၁ ရက်နေ့ည ကားတိုက်မှု
မနေ့ညက ကားတိုက်မှုမှာ နိုင်ငံခြားသား ခုနှစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိကြောင်းသိရပါတယ်။ ကားတိုက်မှုက တနလာင်္နေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး။
ကမ်ပူကြီးယား အန်ကော ကားကုပ္ပဏီက ညကားတွေပြေးဆွဲပါတယ်။ တနင်္လာနေ့ည မှာ စီရမ်ရိကနေ ဗီယမ်နမ်ကို ပြေးဆွဲတဲ့ညကားက မနက် ၄း၁၀ လောက်မှာ ရှေ့ကသွားနေတဲ့ လော်လီကားကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာဖြစ်ပြီး နိုင်ငံခြားသားခုနှစ်ယောက် ဒဏ်ရာရသွားတာဖြစ်ပါတယ်။ နိုင်ငံခြားသားတွေက တောင်ကိုးရီယား၎ ယောက်နဲ့ စပိန်နိုင်ငံသား ၃ ယောက်တို့ဖြစ်ပါတယ်. အဲဒီအထဲမှာမှ ၅ ယောက်က အမျိုးသမီးတွေပါ။
သယ်ဆောင်လာတဲ့ ခရီးသည်က ၃၄ ဦးဖြစ်ပါတယ်။ ၂၇ယောက်ကတော့ ဒဏ်ရာအနည်းငယ်စီရထားပါတယ်။ ရဲတွေကတော့ ဒီဖြစ်ပွားမှုဟာ ကားဒရိုင်ဘာ ရဲ့ အိပ်ငိုက်မှုကြောင့် ဖြစ်ပါတယ်လို့ ပြောကြားထားပါတယ်။ အခုအချိန်မှာတော့ ကားဒရိုင်ဘာဟာ ထွက်ပြေးသွားပါတယ်။
အဲဒီ အဝေးပြေးလမ်းဟာ ၂၀၁၁ ရဲ့ ခြောက်လ အတွင်းမှာကိုပဲ လူပေါင်း ၁၀၇၆ ယောက် သေခဲ့ပြီးပြီလို့သိရပါတယ်။
မူရင်းလင့်ကဒီမှာပါ။ "http://cambodiatodayz.com/2011/08/foreign-tourists-injured-in-cambodia-bus-crash/"
Seven foreign nationals were seriously injured when a night bus and a truck crashed in Prey Veng province early yesterday morning.
The Kampuchea Angkor Express bus, carrying 34 passengers, was travelling from Siem Reap to Vietnam when it crashed in Peamro district at about 4:10am.
District police chief Seng Ponlok said the double-decker bus hit a truck carrying bags of corn parked beside the road – causing serious injuries to three Spanish nationals and four South Koreans.
Another 27 passengers sustained light injuries. Five of the seriously injured passengers were women.
“We have to investigate this accident to see why it happened like this, but the unofficial conclusion is that we think that it was caused by the driver being sleepy,” said Seng Ponlok.
“He could not control himself anymore – that’s why he moved the bus to hit the lorry.”
Provincial police officials helped send the injured to referral hospitals and an undisclosed hospital in Phnom Penh, he said.
Both vehicles have been taken to Peamro district police station to aid an investigation.
“We will investigate this accident by cooperating with the bus company and we will also cooperate with them to look for the driver, who escaped after accident,” said Seng Ponlok.
Kampuchea Angkor Express officials could not be reached for comment yesterday.
The collision is the latest in a series of bus accidents to take place in the Kingdom.
In May, 35 people were injured when a night bus travelling from Phnom Penh to Siem Reap crashed into a rice truck. Two died when an Angkor Express bus transiting from Laos to Phnom Penh struck a motorbike carrying two men in Stung Treng town in early June.
A Paramount bus allso exploded in Kampong Thom province a week prior to that incident.
ကိုထွဋ်
၀၂.၀၈.၂၀၁၁
02 August 2011
31 July 2011
ကြိုက်တယ် မကြိုက်ဘူး
ကဲ ကျနော်ကိုတော့ ကိုမောင်လေး (ခေါ်) ဦးညိမ်းနိုင် တက်တော့လဲရေးရမှာပေါ့။ ရော့.အဲဒီမှာ ဖတ်ကြည့်...
ကိုယ်ခန္ဒာ
ဒီပို့စ်ကို ဘလော့ဂါတွေတော်တော်များများရေးကြတယ်။ ကျားဘလော့ဂါတွေကတော့ ကျစ်ကျစ်လစ်လစ် ဖြစ်ချင်တယ်တဲ့။
ကျနော်လဲ အဲလိုမျိုးဖြစ်ချင်တယ်။ အဲဒါနဲ့ ဂျင်မ်သွားဆော့တာပေါ့။ကိုယ်က အဲဒါမျိုး ခန္ဓာကိုမျိုးမှကြိုက်တာကိုး။ ဂျင်မ်ဆော့တယ် အစားလျှော့တယ်။ မနက်ကျရင်ထပြေးတယ်။ ဒါကျနော့် routine ပေါ့။ ဒါပေမဲ့ နှစ်ပတ်လောက်ကြာတော့ ဂျင်မ် သွားဆော့ရာကနေ အိမ်မှာ ဂျင်ပေါက်တာကိုပြောင်းလိုက်တယ်။ အစားကိုတော့ နှစ်ပန်းကန်စားရာကနေ တစ်ဇလုံကိုပြောင်းစားတယ် (ဇလုံက ၃ပန်းကန်လောက်ဝင်တယ်)။ မနက်ထပြေးတာကတော့ အခု ခြင်ထောင်ကို ပတ်ပြေးနေပါတယ်။ အဲဒီတော့ ခန္ဓာကိုယ်က နည်းနည်းပြည့်တယ်ပေါ့ဗျာ။အရပ်ကတော့ စံချိန်မှီ ၅ပေ၁၀လောက်ရှိတယ်။ ဆံပင်ကကောက်ကောက်နဲ့ တဲယောင်းလိုကေများထားပြီး သွားလိုက်ရင် ဟာကနဲ ဟင်ကနဲပဲလေ။ မျက်နှာကတော့ ရိန်းထက်တော့မလျှော့ဘူး(သူ့မျက်နှာလို ဖြစ်ချင်တာ)ချောတာမှ ခြင်နားမိရင်တောင်ချောလဲနိုင်တယ်... အဲကောင်လောက်တော့ သနားတယ်။ လမ်းမှာ ပြည့်ပြည့်ဖောင်းဖောင်း ခန္ဓာကိုယ်နဲ့ အရပ်က ၅ပေ၁၀ လောက်နဲ့ ရိန်းလိုဆိုရင်တော့ ကျနော်ပါပဲခင်ဗျာ။ ခေါ်နိုင်ပါတယ်။
လူတစ်ယောက် မှာ ကျနော် အရင်ကြည့်တာကတော့ ဦးမေးလောင်လိုပဲ ခြေထောက်ဗျ။ ခြေထောက်မှာ အနာအဆာတွေရှိရင် ကျနော် မကြိုက်ဘူး။ ကျနော်ခြေထောက်မှာ လည်း ဘာအနာအဆာမှ မရှိဘူး။ ခြေချောင်းလေးတွေကလည်းလှမှ။ နို့မို့ဆို အင်း....။သူငယ်ချင်းတွေကပြောတယ် သူ့ဘာသာ နေတာကိုလို့တော့ပြောပါတယ်။ဒါပေမဲ့ကျနော်ကြည့်မရဘူး။
အစားအသောက်
အမဲသားကလွဲလို့ အကုန်စားတယ်(ခွေးသားစားဘူးနော်)။ဘာလို့ အမဲသားမစားတာလဲလို့ တော့မမေးနဲ့။ ဘာသာရေးအရမဟုတ်ဘူး။ စားပြီးရင်သွားကိုက်လို့ မစားဘူး။ ကျန်တာ အကုန်စားတယ်။ ဒီနိုင်ငံမှာ ပေါက်ကရ အကုန်ရတယ်။ အိမ်မှာဆိုရင် ခေါက်ဆွဲခြောက်နဲ့ကြက်ဥကနေ့တိုင်းပဲ။ ပိုက်ဆံရှိရင်ကောင်းကောင်းစားတယ် ဒါပေမဲ့ ဖြစ်သလိုစားရလည်း ပြဿနာမရှိ စားဝင်တယ်။ စားလွန်းလို့ လည်း ငါးပူတင်းဗိုက်ဖြစ်နေပြီ။
ကွန်ပြုတာ
ကွန်ပြုတာ သုံးရတာကြိုက်ပေမဲ့ ကွန်ပြုတာနဲ့ အီဘုတ် ဖတ်ရတာကိုမကြိုက်ဘူး။ ကွန်ပြုတာ ဟန်း သွားရင်လည်း မကြိုက်ဘူး။ အဆင်ပြေနေမှ ကြိုက်တယ်။ဒါပေမဲ့ ရုံးကကွန်ပြုတာက တစ်နေ့ကို အနည်းဆုံးနှစ်ကြိမ် ရီစတပ်ချပေးရတယ်။
LCD စကရမ် မှကြိုက်တယ် CRT ကိုကြည့်လို့ရဘူး။ အဲလိုဇီဇာကြောင်တယ်။
အဝတ်အစား
ဂျင်း ကိုကြိုက်တယ်။ ကျနော်က စတိုင်ပန် နဲ့မလိုက်ဘူး။ အင်း.တကယ်က ဘောက်းဘီနဲ့မလိုက်ဘူး..ဘာဖစ်လို့လဲဆိုတော့ ကျနော်က တင်မရှိလို့တဲ့။ဟုတ်မယ်ဗျ။ တင်ရှိတဲ့ကောင်တွေကျ ဝတ်ထားတာကျ နောက်ကနေ ဆောင့်ကန်ပစ်ချင်စရာ။ အင်္ကျီဆို တီရှပ်ပဲကြိုက်တယ်။ ဘာဖစ်လို့လဲဆိုတော့ မီပုတိုက်စရာမလိုလို့။
လက်တွေခြေထောက် တွေမှာ ကွင်းတွေ ဝတ်ရတာကိုကြိုက်တယ်။ဒါပေမဲ့ မျောက်နဲ့တုတယ်လို့ သယ်ရင်းတွေက သြဘာပေးကြတယ်။လှတာ ဘာလဲဆိုတာမှ သူတို့မသိတာ နေပါစေ။
အပြုအမူ
တင်ပလင် ခွေထိုင်ရတာကြိုက်တယ်။ နေရာတော်တော်များများမှာ ထိုင်တယ်။ အလုပ်လုပ်ရင်လည်း အဲလိုထိုင်ရမှာကြိုက်တယ်။ အဘိုးကတောသား ဆိုတော့ ဆောင့်ကြောင့်ထိုင်ရတာကို သူကကြိုက်တယ်။ ကျနော်လဲ သူ့ဓာတ်နည်းနည်းပါလားမသိ။ တင်ပလင်ခွေ ထိုင်ရတာကိုကြိုက်တယ်။
ကျနော်ရေးချင်တာတွေရေးပြီးပြန်ဖတ်တော့ ပေါတောတောနဲ့လို့ ထင်တယ်။ ဒါပေမဲ့ တတ်နိုင်ဘူး။ကိုယ်ကဒါပဲရေးတတ်တာကိုး။
ဦးမေးလောင်ရေ ကျနော်ရေးပြီးပြီနော်။။။
ကိုထွဋ်
၃၁.၀၇.၂၀၁၁

09 July 2011
အရူးနှစ်ယောက်ရဲ့ ချစ်ပုံပြင်
အရူးနှစ်ယောက်ရဲ့ ချစ်ပုံပြင်
ဟိုး ရှေးရှေးတုန်းက ဒီလိုအချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဖူးတယ်။
ပုံပြင်ထဲက ယောက်ျားနဲ့မိန်းမနှစ်ဦးစလုံးဟာ ရူးနေကြတယ်။ သူကရူးနေလို့ တစ်ချိန်လုံး အရူးစကားပဲပြောတတ်တယ်။
... သူမကလည်းရူးနေပြီး တစ်ချိန်လုံး သူ့ကိုပဲ ခပ်တုံးတုံးရယ်ပြပြီး စိုက်ကြည့်နေတတ်တယ်။
အစက သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မသိကြဘူး။ သူက တောင်အရပ်မှာနေပြီး သူမက မြောက်အရပ်မှာနေကြတယ်။
အိမ်ကလူတွေက သူတို့နှစ်ယောက်ကို တုံးအတယ်ဆိုပြီး ဂရုမစိုက်ဘဲ သွားချင်ရာသွားဆိုပြီး စွန့်ပစ်ထားကြတယ်။
တောင်အရပ်ကနေ မြောက်အရပ်ဆီဦးတည်ပြီး သူထွက်လာခဲ့တယ်။ မြောက်အရပ်ကနေ တောင်အရပ်ဆီဦးတည်ပြီး သူမ လေလွင့်ခဲ့တယ်။
နှစ်ယောက်စလုံး လေလွင့်ခဲ့ကြတယ်...
တကယ်တော့ အရင်က သူ မရူးဘူး။ တစ်ခါက အလုပ်ခွင်မှာ ခေါင်းကိုအုတ်နဲ့ ရိုက်မိပြီးနောက် သူရူးသွားတာဖြစ်တယ်။ သူမလည်း အစက မရူးဘူး။
တက္ကသိုလ်ဝင်တန်းမှာ မြို့နယ်ပထမရခဲ့တဲ့ သူမနေရာကို သူဌေးသမီးတစ်ယောက် ဝယ်ယူလိုက်ရာက ဘယ်သူနဲ့မှ သူမစကားမပြောတော့ဘူး။
အဖေအမေကိုလည်း ဂရုမစိုက်တော့ဘူး။ နောက်တော့ သူမ ရူးသွားခဲ့တယ်။
လမ်းခရီး ဘယ်လောက်ကြာကြာ သူတို့လျှောက်ခဲ့ကြမှန်းမသိဘူး။ သူ့ကိုယ်ပေါ်က အဝတ်အစားတွေ ညစ်ပတ်ပေရေနေတယ်။
မည်းညစ်နေတဲ့ ခြေဖျားတွေဖိနပ်ထိပ်မှာ ပြူထွက်နေတယ်။ သူမကိုယ်ပေါ်က အနီရောင်ဝတ်စုံလည်း မီးခိုးရောင်ဖြစ်နေခဲ့တယ်။
ရှုပ်ပွနေတဲ့ သူမဆံပင်ပေါ်မှာ မြက်ခြောက်တွေ ကပ်ညှိနေတယ်။ ဒါပေမယ့် သူမမျက်နှာဖြူနေတယ်။ ဖြူရော်နေတယ်။
လက်ထဲမှာ ရေပုလင်းတစ်လုံးကိုင်ထားပြီး လမ်းသွားလမ်းလာတွေကို ထုံအ,အ သူမရယ်ပြနေခဲ့တယ်။
ညနေဝင်ရီတရောအချိန်မှာ သူနဲ့သူမတွေ့ကြတယ်။ အမှိုက်ပုံးတစ်ခုမှာ မှိုတက်နေတဲ့ပေါင်မုန့်တစ်ချပ်ကို အတူတွေ့ကြရင်း သူတို့နှစ်ယောက် ဆုံခဲ့ကြခဲ့တယ်။
ပေါင်မုန့်ဆီ နှစ်ဦးသားလက်လှမ်းပြီး ကောက်ယူချိန် ခေါင်းချင်းတိုက် ဆုံခဲ့ကြတာဖြစ်တယ်။ သူမကို သူစူးစူးစိုက်စိုက် ကြည့်ပစ်လိုက်တယ်။ သူ့ကို သူမရယ်ပြနေတယ်။
နောက်ဆုံး သူ့လက်ထဲပေါင်မုန့်ပါလာတယ်။ မည်းညစ်နေတဲ့ ပါးစပ်ကြီးကိုဟပြီး ပေါင်မုန့်ကို ခပ်နာနာတစ်ချက် သူကိုက်ချလိုက်တယ်။
သူမ မလှုပ်ဘဲ သူ့ကိုငေးစိုက်ကြည့်နေတယ်။
သူမကို အရောင်မပါတဲ့မျက်လုံးနဲ့ သူတစ်ချက် စောင်းကြည့်လိုက်တယ်။ တံထွေးတွေကို မပြတ်မျိုချရင်း သူ့ကို သူမငေးကြည့်နေခဲ့တယ်။
စားလက်စပေါင်မုန့်ကိုရပ်ပြီး ထုံအအနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ သူမကို ပြန်စိုက်ကြည့်လိုက်တယ်။
အဲဒီလိုနဲ့ အရူးနှစ်ယောက် ဘာအမှုအရာမှမပြဘဲ အချင်းချင်း စိုက်ကြည့်နေကြတယ်။
သူမကို သူပေါင်မုန့်ကမ်းပေးလိုက်တယ်။ တစ်ဝက်သာကျန်တဲ့ပေါင်မုန့်ကို သူမဆတ်ခနဲဆွဲယူပြီး အားရပါးရစားလိုက်တယ်။ နေရာက သူလှည့်ထွက်လာခဲ့တယ်။
နောက်လှည့်မကြည့်ဘဲ အိပ်နေကျအိမ်အိုကြီးဆီ သူပြန်လာခဲ့တယ်။ အိမ်နားရောက်မှ သူ့နောက်မှာ သူမ လိုက်ပါလာမှန်းသိတယ်။ သူ့ကို သူမရယ်ပြပြန်တယ်။
သူတို့အချင်းချင်း စကားတစ်ခွန်းမှမပြောကြဘဲ အိမ်အိုကြီးထဲမှာ အတူနေခဲ့ကြတယ်။
ညအိပ်ချိန်မှာ တစ်ခါမှမခံစားဖူးတဲ့ နွေးထွေးမှုကို သူခံစားမိတယ်။ နိုးလာတော့ သူမက သူ့ကိုဖက်ပြီး အိပ်နေတယ်။
အရူးတစ်ယောက်ပုံစံနဲ့ မတူဘဲ နှစ်နှစ်ခြိုက်ခြိုက် သူ့ကိုဖက်ပြီး သူမအိပ်ပျော်နေခဲ့တယ်။
ဒီလိုနဲ့ အရူးနှစ်ယောက် တစ်အိမ်ထဲမှာ အတူနေဖြစ်ခဲ့ကြတယ်။ နေ့ခင်းမှာ နှစ်ယောက်အတူ ဈေးထဲက စားစရာတွေကောက်ယူစားပြီး သူတို့ဗိုက်ဖြည့်ကြတယ်။
ညဖက်မှာ အိမ်အိုကြီးဆီ ပြန်အိပ်ကြတယ်။ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ နေ့ရက်တွေကို သူတို့ကျော်ဖြတ်ခဲ့ကြတယ်။
တစ်ညမှာ ဘယ်ကကောက်ရမှန်းမသိတဲ့ လက်စွပ်တစ်ကွင်းကို သူယူပြန်ခဲ့တယ်။ သံချေးတွေတက်နေတဲ့ လက်စွပ်ကို သူမလက်ထဲ သူစွပ်ပေးလိုက်တယ်။
သူမက ထုံးစံအတိုင်း သူ့ကိုကြည့်ပြီးရယ်နေတယ်။ အဲဒီညက သူမ အားရပါးရရယ်ဖြစ်တယ်။ တိတ်ဆိတ်တဲ့ညမှာ သူမရယ်သံကို အတိုင်းသားကြားနေရတယ်။ ရယ်သံတွေရဲ့နောက်မှာ ငိုသံတွေပါနေခဲ့တယ်။ ပထမဆုံးအကြိမ် သူမငိုမိတယ်။ သူ့ကိုဖက်ပြီး ဘာမှန်းညာမှန်းမသိ သူမ ငိုနေမိတယ်။
သူက မတုန်လှုပ်တဲ့အပြင် မျက်နှာမှာလည်း ဘာအမူအရာမှ မပြခဲ့ဘူး။
သူမ ဖျားနေတယ်။ တစ်ခါမှ မဖျားဖူးတဲ့သူမ အပြင်းဖျားနေခဲ့တယ်။ သူနဲ့အတူ မနက်စာထွက်မကောက်ခဲ့ဘူး။ သူ့ကို ရယ်ပြမနေခဲ့တော့ဘူး။
သူ့တစ်ယောက်တည်း အစာတွေသွားကောက်ခဲ့ပြီး နေ့ခင်းမှာ ပြန်လာခဲ့တယ်။ လက်ထဲမှာ ရေအသစ်တစ်ဗူးနဲ့ ပေါင်မုန့်အသစ်တစ်ထုပ် ယူပြီး သူပြန်လာခဲ့တယ်။
သူ့မျက်နှာတွေ ဖုယောင်နေတယ်။ လက်ညိုးတွေလည်း ညိုမည်းနေတယ်၊ နှာခေါင်းမှာလည်း သွေးတွေပေနေတယ်။
ဆိုင်ထဲက ရေနဲ့ပေါင်မုန့်ကို သူဝင်လုတဲ့အချိန် ဆိုင်ပိုင်ရှင်ရိုက်ထားလို့ဖြစ်တယ်။
မျက်လုံးတွေကို သူမမှိတ်ထားလည်း သူ့ကို အရင်လိုပဲ ရယ်ပြနေခဲ့တယ်။ ပေါင်မုန့်ကိုယူပြီး သူမပါးစပ်ထဲ သူထည့်ပေးလိုက်တယ်။ သူမ မစားနိုင်ဘူး။
ကြည့်ရတာ သူမ သိပ်မဟန်တော့ဘူး။ အဖျားတွေတက်ပြီး သူမမေ့မျောသွားခဲ့တယ်။ သူ့မျက်နှာပေါ်မှာ ပထမဆုံးအကြိမ် အမူအရာတွေကို မြင်ရတယ်။
စိုးရိမ်တဲ့ အမူအရာ၊ အကူအညီမဲ့တဲ့ အမူအရာ... အိမ်အိုထဲကနေ သူထွက်ပြေးလာခဲ့တယ်။ အစိမ်းရောင်ဝတ် ရဲသားတစ်ဦးကိုတွေ့တော့ သူငိုတယ်။
ပထမဆုံးအကြိမ် သူငိုခဲ့တယ်။
"ကျွန်တော့်အမျိုးသမီးကို ကယ်ပါ" လို့ ပါးစပ်ကအော်ပြီး သူငိုတယ်။
"သွားစမ်း.. အရူး.. တောက်.. အိမ်ကထွက်တာနဲ့ ဘယ်ကအရူးနဲ့လာတိုးနေမှန်း မသိဘူး"
ရဲသားက ပြောပြောဆိုဆို သူ့ကိုကန်ထည့်လိုက်တယ်။ မြေကြီးပေါ် သူပက်လက်လှန်ကျသွားတယ်။ ရဲသားက သူ့ဗိုက်တည့်တည့် အားနဲ့သုံးလေးချက် ဆင့်ပြီးကန်ချလိုက်တယ်။
ပြီးတော့ သူ့မျက်နှာပေါ် တံထွေးတစ်ချက်ထွေးထည့်ပြီး နေရာကထွက်သွားတယ်။ မြေပေါ်မှာ သူအကြာကြီးလဲနေခဲ့တယ်။
သူထနိုင်တဲ့အချိန် မျက်နှာပေါ်က တံထွေးတောင် ခြောက်နေခဲ့ပြီ။
သူမကိုကျောပိုးပြီး လမ်းမကြီးပေါ် သူရောက်လာခဲ့တယ်။ လမ်းပေါ်မှာ လူတွေအများကြီး ဒါပေမယ့် သူတို့ကိုတစ်ယောက်မှ ဂရုစိုက်မကြည့်ကြဘူး။
ကြည့်ကြတဲ့လူတွေကလည်း ရွံ့ရှာတဲ့အေးတိအေးစက် အကြည့်နဲ့ တစ်ချက်ကြည့်ပြီး ကိုယ်လမ်းကိုယ်သွားလိုက်ကြတယ်။
သူမကို လမ်းဘေးတစ်နေရာမှာ သူချလိုက်ပြီး အကူအညီမဲ့မျက်လုံးနဲ့ လူတွေကို သူလိုက်ကြည့်နေခဲ့တယ်။ သူမ အသက်မျှင်းမျှင်းလေးပဲ ရူနေတယ်။
ရုတ်တရက် လမ်းဘေးက ဖန်ကွဲစတစ်စကို သူကောက်ယူပြီး သူမရဲ့ ညစ်ပတ်ပိန်လှီနေတဲ့ လက်ပေါ်ခုတ်ချလိုက်တယ်။
သူမလက်ထဲကသွေးတွေ ဖြာခနဲ သူ့မျက်နှာပေါ် ပန်းတက်လာတယ်။
"ဟား.. ဟား... ကျွန်တော်လူသတ်လိုက်ပြီ... ခင်ဗျားတို့ကြည့် ကျွန်တော်လူသတ်လိုက်ပြီ"
အဲဒီနောက် အရေးပေါ်လူနာတင်ကား ရောက်လာပြီး သူမကို သယ်ထုတ်သွားကြတယ်။ ဝိုင်းကြည့်နေတဲ့လူတွေက သူ့ကိုကန်ကျောက်ပြီး ဆဲဆိုထွက်သွားကြတယ်။
ကယ်တင်ခံရပေမယ့် နောက်ဆုံးမှာ သူမ သေဆုံးသွားခဲ့ရတယ်။ အရေးပေါ်ခန်းမှာ တစ်နာရီလောက်တောင် သူမ မနေခဲ့ရဘဲ ရင်ခွဲရုံထဲ ပို့ခံခဲ့ရတယ်။
သေဆုံးသွားပေမယ့် သူမမျက်နှာက ပြုံးနေခဲ့တယ်။ သေဆုံးချိန်ထိ သူမလက်သူကြွယ်မှာ သံချေးတက်နေတဲ့ လက်စွပ်ကို စွပ်ထားဆဲဖြစ်တယ်။
သူမပြန်အလာကို သူအကြာကြီးစောင့်နေခဲ့တယ်။ ဒါပေမယ့် သူမ လုံးဝပြန်မလာခဲ့တော့ပါဘူး။ သူ့ကို ရယ်ပြဖို့ ပြန်မလာခဲ့တော့ပါဘူး။
သူငိုမိတယ်။ အားပါတရ သူအော်ငိုမိတယ်။ ညတစ်ညလုံး သူ့ငိုသံတွေ လွှမ်းနေခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့မှ သူ့ငိုသံကို သတိမထားခဲ့မိကြဘူး။
သူတို့စတွေ့ခဲ့တဲ့ အမှိုက်ပုံးဘေးမှာပဲ သူ့ရဲ့အေးစက်နေတဲ့အလောင်းကို လူတွေတွေ့ခဲ့ကြတယ်။ သူ့မျက်နှာပေါ်ကအပြုံးတောင် အေးစက်နေခဲ့ပါပြီ။
မှိုတက်နေတဲ့ ပေါင်မုန့်တစ်ချပ်နဲ့ မဖောက်ရသေးတဲ့ ရေတစ်ပုလင်းက သူ့ရင်ခွင်ထက်မှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လို့.
ဖဘ က မမေနှင်းဖြုဆီကပါ။
ကျနော်က ကိုယ်တိုင် ဖြစ်ဖြစ်မြောက်မြောက် မရေးတတ်၍ ကောင်းနိုးရာရာများကို ရှဲချင်းဖြစ်သည်။
ကိုထွဋ်
၀၉.၀၇.၂၀၁၁

05 July 2011
ဝချင်သလား ပိန်ချင်သလား...
“ဒီမှာ ကိုရွှေခါးကျနော်ကဝိဇ္ဖာဖြစ်ချင်တာဗျ။”
“ကိုမြသာ ကျနော်က ခင်ဗျားကို ဝိတ်ဇာ ဖြစ်မည့်နည်းလမ်းတော့မပြောပြတတ်ဘူး။ မဖြစ်မည့်နည်းတွေတော့ပြောပြမယ်...”
“ဟာ ကိုရွှေခါးကလဲ မဖြစ်မည့် နည်းလမ်းပြောပြလို့ဘာလုပ်ရမှာလဲ...ဖြစ်မြောက်အောင်မြင်မည့် နည်းလမ်းတွေပေးလေဗျာ...”
“ခင်ဗျားကတယ်ညံတာပဲဗျ ..ဒီမှာမဖြစ်မည့်နည်းလမ်းတွေ သိမှ အဲဒါတွေကိုရှောင်ပြီး ဖြစ်မည့်နည်းလမ်းတွေရမှာပေါ့ဗျ”
(မြေလျှောက်ဝိတ်ဇာ ရွှေမြသာ စာအုပ်မှ)
~~~~~~~~~~~@@~~~~~~~~~~~~~~~~~~~~~~~~@@~~~~~~~~~~~~~~~
ကျနော်လဲခင်ဗျားတို့ကိုပိန်အောင်နည်းလမ်းတွေပြောပြပီးပီ။ အခုတော့ ဝအောင်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြမယ်။
ဥာဏ်ရှိသလို သုံးကျပေတော့။
၁။ စားပါ။ ပက်ပက်စက်စက် စားပါ။
ခင်ဗျား ဝလို့လှလို့ ဖြစ်ချင်တယ်ဆို ရင်တော့ ပက်ပက်စက်စက်စားဖို့လိုမယ်နော့။ မနက်မိုးလင်းတာနဲ့ သူတောင်းစား ထမင်းငတ်ပြီး စားသလိုစားပါ။ ခွေးအိုကြီး ထမင်းငတ်နေသလိုစားပါ။မနက်စာကိုနည်းနည်းစားပါ။ ဒါမှ နေ့လည်စာ များများစားနိုင်မည်။ ညစာကိုတော့ပြောစရာမလိုပေ။ တတ်နိုင်ပါက ဝက်သားအဆီကိုဆီများများနှင့်ချက်၍ ထမင်းကြော်နှင့်စားပါ။ ည ကိုးနာရီနောက်ပိုင်း စားနိုင်ပါကပိုကောင်းသည်။ သင်သည် အချိန်တိုအတွင်း ဝက်ပျိုမလေးကဲ့သို့ဖြစ်လာမည်။
၂။ Junk Food (or) Fast Food များများစားပါ။
KFC၊ မက်ဒေါ်နယ် စတဲ့အစားအစာတွေဟာ သင့်ကို အချိန်တို အတွင်းဝိတ်တက်လာစေနိုင်ပါတယ်။ကြက်ကြော်နဲ့ကိုကာကိုလာ ဟာသိပ်ကောင်းသလို အရသာလည်းရှိကာ ဝိတ်လည်းမြန်မြန်တက်ပါတယ်။သင့်မှာနေ့လည်စာအတွက် အချိန်မရှိဘူးဆိုရင် KFC ကဝိတ်တက်ဖို့အကောင်းဆုံးနည်းလမ်းပါ။
၃။ တခါစားရင် ၁၀မိနစ်ပဲစားပါ။
အစားအသောက်တစ်နပ်စားချိန်ကို မိနစ် ၁၀ ကြာအချိန်ပေးပါ။ အစာစားတဲ့အခါ ဖြည်း ဖြည်းချင်း ကြေညက်အောင် ဝါးမစားဘဲ ထမင်းမစားရတာ တစ်ပတ်လောက်ရှိပြီဖြစ်တဲ့ သူတောင်းစားလိုစားပါ။ အဲဒါဆို အများကြီးစားဝင်ပါတယ်။အစားအ သောက်ကို အမြန်စားရင်တော့ ဗိုက်ပြည့် ကြောင်း အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံစားဖြစ်သွားပါတယ်။ဒါကြောင့်သင်ဝလာမှာ အမှန်ပါပဲ။
၎။ “ဟင်းသီးဟင်းရွက် စားပါလား” နိုး နို နိုး မစားရပါ။
အစာတစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက်ကို နည်းနိုင်နည်းအောင်စားပါ။ အားအသောက်ကို များများစားရမှ ကျေနပ်တတ်သူတွေအနေနဲ့ ဟင်းသီးဟင်းရွက် နည်းနည်းနဲ့ အဆီကိုများများစားပါ။အသီးရွက်မစားရင်လည်း ကျန်းမာရေးမကောင်းမှာဖြစ်တဲ့အတွက်နည်းနည်းပဲစားပါ။
၅။ အချိုရည်များများသောက်ပါ။
အချိုရည်သောက်ပါ။ ကိုကာကိုလာ ဟာဝိတ်တက်စေဖို့ အကောင်းဆုံးပါပဲ။ ကယ်လိုရီတွေများများပါတဲ့ အတွက် သင့်ကိုဝလာစေမှာအမှန်ပါ။
၆။ ဘီယာသောက်ပါ။
ဘီယာ၊ အရက်စတဲ့ ယမကာ တွေဟာ လူကိုဝစေနိုင်ပါတယ်။ ဘီယာ သောက်ရင် ဗိုက်ရွှဲမယ်ဆိုတာ လူတိုင်းသိတဲ့အတွက် အထွေအထူးမပြောတော့ပါဘူး။ အရက်သောက်ရင်တော့ အစားသောက်တွေကို များများစားမိစေနိုင်ပါတယ်။ ထို့ပြင် ကယ်လိုရီတွေကြောင့်လည်း ဝိတ်တက်လာနိုင်ပါတယ်။
၇။ သူများပြောတာတွေကို နားမယောင်ပါနဲ့
သူများတွေက ဝရင်မကောင်ဘူး ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောပါလိမ့်မယ်။ နားမယောင်ပါနဲ့။ မြန်မာ စကားမှာ “ ဝလို့ လှလို့ ဆိုတာပဲရှိပါတယ်”။ ပိန်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။
၈။လေ့ကျင့်ခန်း
လုံးဝ မလုပ်ရပါ။ တတ်နိုင်လို့ လမ်းထိပ်သွားစရာ ရှိရင် ဆိုင်ကယ်ရှိ ဆိုင်ကယ်နဲ့သွားပါ။ ကားရှိကားနဲ့သွားပါ။ စက်ဘီးစီးခြင်း လမ်းလျှောက်ခြင်း များအား တတ်နိုင်သရွှေ့လျော့ချပါ။
အကျနုပ်၏ နည်းလမ်းများအားသင့်ယုံကြည်စွာ လိုက်နာပါက သင်သည် လူတကာငေးမောကြည့်ရှုရသော ဝဝကစ်ကစ်လေး အဖြစ်သို့ပြောင်းလဲလာမည် ဖြစ်သည်။ ထို့ပြင် သင်သည် အဆိုတော်လုပ်မည်ဆိုက လတ်တလော နာမည်ကြီးနေသော ဗီဗာဟိန်းကဲသို့ လှုပ်လှုပ်ပြီးကပါက သင်သည် အောင်မြင်သော အဆိုတော် ဖြစ်လာမည်။
ကဲ......စားလိုက်ကြစို့နော်.
ပုံက ဂူးဂဲကပါ။
ကိုထွဋ်
၀၅.၀၇.၂၀၁၁

Subscribe to:
Posts (Atom)