20 January 2011

မ...



စကားလေးတစ်ခွန်ပဲ...နားလည်တယ်..
ဖြည့်ဆည်းပေးမယ်...
မရဲ့စိက်ကြိုက်..ဘဝကိုသာ
ပြင်ဆင်ဖို့...ကြိုစားဆဲ
အားလုံးသိ..နှင့်ပြီးရက်နဲ့
ဘာကြောင့် နှိပ်စက်လိုတယ်
မောင်..မျက်ရည်ကျမှ
မကပျော်နိုင်မှာလား

မ.... အပြစ်မြင်နေတုန်းလား
ရှင်းပြခွင့်ပေးပါ
ဒီလိုမျိုးနေ့လို..
ထပ်ပြီး ကျွှန်တော်ကိုမနှိပ်စက်ပါနဲ့တော့

ကျွန်တော်..မရဲ့အလိုတိုင်းအကျ
ခွင့်လွှတ်ပါတော့ကွာ...
မ..အပြူံးများရှင်သန်ခြင်းအတွက်
တကယ်..အရေးကြီးနေလို့ပါ

ပြောင်းလဲသွားတဲ့..ငါ့ကိုငါ့ အံ့သြမိတယ်
 လွန်ကဲခဲ့ဖူးတဲ့..စိတ်တွေဟာ..
ခံနိုင်ရည်များအတွက်ပဲ
မ....နဲ့ချစ်တဲ့ရလဒ်အတွက်
နောက်ဆုံး..ကြေကွဲရမယ်..
ကြိုပြီးတော့မကို မစွန့်လွှတ်နိုင်ပါတယ်

မ.... အပြစ်မြင်နေတုန်းလား
ရှင်းပြခွင့်ပေးပါ
ဒီလိုမျိုးနေ့လို..
ထပ်ပြီး ကျွန်တော်ကိုမနှိပ်စက်ပါနဲ့တော့

ကျွန်တော်..မရဲ့အလိုတိုင်းအကျ
ခွင့်လွှတ်ပါတော့ကွာ...
မ..အပြူံးများရှင်သန်ခြင်းအတွက်
တကယ်..အရေးကြီးနေလို့ပါ

မ.... အပြစ်မြင်နေတုန်းလား
ရှင်းပြခွင့်ပေးပါ
ဒီလိုမျိုးနေ့လို..
ထပ်ပြီး ကျွန်တော်ကိုမနှိပ်စက်ပါနဲ့တော့

ကျွန်တော်..မရဲ့အလိုတိုင်းအကျ
ခွင့်လွှတ်ပါတော့ကွာ...
မ..အပြူံးများရှင်သန်ခြင်းအတွက်
တကယ်..အရေးကြီးနေလို့ပါ

မကိုလွမ်းလို့ပါ......

လေးစားလျက်..
ကိုထွဋ်
၁၀.၀၁.၂၀၁၁

08 January 2011

နေ့လည်စာ


နေ့လည်စာမှာ

တချို့ကတော့... Buffet စားမယ်
တချို့ကတော့...Set menu စားမယ်
တချို့ကတော့...a la cart စားမယ်
တချို့ကတော့...အသုတ်၊မုံ့ဟင်းခါး စသည်ဖြင့် စားမယ်

တချို့ကတော့...ဟိုတယ်မှာ စားမယ်
တချို့ကတော့...စားသောက်ဆိုင်မှာ စားမယ်
တချို့ကတော့...လမ်းဘေးဆိုင်မှာ စားမယ်
တချို့ကတော့...ထမင်းဘူးလေးဖွင့် စားမယ်

တချို့ကတော့...FOC တောင်းဆို စားမယ်
တချို့ကတော့...ဝယ် စားမယ်
တချို့ကတော့...လု စားမယ်
တချို့ကတော့...တောင်း စားမယ်

ငါကတော့
ခပ်ညံညံ....လမ်းဘေးက
ခေါက်ဆွဲကြော် တစ်ပွဲကို....ဝယ်စားရင်း
ရေတစ်ဘူးနဲ့.......
ကျိတ်မှိတ်မြိုချမိလေသည်။

ကိုထွဋ်
၀၈.၀၁.၂၀၁၁

မှတ်ချက်။  ။ ပေါထားခြင်းဖြစ်သည်။


ကျေးဇူးတင်ပါသည်

31 December 2010

Happy New year 2011

၂၀၁၁ နှစ်သစ်မှာပျော်ရွှင်နိုင်ကျပါစေဗျာ......


ပုံကတော့ google ကပါပဲ။။

ပျော်ရွှင်နိုင်ပါစေ

ကိုထွဋ်
31.12.2010