09 October 2011

Next to you..

ဒီနေ့တော့ တနင်္ဂနွေနေ့လဲဖြစ်နေတာကြောင့် သီချင်းတွေတင်လိုက်တယ်..နားရက်မှာ သီချင်းတွေနားထောင်ဖို့ပါ..
 Chris Brown ft Justin Biber - Next to you


 

Chris Daughtry - Over you


 

ကိုထွဋ်
၀၉.၁၀.၁၁

06 October 2011

ုမြစ်ဆုံနားကမြွေ

ကချင်ပြည်နယ် မလိ-အင်မိုင်ဇွပ်(မြစ်ဆုံ) စီမံကိန်းတွင်
ဧရာမမြွေကြီးတစ်ကောင်အား တရုတ်အလုပ်သမားများ သတ်ဖြတ်ခဲ့ပြီးနောက်
မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရန်
သတင်း ထွက်ပေါ်လာသည်။

၄၈ ပေခွဲ ရှည်ပြီး ၅ ပေ လုံးပတ်ရှိသည့် မြွေကြီးအား စီမံကိန်း ဧရိယာထဲ
ဂျွမ်ဘွမ်တောင် (Jum Bum)တွင် လမ်းဖောက်လုပ်နေသော တရုတ်အလုပ်သမားများ
မြေအောက်တွင်းတစ်ခုမှာတွေ့ရြှိ
ပီး စက်တင်ဘာ ၂၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု
မျက်မြင်များပြောသည်။

တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ
အလုပ်သမားများက ၎င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်(backhoe) ကော်ဖြင့်
ထိုးသတ်လိုက်ခြင်းဖြစ်သည်ဟု မျက်မြင်များပြောပါသည်။

CPI အလုပ်သမားများက ၎င်းမြွေကြီး အသေကောင်ကိုလည်း တရုတ်နိုင်ငံသို့
ယူဆောင်သွားကြောင်း ဒေသခံများပြောသည်။

ဧရာဝတီမြစ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ
မြွေကြီးသတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာစီမံကိန်း၏ မကောင်းသော
နိမိတ်လက္ခဏာ တစ်ခုအဖြစ်” ဒေသခံကချင်များ ရှုမြင်ကြသည်ဟု သိရသည်။

မြွေကြီးသတ်ဖြတ်ခံရပြီး (၈) ရက်အကြာ စက်တင်ဘာ (၃၀)တွင် “ပြည်သူအများစု
အပြင်းအထန် ကန့်ကွက်နေသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား
၎င်းတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားရန်” လွှတ်တော်သို့ သမ္မတ
ဦးသိန်းစိန်ပြောဆိုလာသည်။
 
အခုတော့ မြွေသားစွပ်ပြုတ်ဖြစ်နေလောက်ပီ...
ဖော်ဝပ်မေးကပါ။

ကိုထွဋ်
၀၆.၁၀.၁၁

05 October 2011

လွဲချက်ကယ်နာ ဇာတ်သိမ်း

ကျနော်သည် သူမ၏မျက်နှာလေးကိုကြည့်ရင်း အနားရှိသော စားပွဲအား ထုရမလိုလို၊ ထိုင်ရမလို ထရမလိုနှင့် အလွန်ပင် ဂနာမငြိမ်ဖြစ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အလွန်တရာမှပင်လှပ၍ဖြစ်သည်။ကျနော်သည် ကိုလတ်လက်ထဲသို့ ထည့်ရမှာ အလွန်နှမျောမိလေသည်။
သို့သော် ပြောစရာရှိသေးချေသည်။

"ချောရယ် ပြောစရာရှိတာ ပြောချလိုက်ပါ။အားမနာပါနဲ့။"
"ကိုလတ်ရယ် တကယ်တော့ ကိုလတ်နဲ့ချက်တင်ထိုင်တဲ့ မိချော၊အွန်လိုင်းမှာ ချစ်သူဖြစ်နေတဲ့ မိချောဆိုတာ ကျမမဟုတ်ပါဘူးရှင်"ငိုသံပါဖြင့်...
"ဘာ...တကယ်လားဟင်..ချော တကယ်လားဟင်" ကျနော်အံသြပျော်ရွှင်စွာဖြင့်မေးနေသည်ကို သူမက နားမလည်သလိုကြည့်ရင်း
"ဟုတ်ပါတယ်.ကိုလတ်ရယ်..တကယ်တော့ ကျမအဒေါ်နဲ့ကိုလတ်နဲ့က အွန်လိုင်းမှာချစ်ကြိုက်တာပါ။ဒါပေမဲ့ သူက ရုပ်မလှတော့ ရုပ်ချောတဲ့ကျမဓာတ်ပုံကို ထည့်ပေးလိုက်တာပါပဲ။အဖြစ်ကအဲလိုပါပဲရှင်။ ကျမအဒေါ်ကလဲ ကိုလတ်နဲ့တွေ့ဖို့စောင့်နေပါတယ်"
"မခေါ်နဲ့"
"ဟင်..ဘာဖြစ်လို့"
"ပြောစရာရှိသေးတယ်..ချောရယ် ကိုယ်ကလဲချောထင်သလို ကိုလတ်မဟုတ်ပါဘူး..ကိုယ့်နာမည်က ကိုထွဋ်ပါ။ဘလော့ရေးပါတယ်။
ကိုယ့်သူငယ်ချင်း ကိုလတ်က သူ့က အင်မတန်ရုပ်ဆိုးလို့ ကိုယ့်ဓာတ်ပုံထည့်ပေးလိုက်တာပါ..တို့နှစ်ယောက်အဖြစ်ကအတူတူပါပဲ"
"တကယ်လားဟင်"ဟုကျနော်ကို မေး၏။
"ဂယ်ပေါ့ကွယ်" ဟုကျနော်ကဖြေ၏။
ရုပ်ချောသောလူတို့သည် မြင်မြင်ချင်းပင် ချစ်မေတ္တာသက်ဝင်မိသည့်အတိုင်း ကျနော်တို့နှစ်ယောက်သည် စကားပြောစရာမလိုဘဲ တစ်ယောက်ကိုတစ်ယောက် နှစ်မိနစ်မျှစိုက်ကြည့်မိရုံဖြင့် ချစ်မိကြောင်းသိ၇ပေသည်။

ထို့နောက် ကျနော်တို့သည် သူမ၏အဒေါ်နှင့်ကိုလတ်တို့အတွက် စီစဉ်ပေးရန်ကြံလေသည်။

သူမက သူ့အဒေါ်အား ထို့နေ့ ညနေတွင်ပင် ဟိုတယ်၌ပင်စောင့်နေရန်ပြောသည်။
ကျနော်ကလဲ ကိုလတ်အားညနေတွင်ပင် လာရန် သူမကမှာလိုက်ကြောင်းပြောသည်။သူက စိတ်အားတက်ကြွစွာဖြင့် လပ်တော့ပါယူသွားမည်ဟုပြောသည်။

ထို့နှင့် ညနေပိုင်းသို့ရောက်သောအခါ သူတို့တွေ့ကြလေသည်။ရုပ်ဆိုးခြင်းကို အင်မတန်ဆန့်ကျင်သော ရုပ်ဆိုးသော လူပျိုဂျီးနှင့် ရုပ်ဆိုးသော ဝဖိုင့်ဖိုင့် အပျိုဂျီးတို့တွေ့ကြသောအခါ........(အသေးစိတ်ကို ကိုလတ်အားမေးမြန်းနိုင်ပါသည်) :P

ထိုအချိန်တွင် အလွန်တရာမှချောမောလိုက်ဖက်ညီသော စုံတွဲတစ်တွဲသည် ကော်ဖီဆိုင်တွင်ထိုင်ရင်း ပျော်ရွှင်စွာဖြင့်သူတို့အချိန်များကိုကုန်ဆုံးကြလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြီးပါပြီ...

ဝန်ခံချက်။       ။ဇတ်လမ်းကျောရိုးအား ဆရာကြီးသော်တာဆွေဝတ္ထုတစ်ပုဒ်မှ ယူထားပါသည်။

ကိုထွဋ်
၀၄.၁၀.၁၁

02 October 2011

လွဲချက်ကယ်နာ (အပိုင်း ၃)

ကိုလတ်သည်ကောင်မလေးထံမှ စာနှင့်ဓာတ်ပုံရပြီးသည့်နေ့ မှစ၍ မျောက်အုံးသီးရသကဲ့သို့ (ဝါ) အရူးအမဲသားစားမိသကဲ့သို့ ဖြစ်နေကာတွေ့သမျှလူတိုင်းကိုလည်း ပြောမဆုံးနိုင်ပေ။ သူတို့လူချင်းပင်မတွေ့ရသေးသော်လည်း စိတ်ကူးထဲတွင်ကလေးရပြီး အငယ်ဆုံးသားပင် အင်ဂျင်နီယာဖြစ်နေ၏၊ သူဘာကြောင့်အဲသလောက် ပျော်ရခြင်းဆိုသည်မှာ ကောင်မလေး၏ စာဖြစ်သောရုပ်ဆိုးခြင်းက အရေးမပါဘုး ဟုဆိုသောကြောင့်ဖြစ်သည်။ ထိုကြောင့် သူ၏ အရုပ်ဆိုးခြင်းကိုလည်း အကောင်းမြင်စေရန် ကောင်မလေးအား မေးလ်များဖြင့် ရုပ်ရည်သည်အဓိက မကျကြောင်း ၊ ရုပ်ချောပါလျက် ပညာမတတ်လျှင်အလားကားဖြစ်ကြောင်းစသည်ဖြင့် သိမ်းသွင်းလေ၏။ ကောင်မလေးကလည်း သူကဲသို့ပင် သဘောတူညီလေ၏။

“ကိုလတ် ဒီကောင်မလေးက တော်တော်အံသြဖို့ကောင်းတယ်နော်။ ဒီလောက်ချောလှပါရဲ့သားနဲ့ ရုပ်ချောတာကို ဂုဏ်မယူတာ”။
”အေးဗျ..ကိုထွဋ်ရ သူကတော်တော်ချောတာပဲလေ။ ကျနော်ကံကောင်းတာပေါ့။”

သူသည်အလွန်တရာမှပင် ပျော်ရွှင်ကာ ကောင်မလေးအား လာလည်ရန်ခေါ်၏။ သိုသော်ကောင်မလေးက မဖြစ်နိုင်ကြောင်း အွန်လိုင်းတွင်ပင် ချစ်သူတွေဖြစ်ရန်တောင်းပန်လေသည်။သို့သော်သူသည် လုံးဝမရမကအလည်လာရန်ခေါ်၏။

(ဇာတ်လမ်းအားချုံလိုက်သည်...စကားချပ်)

ကောင်မလေးကနောက်ဆုံးတွင်လာရန်သဘောတူလိုက်လေသည်... ထိုအချိန်မှစ၍ သူသည် အဝတ်အစားကောင်းများကိုဝယ်ယူလေ၏။သို့သော် သူ၏ပုံသဏ္ဍာန်မှာ အဝတ်အစားကောင်းများကိုဝတတ်ဆင်သော်လည်းပိုမိုခန့်ညားမလာဘဲ ပို၍သာရုပ်ဆိုးလေ၏။ သူ၏အရပ် ၅ပေ၂လက်မနီးပါးနှင့် သပိတ်ရောင်အသားအရည်တို့ရှိသော်လည်း အပြာရောင်၊အနီရောင် စသည့်ကာလာများနှင့်ဂျင်းဘောင်းဘီအားလွန်စွာနှစ်သက်၏။ သူသည် ရုတ်တရက်ကြည့်သော် ဖီလစ်ပီနိုနှင်တူ၍ ကျနော်မှာ အသားဖြုဖြု အရပ်မြင့်မြင့်နှင့် ခန့်သောရုပ်ရည်တို့ကြောင့် ဘာဝတ်ဝတ်တင့်တယ်၏။ အခုလည်းကျနော် အားကောင်မလေးနှင့်တွေကပါက လိုက်ခဲ့ရန်ခေါ်၏။ ကျနော်ကမလိုက်လိုချေ။သိုသော်သူသည်ကျနော်အားမရမကခေါ်၍လိုက်စေလို၏။

သိုနှင့် သူ၏ကောင်မလေးရောက်မည့်ရက်မှာနီးကပ်လာလေသည် သူသည်လည်း မျောက်မီးခဲထိုင်မိသလိုလို မျောက်အုန်းသီးရသလိုလိုနှင့် မျက်စိတော်တော်နောက်နေ၏။ သူပြောပြချက်အရ သူ၏ကောင်မလေးနှင့်သူအဒေါ်၊သူ့အမေတို့လည်းပါမည်ဟုသိရသည်။

တစ်ပတ်မျှကြာသော်ကောင်မလေးရောက်လာလေသည်....ကောင်မလေးအားသူသည် တွေ့ရန်ချိန်း၏။ကောင်မလေးအားနာမည်ကြီးရှော့ပင်းမောသို့လာရန်ခေါ်၏။ ကောင်မလေးကလည်ဂတိပေး၏။သို့သော် သူ၏ အဒေါ်ပါမည်ဖြစ်ကြောင်းပြောထားသည်။ ထိုနှင့်ကျနော် တို့ရောက်သွားသောအခါ သူ၏ကောင်မလေးသည် မရောက်သေးပေ။

ထိုသို့စောင့်နေစဉ် အချိန်အတွင်း ကျနော် အိမ်သာ ခဏသွားစဉ် အလွန်တရာမှချောမောလှပသော ကောင်မလေးတစ်ယောက်အားလိုက်ကြည့်မိရာ သူမအားမြင်ဖူးသလိုခံစားမိ၏။သူမကလည်းကျနော်အားကြည့်နေသည်။

ထိုနောက် သူမကစ၍ ကိုရဲလားဟင် ကျနော်အားမေးသည်။(ကောင်မလေးက သူ့ကို ကိုရဲဟုခေါ်သည်) သို့သော် ကျနော် သည်ကိုလတ်မဟုတ်ပေ။ သူပုံကြည့်ရသည်မှာ ကျနော့်အား ကိုလတ်အဖြစ်နှင့်သေသေချာချာသိထားပုံပင် ထို့ကြောင့် ကျနော်က မိချောလားဟင် ဟုမေးရာ သူမက ဟုတ်ကြောင်းဖြေ၏။ မိန်းကလေးမှာအတော်လှ၏။အကျနုပ်မှာ တော်တော်မနာလိုဖြစ်၏။ သူ၏နောက်တွင်လည်း အသားညိုညိုနှင့်ဝဝဖိုင့်ဖိုင့် အမျိုးသမီးကြီးတစ်ဦးတွေ့ရ၏။သူသည်ကျနော်အားစားမတတ်ဝါးမတတ်ကြည့်နေသည်ကို အံသြစွာတွေ့ရလေသည်။
ထို့နှင့်ကျနော်သည် သူတို့အား ကိုလတ်ရှိရာသို့ခေါ်သွားသည်။

ကိုလတ်သည် ကောင်မလေးကိုမြင်သောအခါ ပါးစပ်ပွင့်ကာငုတ်တုတ်မေ့နေသည်။ ကျနော်လှုပ်နိုးမှပင် သတိဝင်ကာတွေ့ရတာဝမ်းသာကြောင်းပြော၏။ကျနုပ်က သူနာမည်အား ကိုဖြိုးဟုမိတ်ဆက်ပေး၏။ မိချောသည် သူအားလုံးဝပင် အရေးမဆိုက် တချက်ပြုံးပြကာ လုံဝမကြည့်တော့ချေ။

ထိုနေ့က ကျနော်တို့ တွေ့ချိန်မှာ သိပ်မကြာချေ။ကျနော် နှင့်စကားပြောနေသည် မှာ ရေပက်မဝင်ပင်။
သူမတို့ပြန်သောအခါ ကျနော်က “ဟေ့လူ ကိုလတ် ခင်ဗျား ကောင်မလေးဆီကို ကျနော်ဓာတ်ပုံပို့ထားတယ်မဟုတ်လား။ဘာဖြစ်လို့ပို့ထားတာလဲဗျ”။

“ဒီကောင်မလေး ဓာတ်ပုံရပြီးတော့ ကျနော် ဓာတ်ပုံပို့လိုက်ရင် အရင်ကောင်မလေးတွေလို ပြတ်သွားမှာ စိုးလို့ပေါ့ဗျ။အဲဒါကြောင့်လဲ ခင်ဗျားကို မရမက ခေါ်လာတာပေါ့ဗျာ။” ပုံစံက အလွန်တရာမှ ပိုင်သော ပုံစံဖြင့်.... :P

“ဥာဏ်ကြီးပါပေတယ်။ကောင်မလေးက လက်မခံရင်ဘယ်လိုလုပ်မလဲ။
အဲဒီအတွက်က ကျနော် စဉ်းစားထားပြီးသား သူတို့ကို ကော်ဖီဆိုင်မှာ ချိန်းမယ်ဗျာ..အဲဒီမှာ ဝိုင်ဖိုင်ရတယ်...
ကျနော်တို့နှစ်ယောက်ရဲ့ chat history ကိုပြမယ်ဗျာ..ကဲအဲဒါဆိုမပိုင်လား...”

“အဲလို ဗြုန်းစားကြီးလုပ်လို့ ဘယ်ရမလဲ။ သူ့အဒေါ်ကြီးပါနေတယ်လေ။ နေဦး ဒီလိုလုပ်ဗျာ ကျနော် သူ့ကို တစ်နေရာရာမှာ ချိန်းပြီးစကားပြောမယ် ပြီးရင် ခင်ဗျားဆီကို ခေါ်လာခဲ့မယ်။ ဘယ်လိုလဲ”
“ဖြစ်ပါ့မလားဗျာ”
“ဟေ့လူ ကျနော် အဆင်ပြေအောင်လုပ်ပေးမယ်။ ဂျကားမများနဲ့တော့ (နှမျောလိုက်တာ သူ့လက်ထဲထည့်ပေးရမှာ)”
“အေးပါဗျာ ခင်ညားသဘောပါပဲ”
သည်လိုနှင့် ကျနော်တို့လမ်းခွဲခဲ့ကြသည်။

နောက်နေ့တွင် ကျနော် သည်သူ့တို့အား ဖုန်းဆက်၍ စကားပြောချင်ကြောင်း ဟိုတယ်ကို ခဏလာမည်ဟုပြောသည်။သူမကလည်း အဆင်ပြေကြောင်း သူမလည်း ကျနော့်အားပြောစရာရှိကြောင်းကို ပြော၏။

အဲဒါနဲ့ကျနော် သူတို့ဟော်တယ်ကိုရောက်တော့ အဆင့်သင့် စောင့်နေတာတွေ့၏။

ကျနော်ကိုတွေတော့ပြုံးပြ၏။သို့သော် အပြုံးက အသက်မပါပေ။
“အကို ကျမနဲ့ အကိုနဲ့ အွန်လိုင်းမှာ ချစ်သူတွေဖြစ်တာကြာပြီနော။ဒါပေမဲ့ အကိုရယ်။”ဆိုပြီး အသံလေးက တိမ်ဝင်သွားတယ်။
ကျနော်လဲ ဘာပြောရမှန်းမသိတာနဲ့ခုံကိုပဲ ကြည့်နေမိသည်။ထို့နောက် သူမက

"ကိုရဲရယ် အခုမိချောက ကိုရဲထင်သလိုမဟုတ်ဘူး"ဆိုကာ ကျနော့မျက်နှာအား ဝမ်းနည်းသလိုကြည့်နေ၏။

ဆက်ရန်

လွဲချက်ကယ်နာ အပိုင်း ၂

လွဲချက်ကယ်နာ အပိုင်း ၁

~~~~~~~~~~@@~~~~~~~~~~~~~

ကျနော် အလုပ်များနေတာက တစ်ကြောင်း၊ပျင်းနေတာက တစ်ကြောင်းကြောင့် ပို့စ် မတင်ဖြစ်ခဲ့ပါဘူး...
အခုပုံမှန်ပို့စ် တင်နိုင်ဖို့ကြိုးစားသွားပါမယ်။။။ပို့အသစ်မတင်ခင်ကာလက လာလည်သူများကိုကျေးဇူးတင်ပါတယ်(အမှန်က ဘယ်သူမှ လာမလည်ဘူး ဟိ)...

ကိုထွဋ်
၀၂.၀၈.၂၀၁၁