအယူညီမျှတဲ့အတွက်သာယာတဲ့အိမ်ထောင်ကိုသင်ပိုင်
ဆိုင်ရမှာပါ။

(7 )i.သင်တို့ ရဲ့အိမ်ထောင်ရေးဟာ အရမ်းကိုအေးချမ်းပြီး သင်ပျော်ရွှင်ရမှာပါ။
ii.သင်တို့ ရဲ့အိမ်ထောင်ရေးဟာ အပြင်ကကြည့်ရင်အေးချမ်းတယ်လို့ ထင်ရပေမယ့် ဟန်ဆောင်မှု့ တွေများလွန်းပါတယ်။


ပျော်ရွင်နိုင်ပါစေ....

REF : ဖော်ဝပ်မေးကပါ..

ကိုထွဋ်
၂၆.၀၈.၂၀၁၁

23 August 2011

Miss Myanmar at Miss Universe




မြန်မာနိုင်ငံမှာပြုလုပ်တဲ့ *Miss Universe* Final round ဖြစ်ပါတယ်၊
နောက်ဆုံးဇကာတင်ရွေးထားတဲ့(၃)ယောက်ဖြစ်တဲ့

Miss USA,Miss Malaysia and Miss Myanmar တို့ကို မေးခွန်း(၃)မေးမယ့် အစီအစဉ်
ပဲဖြစ်ပါတယ်

*တင်ဆက်သူ:* ပထမမေးခွန်းကတော့ အင်္ဂလိပ်အက္ခရာ "L" နဲ့စတဲ့
လျှပ်စစ်ပစ္စည်းတစ်မျိုးရဲ့အမည်ကိုပြောရမှာဖြစ်ပါတယ်

Miss USA: Lamp

Miss Malaysia: Light bulb

Miss Myanmar: LADIO

ဒိုင်လူကြီး : အိုး..နိုး.. Radio က letter "L" နဲ့မစဘူးလေ

*တင်ဆက်သူ:* ဒုတိယမေးခွန်းကတော့ letter "L" နဲ့စတဲ့
တိရစ္ဆာန်တစ်ကောင်ရဲ့အမည်ကိုပြောရမှာဖြစ်ပါတယ်

Miss USA: Lion

Miss Malaysia: Leopard

Miss Myanmar: LABBIT

Judge: အိုး..နိုး.. Rabbit က letter "L" နဲ့မစဘူးလေကွယ်

တင်ဆက်သူ: အခုမေးမဲ့ နောက်ဆုံးမေးခွန်းကတော့ letter "L"နဲ့စတဲ့ အသီးတစ်မျိုးရဲ့
အမည်ကိုပြောရမှာဖြစ်ပါတယ်

Miss USA: Lemon

Miss Malaysia: Lychee

Miss Myanmar, (ယုံကြည်မှုအပြည်နှင့်ပြောလိုက်သည်) : LAIN MAW

ဒိုင်လူကြီး. ( အိုး.မိုင်ဂေါ့ )


ဒိုင်လူကြီးတွေနဲ့အကဲဖြတ်အဖွဲတွေဟာ Miss Myanmar ကို
အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်သင့်သလားဆိုတဲ့မေးခွန်းကို

အပြန်အလှန်တိုင်ပင်နေကြပြီး၊မြန်မာနိုင်ငံမှာကျင်းပခြင်းဖြစ်နေတာကတစ်ကြောင်း၊Miss
Myanmar လေးအားလည်း
အရှက်တကွဲ အကျိုးနည်းမဖြစ်စေချင်သည်ကတစ်ကြောင်း ၊ Miss Myanmar လေးမှာ letter
"L" နှင့်ပတ်သက်ပြီး

ပြသနာများစွာရင်ဆိုင်နေရသည်ကတစ်ကြောင်းတို့ကြောင့် ၊
နောက်ထပ်အခွင့်အရေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်ကြသည်။

*တင်ဆက်သူ:* OK, အခုနောက်ဆုံးမေးခွန်းကတော့ လူမှာ letter "L" နဲ့စတဲ့
လူခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုရဲ့အမည်ကိုပြောပြပါ။

Miss USA: Lung (လက်ခုပ်သံများ)

Miss Malaysia: Liver (ပိုများသောလက်ခုပ်သံများ)

Miss Myanmar: LA U

ဒိုင်လူကြီး: ?????????!!!!

ကဲ..ဘာလဲဆိုတာကို ကိုယ့်ဘာသာကိုယ့် စဉ်းစားယူကြပါ။သိသူများ ကော့မန့်ထဲမှာရေးသွားနိုင်ပါတယ်..

ဖော်ဝပ်မေးကပါ..

ကိုထွဋ်
၂၂-၀၈-၂၀၁၁